Tuesday, July 24, 2007

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက်

Post အသစ်တင်ဖို့ ရေးဖို့ကို မရောက်နိုင်ဘူး။ ဒီတပတ် စနေနေ့မှာ အတန်းမရှိလို့ ရေးဖို့အချိန်ရမယ် ထင်ခဲ့တာ။ မစီစဉ်ထားတဲ့ အစီအစဉ်တွေနဲ့ အလုပ်ရှုပ်လိုက်တာ အင်္ကျီတောင် မီးပူတိုက်ချိန်မရှိလိုက်ပါဘူး။ ဒီလိုနဲ့ တနင်္လာနေ့ နံနက်မှာ ၀ရုန်းသုန်ကား၊ ကမန်းကတန်း တကယ့်ကို ဖုတ်ပူမီးတိုက် မီးပူတိုက်၊ ရေချိုး၊ အ၀တ်စားဝတ် (ဒီအဆင့်က မပါလို့မရပါ) ကာ အပြေးထွက်လာခဲ့တာ၊ ရုံးကို မည်သို့မည်ပုံရောက် လာသည်ကိုပင်မသိ လိုက်ပါ။

ဘာတွေလုပ်လို့ ဒီလောက်တောင်ရှုပ်နေတာလဲဆိုတော့၊ ကောင်မလေးတွေက စနေနေ့မှာ အတန်းမရှိတာကို အခွင့်ကောင်းယူပြီး ချိန်းလိုက်ကြတာ၊ အချိန်တွေမတိုက်ရလေ အောင် MS Project ကိုသုံးပြီး စီစဉ်ကာ အချိန်းအချက်များကို လက်ခံ လိုက်ရပါလေတော့သည်။
အဟမ်း …. ပီတိတို့ ဒီလောက်မစွန်ပါဘူးဗျာ… အထင်ကြီးမလားလို့ပြောကြည့်တာ… :D

စနေနေ့က အပြင်ထွက်တဲ့ခရီးကို K-Box (karaoke) မှစတင်လိုက်ပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေက ပီတိကို လွမ်းလှချည်ရဲ့ ပီတိမှမပါရင် သူတို့ဘာသာသွားပြီး သီချင်းဆိုပါမည်လို့ တောင်းတောင်းပန်ပန် ပြောလာတာနဲ့၊ အားအားနာနာ နဲ့လိုက်ခဲ့ရပါတယ်။ သီချင်းပေါင်း များစွာ အော်ဟစ်ပြီးနောက် မောမောနဲ့ နေ့လည်စာစား၊ စားပြီးလို့ အားပြန်ပြည့်တာနဲ့ ပြန်အော်တာ ဆိုင်က၀န်ထမ်းတွေတောင် ခိုးနားထောင်ချင်လို့ထင်ပါရဲ့ အချိန်မပြည့်ခင် နာရီဝက်လောက် လိုသေးတာကို ၀င်လာပြီး bill တဲ့။ အဲဒီအချိန် ကျွန်တော်ဆိုနေတာက မြန်မာနိုင်ငံက ထွဏ်းထွဏ်းရဲ့ 25 Minutes ဆိုတဲ့သီချင်းကို့ MLTR က ကော်ပီပြန်ဆိုတဲ့သီချင်းပေါ့။ ကျွန်တော်ဆိုတာကို ခံစားရတယ်ထင်တယ် waitress လေးက ၀မ်းနည်းနေတဲ့ပုံလေးနဲ့ ရှုံ့မဲ့မဲ့လေး ဖြစ်နေရဲ့။ သူငယ်ချင်းတွေက တရုတ်တွေဆိုတော့ တရုတ်သီချင်းတွေ များများဆိုတာပေါ့။ နောက်ပိုင်း ရွေးစရာမရှိတော့ ၀ိုင်ဝိုင်း ရဲ့ လမင်းနဲ့ပင်လယ်၊ သမင်လည်ပြန် စတဲ့သီချင်းတွေရဲ့ သံစဉ်ကို တရုတ်စာသား ထည့်ဆိုထားတဲ့သီချင်းတွေကို ဆိုကြလေရဲ့။ ကျေနပ်စွာ ဟစ်ကြွေးပြီးနောက် အပြင်လည်းရောက်ရော နောက် appointment တခုအတွက် အချိန်မှီသွားဖို့ လက်ကိုင်ဖုန်းက အချက်ပေးပါလေရော။ အဲဒါနဲ့ ကမန်းကတန်း ၁၅မိနစ်ကြာလောက်ပဲ နှုတ်ဆက်စကားပြောပြီး ထွက်လာပါတယ်။

နောက်တွေ့ဖို့ ချိန်းထားတာကတော့ ပီတိရဲ့ အမတစ်ယောက်နဲ့ပါ။ သူက ပီတိကိုတွေ့တော့ နာရီကိုကြည့်ပြီး စောရောက်လာလို့တောင် အပြစ်တင်နေလေရဲ့။ အဲဒီ အမက သူရဲ့ အရင်က လုပ်ဖော်ကိုင်ဖက် တယောက်နဲ့ ပီတိကို စောင့်နေပါတယ်။ တကယ်တော့ ပီတိက သူတို့ရဲ့ ဂိုက်လုပ်ရမှာလေ။ နေ့လည်စာစားပြီးပြီလားဆိုတော့၊ အမက နင့်ကိုစောင့်နေတာတဲ့…ဟီး.. အမရဲ့ မိတ်ဆွေက မြန်မာအစားအစာ ကြိုက်တဲ့ ဂျပန်လူမျိုးဆိုတော့၊ လည်ဝယ်ဝယ်နဲ့ ထုံးစံအတိုင်း အစားအစာကောင်းပြီး ဈေးသက်သာတဲ့ အင်းလေး (ရိတ်ရိတ်ကြီး) ကို သွားဖို့ အကြံပေးလိုက်တယ်။ (အဲဒီအချိန်မှာ ဂျစ်တူးလည်း အင်းလေးမှာ ရှိရင်ရှိနေမှာ၊ သိရင်အော်လိုက်တာပေါ့ ဂျစ်တူးရာ…)

အေးအေးဆေးဆေးလည်း ထိုင်ပြီးရော အမက မိတ်ဆက်ပေးပါတယ်။ ကျွန်တော်က hajimemashite ဆိုတော့ သူက တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြန်ပြောရော… ဟီး… အဲဒီကစပြီး စကားအတည်တွေပြောလိုက်တာ ၃ယောက်သား တဟားဟားနဲ့၊ တော်သေးတာပေါ့ ဆိုင်က ကျယ်တော့ ဘေးကလူတွေကို သိပ်ပြီးအနှောက်အယှက် မဖြစ်လို့။ ဘယ်သွားမလည်းဆိုတော့ no Sentosa, no shopping တဲ့။ ပီတိတို့က ကြိုက်တာပေါ့။ ဒါနဲ့ သွားဖို့ချိန်နေတာကြာပြီ မရောက်ဖြစ်သေးတဲ့ Asian Civilisations Museum ကိုခေါ်သွားတာပေါ့။ National Museum က ပီတိရောက်ဖူးတယ်လေ။ ဟဲဟဲ.. ဒီလိုပိုင်တာနော်။ ဟိုလည်းရောက်ရော ၀င်ကြေးက တယောက်ကို ၈ ဒေါ်လာ၊ ၃ယောက် family package ဆိုရင် ဒေါ်လာ၂၀ တဲ့။ ဟိုလူပေးမယ် ဒီလူပေးမယ်နဲ့၊ ပီတိမပေးလိုက်ရပါဘူး။
(အတည်ပြောတာ စိတ်ဝင်စားရင်၊ မရောက်ဘူးသေးရင် သွားကြည့်သင့်တဲ့နေရာတခုပါ။ ပီတိက စင်ကာပူမှာ နေတာကြာပြီ ဖြစ်ပေမယ့်၊ ပထမဆုံးအကြိမ်ရောက်တာပါ။ ရေဖို့အဆင်ပြေရင် Museumတွေနဲ့ ပတ်သက် post ရေးဖို့ရှိပါတယ်။ နောက်မှ ရေးတဲ့သူရှိရင် ပီတိအရင်စိတ်ကူးထားတာနော်… :P )

(ရှမ်းပြည်မှ အလှူပြုလုပ်နေပုံ ရှေးဟောင်း ပန်းချီကား)

နောက်ပြီး မောမောနဲ့ One Fullerton မှာရှိတဲ့ StarBucks မှာကော်ဖီသောက်။ ဒီတခါလည်း စိတ်မကောင်းစွာနဲ့ ပီတိပိုက်ဆံရှင်းခွင့် မရလိုက်ပါဘူး။ Marina Bay မှာ စင်ကာပူ အမျိုးသားနေ့အတွက် အစမ်းလေ့ကျင့်နေတာ ရပ်ငေး ကြည့်ပြီး Thai Express မှာ ညစာစားပါတယ်။ ယိုးဒယားစာကို စားချင်ရင် golden mile မှာပဲသွားစားပါလို့ အကြံပေးပါတယ်။ စားပြီးတော့ ရှင်းမယ်လည်းလုပ်ရော အမက ပီတိကို မရှင်းရဘူးလို့ပြောထားတော့ ပေးဟန်တောင်မဆောင်လိုက်ရဘူး… :D
အမျိုးသားနေ့အတွက် အစမ်းလေ့ကျင့်နေပုံ အဝေးမှမြင်ရစဉ်

ဒီလိုနဲ့ အိမ်ရောက်တော့ ၁၀နာရီကျော်နေပြီ လေ။ စနေနေ့ကုန်တာ မြန်လိုက်တာ…

တနင်္ဂနွေနေ့ အကြောင်း နောက်မှရေးတော့မယ်… :)

အပေါ်က K-box ဓာတ်ပုံထဲမှာ ပီတိမပါ ပါ.. ပြူးကြည့်လဲ တွေ့ရမည်မဟုတ်ပါ..ကင်မရာကိုင်ထားတာ ပီတိလေ.. :P

8 comments:

Ye-Mon said...

အဒူလေးတုန်းကွ။ ဘကြီးက မျက်စိမှုန်နေလို့လား မသိဘူး။ ၀ါးနေတယ်။

PeTi said...

ဘကြီးက မျက်စိမှုန်လို့မဟုတ်ပါဘူး။ ကျွန်တော်ဝါးထားလို့ ၀ါးနေတာပါ.. :D

ဂျစ်တူး - gyit_tu said...

ဟားဟား ဖတ်ပြီးရီနေတယ်ဗျို့ ။ ကိုပီတိက ကိုရဲမွန်နဲ့ သူငယ်ချင်းကောင်းကြီးတွေလို့ မပြောရဘူး ။ ၂ယောက်လုံး ကိုက်ပ ။

ဂျစ်တောင် အဲဒီအပတ်က အင်းလေးကို ရောက်သေး ။ အစားအသောက်ကတော့ အရင်ကမကောင်းတာ.. ခုကျ ပိုဆိုးလာတယ် ။ စားမိတာတောင် မှားပါတယ် ။ အဲဒီအင်းလေးဘေးက food court မှာ ထိုင်းစာမဆိုးဘူး ။ နောက်တခါ အဲဒီပဲ သွားစား ။

ကိုပီတိတို့က နေ့လည်စာကိုး ။ ဂျစ်က ညမင်းသမီးလေ အဟဲ ။

ဂျစ်တူး - gyit_tu said...

ဒါနဲ့ asian civilisation museum များ ၈ဒေါ်လာ ပေးဝင်တယ်တဲ့ ။ လေးစားပါတယ် ။ ဂျစ်တူးကတော့ အဲဒီကို အလကားရတဲ့လက်မှတ်တွေနဲ့ ၂ခေါက်လောက်ရောက်ဖူးတယ် ။ သမိုင်းစိတ်ဝင်စားလွန်းလို့ ထင်ပ.. ဘာမှတောင် အမှတ်မရှိတော့ဘူး ။

ဒါနဲ့ ကိုပီတိ ပိုက်ဆံအိတ်က ဘောင်းဘီမှာ သံမှိုနဲ့ ရိုက်ထားတယ် ထင်ပ အဟားဟား ။

demO kittO said...
This comment has been removed by the author.
demO kittO said...
This comment has been removed by the author.
demO kittO said...

ဦးကြီးပီတိရေ..

ရယ်နေရပါတယ်ဗျို့.. နောက်တစ်ခါ k-box သွားလို့ 25 minutes သီချင်းသံကြားရင် ဦးကြီးပီတိ များလားလို့ တွေးမိတော့မှာပဲ.. ဟိဟိ..

appointment တခုအတွက် အချိန်မှီသွားဖို့ လက်ကိုင်ဖုန်းက အချက်ပေးပါလေရော။ << အဲဒီ့လောက်ကြီးတောင် busy တာနော်.. အင်းလေ..ဇရာကရပြီဆိုတော့.. reminder ပေးထားရတယ်ထင်ပါ့.. ဟိဟိ..

အင်းလေး (ရိတ်ရိတ်ကြီး) တော့မပြောနဲ့.. အရင်က sevice charge မတောင်းတုန်းကတောင် service က တော်သေးတယ်.. ခုနောက်ပိုင်း service charge 10% တောင်းမှပဲ..တော်တော်ကောင်းတာ..(စိတ်ပျက်ဖို့)..

မဂျစ်ပြောသလို.. ဦးကြီးပီတိ ပိုက်ဆံအိတ်က ဘောင်းဘီနဲ့ ကပ်နေတယ်ထင်ပါ့.. =)
It is nice to read bro, နောက်ထားတာ.. စိတ်ဆိုးရဘူး..

demo

P.S - Sorry,I paste the wrong message for 2 times.. =D

PeTi said...

ဒီမိုရေ… အဲဒီသီချင်းဆိုတိုင်း ပီတိမဟုတ်ဘူးနော်… heart ထိအောင်ဆိုနိုင်မ ပီတိအစစ် နော်… :P
ဟဲဟဲ alarm အဲလိုလုပ်ထားမှ ကြောင်းပြပြီးနှုတ်ဆက် လူခွဲလို့ရမှာပေါ့။
အင်းလေးကတော့ အပြင်အဆင်လေးကြောင့် ဧည့်သည်ခေါ်သွားလို့ကောင်းလို့သာ… အစာအသောက်ကတော့ ဂျစ်တူးပြောသလို မကောင်းတာကနေ ပိုညံ့လာတယ်။
ပိုက်ဆံအိတ်က ကပ်နေတာ မဟုတ်ပါဘူးကွယ်…နှိုက်ကတဲက ပိုက်ဆံအိတ်မရှိတဲ့ ဘက်ကိုနှိုက်တာပါ။ ရောင်ပြီးထွက်လာမှာစိုးလို့လေ… :D

Ratings