Friday, May 18, 2007

ပီတိ ၃၁ ဘယ်လိုစ

Blog ဆိုတာကို လွန်ခဲ့တဲ့ ၃နှစ် လောက်ကကြားခဲ့ဘူးတာ။ ကြားပြီး ၁ ပတ်လောက် နေတော့ blogspot.com မှာ မှတ်ပုံတင် ပြီးတော့ ဘာမလဲမလုပ်ဖြစ်။

အဲ့ဒါနဲ့ Blog ကိုဖျက်လိုက်တာ။ Friendster မှာ ခံစားချက်တွေကို blog ရေးဖူး ခဲ့ပါတယ်. ဒါပေမယ့် အင်္ဂလိပ်လို ရေးရတာ သိပ်အားမရ၊ မြန်မာလို ကြတော့ မရိုက်တတ်၊ ကိုယ်တိုင်ကလဲ ပျင်းရမှာတောင် ပျင်းတဲ့ သူ။ ဒီလောက် စာလေး မြန်မာလို ရိုက်တာ ၁ နာရီလောက် ကြာတယ်။ တော်တော် စိတ်ပါနေ လို့ လုပ်ဖြစ်တာ။ ကိုရဲမွန် ကို မြန်မာလို ရိုက်ရတာ မလွယ်ဘူးလို့ ပြောတော့ learning curve ပေါ့လို့ ပြန်ပြောတယ်။ learning curveဆိုတယ့်အကြောင်းနဲ့ ပတ်သက်ပြီး ကိုရဲမွန် နဲ့ ကျွန်တော့် မှာ ဇာတ်လမ်း ရှိတယ်လေ။

ဘာပဲပြောပြော ကျွန်တော့်ရဲ့ ပထမဆုံးသော မြန်မာလို Post အတွက် အားပေးတာ ကျေးဇူး တင်ပါတယ်။

Read More...

Ratings