ကိုမင်း လို့ ကျွန်တော်ခေါ်တဲ့ ကိုရဲမွန် နဲ့ Learning curve အကြောင်း ရေးမယ်လို့စိတ်ကူးနေတာကြာပြီ။ အလုပ် နဲ့ ကျောင်းက စာမေးပွဲနဲ့ ရှုပ်နေ တာရယ်၊ ပျင်း နေတာရယ် ကြောင့် မရေးဖြစ်ခဲ့။
ဒါပေမယ့် သူများတွေရေးတဲ့ blog တွေမှာဖတ်ရင်း ပျော် မွေ့နေတတ်လာပြီး တရက် တခါ blog မဖတ်ရရင် မနေနိုင် ဖြစ်လာခဲ့တယ်။ ဖတ်နေကြ ဂျစ်တူး ရဲ့ blog မှာ comment ရေး လိုက်မိတာက ဂျစ်တူး ကျွန်တော့် ရဲ့ blog ကိုသိ ပြီး Learning curve အကြောင်း မေး တာနဲ့ ရေးဖြစ်သွားတာ။
တကယ်က ဇာတ်လမ်းတော့ မသန်းပါပဲ။ ဟီးဟီး၊ ဘာမှမဟုတ်ဘူး။ ကိုရဲမွန်က ngoinmyanmar.org website လုပ်ချင်တယ်လို့ ကျွန်တော့် ပြောလာပါတယ်။ အဲဒါနဲ့ ကျွန်တော်က website create လုပ်တာနဲ့ ပတ်သက်လို့ နဲနဲသိထား တော့ သူ့ကို ပြောပြ၊ နဲနဲကူညီပြီးလုပ်ပေးခဲ့တယ်။ ဒါပေမယ့် သေသေချာချာ လုပ်မပေးနိုင်ခဲ့ဘူး။ ကိုရဲမွန်က သူလုပ်ရင်း မသိတာတွေမေးရင်း၊ ကြိုးစားပြီး CMS ကိုကျွမ်းကျင်အောင်လုပ်ရင်း ငြီးပါတယ် CMS က components တွေ module တွေ mambot တွေ နဲ့ ရှုပ်နေတာပဲလို့။ ကျွန်တော်က learning curve ပေါ့လို့ ပြန်ပြောတော့ သူက “if someone mention learning curve . . . it means . . . min-nge-bar-thay-de” … :D
အဲဒါကြောင့် ကျွန်တော်မြန်မာလိုရိုက်ရတာ မလွယ်ဘူးလို့ ပြောတော့ သူက learning curve ပေါ့လို့ ပြန်ပြောတာလေ။ သဘောကတော့ မင်းငယ်ပါသေးတယ် ပေါ့။
7 comments:
အော်.. learning curve ဆိုတာ ဒါကိုးး)
ဟုတ်ပ ဂျစ်တူးရယ်။ ဒီလိုဘဲ တယောက်နဲ့ တယောက် စကြတာ လေ။ ကိုမင်းက ပီတိထက် အသက်ကြီး ပေမယ့် ရွယ်တူသူငယ်ချင်းလိုပဲ။
ဂျစ်တူးလိုရေးနိုင်အောင်ကြိုးစားတုန်း :D
မင်္ဂလာပါ.. YU Hiking က တချို့လူတွေနဲ့တော့ ခင်တယ်..ကြာပါပြီလေ။
ဘာပဲဖြစ်ဖြစ် အားပေးပါတယ်။ စာများများရေးပါနော်။
မင်္ဂလာပါ ပန်ဒိုရာ။ ခုလို အားပေးကျေးဇူးတင်ပါတယ် ။ ငယ်ငယ်က စာစီစာကုံးရေးရမှာ ပျင်းသလောက်၊ blog ရေးရမှာ တော်တော်စိတ်ပါနေတယ်။
ကျွန်တော်ကိုလည်း ပန်ဒိုရာ ခင်တဲ့ YU Hiking လူတွေလို သဘောထားနိုင်ပါတယ်။
ကိုပီတိကြီး.. ဂျစ်တူးလို ရေးနိုင်အောင် ကြိုးစားတယ်ဆိုပြီး ဒီပို့စ်က မတက်သေးပါလား ။ တခေါက်ထပ်လာလည်သွားတယ် ဗျို့ ။ ပျော့ထည်အင်ပျင်နီယာအကြောင်းလေး လုပ်ပါဦးး)
ဟုတ်ပ learning curve က တော်တော် steep ဖြစ်တာ။ CMS, HTML, CSS, ဆိုတာတွေ ဘာမှ မသိတဲ့ လူကို ၀က် အက်ဒမင် လုပ်ခိုင်းတယ်။ မသိလို့မေးလည်း ချက်ချင်းအကြောင်းမပြန်။ ပြန်တော့လည်း မိမိဘာသာ ရှာဖတ်ပါရန်တဲ့။ ရေမကူးတတ်တဲ့လူ ကို ပင်လယ်ထဲ ကန်ချလိုက်သလိုပါပဲ။ ဒါပေမယ့်လေ ဘုန်းတော်ကြောင့် မဏိမေခလာ ကယ်သွားလေရဲ့။ မဏိမေခလာ အကြောင်းကို တော့ ကျွန်ုပ်၏ ဘလော့တွင် ဆက်လက်ဖတ်ရှုပါရန်။
ကိုမင်း ရေကူးတတ်တယ်ဆိုတာ သိနေတယ်လေ။ ရေမကူးတတ်ရင်တောင် ကိုမင်းမှာ မေခလာ ၅၀၀ ရှိတယ် ဟုတ်… ဟီး
Post a Comment