Monday, June 25, 2007

nest = မဲစ်ထ်

ဟိုတနေ့က Singapore ကိုရောက်ခါစ အသိတယောက်နဲ့စကားပြောရင်း၊ သူရောက်တဲ့နေ့မှာ ဒီကနေရာတခု အသံထွက်တာမှားတဲ့ အတွေ့အကြုံပြောပြပါတယ်။ တကယ်တော့ သူ့အမှားလဲမဟုတ်ပါဘူး၊ Tampines ဆိုတဲ့နေရာကို တမ်းပိုင်းစ် လို့ အသံထွက်တာပါ၊ ဒီမှာက တမ်းပနိစ် လို့အသံထွက်ပါတယ်။
အဲဒါနဲ့ ဆက်စပ်ပြီးတွေးမိတော့ ကျွန်တော့် ငယ်ငယ်က အသံမှတ်တဲ့ အကြောင်းတွေ သတိရမိပါတယ်။ ကျွန်တော် ငယ်ငယ်က တစ်ခုခုကို မှတ်တယ်ဆိုရင် တခြားအရာတစ်ခုခုနဲ့ တွဲပြီး မှတ်လေ့ရှိတယ်။ ဘယ်လိုမှတ်တယ်ဆိုတာကို ဥပမာတွေပြောလိုက်ရင် သဘောပေါက်ပြီး ရီစရာဖြစ်နေရင် မရီရဘူးနော်။
ကျွန်တော် လေးနှစ်လောက်တုန်းက ဖေဖေက အင်္ဂလိပ်စာ သင်ပေးတုန်းကပေါ့၊ ဖေဖေက nest (နက်စ်ထ်)=အသိုက် ကို ရှေ့ကဆိုပြ၊ ကျွန်တော်က နောက်က လိုက်ဆို။ အခါ ၂၀ လောက်ဆိုပြီးတော့ ပြန်မေးပါတယ်။ သားရေ အသိုက်ဘာလဲလို့မေးရင် ကျွန်တော်က nest (နက်စ်ထ်) လို့ပြန်ဖြေလိုက်နဲ့ ဟုတ်နေပါတယ်။ ညနေ မေမေ ကျောင်းက ပြန်ရောက်တော့ ဖေဖေက မေမေ့ကို ကြွားမှာပေါ့ သားငယ် ကိုမေးကြည့် nest ဆိုတာဘာလဲလို့။ မေမေက သားငယ် nest ဆိုတာဘာလဲလို့လဲဆိုရော ကျွန်တော်က အားပါးတရနဲ့ မဲစ်ထ် အသံထွက်လိုက်ရော၊ ဖေဖေ ရော မေမေ ပါ ကြောင်သွားပါတယ်။ ပြီးမှ ဖေဖေကသဘောပေါက်ပြီး ရီပါလေရော။ ရီတာမှတော်တော်ကိုရီတာ။ မေမေက သဘောမပေါက်သေးတော့မှ၊ သားငယ်က နက်(black)တာနဲ့ မဲတာ တွဲမှတ်ထားပြီး ပြန်မေးတော့ရောပြီး ဖြေတာပေါ့ လို့ရှင်းပြပါတယ်။
မရီရဘူးနော်။
:D ဒီလိုအဖြစ်တွေ ရှိသေးတယ်။ ကြုံရင်ရေးပါဦးမယ်။

Read More...

Friday, June 22, 2007

ပီတိ --- myself

တခြား အကြောင်း မပြောခင် ကိုယ့်အကြောင်း ကို နဲနဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရေးချင်တာတွေက ကျွန်တော်နဲ့ ပတ်သက်တာတွေ ဖြစ်နေလို့ပါ။ အဲကလို… ပြောလိုက်တော့ ကိုယ်နဲ့မပတ်သက်တာ ဘယ်သူရေးမှာချင်လို့ မေးစရာဖြစ်လာလိမ့်မယ်။ ဆိုလိုချင်တာက ကျွန်တော်က senior blogger တွေလို အကြောင်းအရာကောင်းကောင်း မရှာတတ်တော့ ကိုယ့်အကြောင်းပဲ ရေးစရာရှိလို့ ကိုယ့်အကြောင်းကို် ရေးချင်တယ်လို့ပြောတာပါ။

ကျွန်တော်တို့မှာ မိသားစု ၅ ယောက်ရှိတယ်။ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ နဲ့ ပီတိ။ ကျွန်တော်ကအငယ်ဆုံးပါ။ အငယ်ဆုံး ဆိုတော့ အဆိုးဆုံး ပေါ့လို့ပြော တဲ့သူတွေ ကြည့်မရခဲ့ဘူး။ ဟုတ်တယ်၊ ကိုယ်လည်း တကယ်မဆိုးဘူး၊ ဆိုးလို့လည်း မရဘူး။ မောင်နှမတွေ အားလုံး တန်းတူပဲ။ အခွင့်အရေးကို အသင့်တော်ဆုံးသူကို ဦးစားပေးတယ်။ ဒီလိုကြီးပြင်းလာတော့ လုပ်သင့်တာကို လုပ်ချင်တာထက် စဉ်းစားလေ့ရှိတယ်။

ဖေဖေရဲ့ အလုပ်က အိမ်နဲ့အဝေးကြီးမှာ ၃-လ နားရက်မရှိလုပ်ပြီး ၁-လ နားရတဲ့ အလုပ်မျိုးဆိုတော့ မိသားစုသိပ်ပြီးနေရလေ့မရှိဘူး။ နောက်ပြီး ကျွန်တော်က ဆယ်တန်းဖြေပြီးတာနဲ့ မိဘနဲ့ ဇာတိမြို့လေးကိုစွန့်ခွါပြီး ရန်ကုန်ကို ရောက်ခဲ့တယ်။ ဒီလို ချစ်တဲ့သူတွေနဲ့ခွဲခွါပြီး ကြီးပြင်းလာရတော့ ဘာကိုမှ သိပ်မလွမ်းတတ်တော့ဘူး။

ကျွန်တော်နေခဲ့တဲ့ ဇာတိမြို့လေးက ဘာသာရေးထုံးတမ်းစဉ်လာတွေနဲ့ ပြည့်နေတော့ က လေးဘ၀တုန်းကတည်းက မြန်မာ့ယဉ်ကျေးမှုနဲ့ နီးစပ်ခဲ့တယ်။ နောက်ပြီး ကလေးဘ၀ကို လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ကံကောင်းတယ်လို့ ပြောလို့ရသလို၊ အချိန်တွေအများကြီး ဖြုန်းခဲ့တယ်လို့ ခံစားရတယ်။ အမှန်တိုင်းပြောရရင် ကိုယ့်ရဲ့ကလေး ဘ၀ကို ကျေနပ်တယ်။

(စာရေးဖြစ်အောင်အားပေးတဲ့ ဂျစ်တူးပန်ဒိုရာ နဲ့ ကိုမင်းတို့ကို ကျေးဇူးတင်ပါတယ်။)

Read More...

Sunday, June 17, 2007

ကိုရဲမွန် နဲ့ ကျွန်တော် ရဲ့ learning curve အကြောင်း

ကိုရဲမွန် နဲ့ Learning curve အကြောင်း ရေးမယ်လို့စိတ်ကူးနေတာကြာပြီ။ အလုပ် နဲ့ ကျောင်းက စာမေးပွဲနဲ့ ရှုပ်နေ တာရယ်၊ ပျင်း နေတာရယ် ကြောင့် မရေးဖြစ်ခဲ့။

ဒါပေမယ့် သူများတွေရေးတဲ့ blog တွေမှာဖတ်ရင်း ပျော် မွေ့နေတတ်လာပြီး တရက် တခါ blog မဖတ်ရရင် မနေနိုင် ဖြစ်လာခဲ့တယ်။ ဖတ်နေကြ ဂျစ်တူး ရဲ့ blog မှာ comment ရေး လိုက်မိတာက ဂျစ်တူး ကျွန်တော့် ရဲ့ blog ကိုသိ ပြီး Learning curve အကြောင်း မေး တာနဲ့ ရေးဖြစ်သွားတာ။

တကယ်က ဇာတ်လမ်းတော့ မသန်းပါပဲ။ ဟီးဟီး၊ ဘာမှမဟုတ်ဘူး။ ကိုရဲမွန်က ngoinmyanmar.org website လုပ်ချင်တယ်လို့ ကျွန်တော့် ပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က website create လုပ်တာနဲ့ ပတ်သက်လို့ နဲနဲသိထား တော့ သူ့ကို ပြောပြ၊ နဲနဲကူညီပြီးလုပ်ပေးခဲ့တယ်။ ဒါပေမယ့် သေသေချာချာ လုပ်မပေးနိုင်ခဲ့ဘူး။ ကိုရဲမွန်က သူလုပ်ရင်း မသိတာတွေမေးရင်း၊ ကြိုးစားပြီး CMS ကိုကျွမ်းကျင်လုပ်ရင်း ညီးပါတယ် CMS က components တွေ module တွေ mambot တွေ နဲ့ ရှုပ်နေတာပဲလို့။ ကျွန်တော်က learning curve ပေါ့လို့ ပြန်ပြောတော့ “if someone mention learning curve . . . it means . . . min-nge-bar-thay-de” … :D

အဲဒါကြောင့် ကျွန်တော်မြန်မာလိုရိုက်ရတာ မလွယ်ဘူးလို့ ပြောတော့ သူက learning curve ပေါ့လို့ ပြန်ပြောတာလေ။ သဘောကတော့ မင်းငယ်ပါသေးတယ် ပေါ့။

ဟဲဟဲ အတုံ့အလှဲ့ပေါ့၊ Hiking ကလူတွေက ပိုပြီးချစ်ဖို့ကောင်းတယ် အတုံ့အလှဲ့ ပြောတဲ့နေရာမှာ။

Read More...

About Learning Curve

ကိုမင်း လို့ ကျွန်တော်ခေါ်တဲ့ ကိုရဲမွန် နဲ့ Learning curve အကြောင်း ရေးမယ်လို့စိတ်ကူးနေတာကြာပြီ။ အလုပ် နဲ့ ကျောင်းက စာမေးပွဲနဲ့ ရှုပ်နေ တာရယ်၊ ပျင်း နေတာရယ် ကြောင့် မရေးဖြစ်ခဲ့။

ဒါပေမယ့် သူများတွေရေးတဲ့ blog တွေမှာဖတ်ရင်း ပျော် မွေ့နေတတ်လာပြီး တရက် တခါ blog မဖတ်ရရင် မနေနိုင် ဖြစ်လာခဲ့တယ်။ ဖတ်နေကြ ဂျစ်တူး ရဲ့ blog မှာ comment ရေး လိုက်မိတာက ဂျစ်တူး ကျွန်တော့် ရဲ့ blog ကိုသိ ပြီး Learning curve အကြောင်း မေး တာနဲ့ ရေးဖြစ်သွားတာ။

တကယ်က ဇာတ်လမ်းတော့ မသန်းပါပဲ။ ဟီးဟီး၊ ဘာမှမဟုတ်ဘူး။ ကိုရဲမွန်က ngoinmyanmar.org website လုပ်ချင်တယ်လို့ ကျွန်တော့် ပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က website create လုပ်တာနဲ့ ပတ်သက်လို့ နဲနဲသိထား တော့ သူ့ကို ပြောပြ၊ နဲနဲကူညီပြီးလုပ်ပေးခဲ့တယ်။ ဒါပေမယ့် သေသေချာချာ လုပ်မပေးနိုင်ခဲ့ဘူး။ ကိုရဲမွန်က သူလုပ်ရင်း မသိတာတွေမေးရင်း၊ ကြိုးစားပြီး CMS ကိုကျွမ်းကျင်အောင်လုပ်ရင်း ငြီးပါတယ် CMS က components တွေ module တွေ mambot တွေ နဲ့ ရှုပ်နေတာပဲလို့။ ကျွန်တော်က learning curve ပေါ့လို့ ပြန်ပြောတော့ သူက “if someone mention learning curve . . . it means . . . min-nge-bar-thay-de” … :D

အဲဒါကြောင့် ကျွန်တော်မြန်မာလိုရိုက်ရတာ မလွယ်ဘူးလို့ ပြောတော့ သူက learning curve ပေါ့လို့ ပြန်ပြောတာလေ။ သဘောကတော့ မင်းငယ်ပါသေးတယ် ပေါ့။

ဟဲဟဲ အတုံ့အလှဲ့ပေါ့၊ Hiking ကလူတွေက ပိုပြီးချစ်ဖို့ကောင်းတယ် အတုံ့အလှဲ့ ပြောတဲ့နေရာမှာ။

Read More...

Ratings