အချစ်မှာ အကြောင်းပြချက် မရှိ
ဟုတ်တယ်
ငါမင်းကိုချစ်မိ ဘာကြောင့်လဲ မသိ။
မချစ်တာလည်း အကြောင်းပြချက် မရှိ
မင်းကပြောတယ်
`ငါ မင်းကိုမချစ်၊ ဘာကြောင့်လဲ မသိ´။
ခုလည်း ကြည့်
ဘာကြောင့်လဲ မသိ လွမ်းနေမိ တယ်။
Wednesday, July 18, 2007
ဘာကြောင့် ?
Posted by
P.Ti
at
Wednesday, July 18, 2007
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
5 comments:
အလဲ့.. ကိုပီတိကြီး ကဗျာတောင် စပ်လာပါပြီလား ။ အရေးသွက်လာပြီဗျို့ ။ ဆက်လုပ် ရဲဘော်း)
ကဗျာက ခံစားချက်ကြောင့်ရေးဖြစ်တာပါ။ ဟိုခြစ်ဒီခြစ်ပေါ့… စိတ်ချရဲဘော် ဆက်လုပ်ဦးမှာ…း)
သိပ်ကောင်းတဲ့ အကြောင်းပြချက်ပဲ။ ဘာကြောင့်မှန်းမသိ ချစ်မိတယ်လို့ ပြောထားတော့ ဖြတ်ချင်တဲ့ အခါ ဘာကြောင့်မှန်းမသိ မချစ်တော့ဘူးလို့ပြောလိုက်ရုံပေါ့။
အမျိုးသမီးများ သတိ
အဟား ကိုရဲမွန် ထောက်ပြမှ သိတယ်တော့ ။
ကိုပီတိရေ... ရည်စူးထားတဲ့ ကောင်မလေးကို ကိုရဲမွန်ကွန်မန့် ယောင်လို့တောင် မပြမိစေနဲ့နော် ။ ဇာတ်လမ်းကမစခင် သိမ်းသွားနိုင်တယ် အဟား ။
ဒီလိုတော့ မဟုတ်ပါဘူး… (ဟုတ်တယ်လို့ပြောလို့မှ မရတာ ;) )
ကိုမင်းက.. စနိတ် စနိတ် ချင်း ဆိုတော့.. see the legs ဖြစ်နေတာဟုတ်တယ် မဟုတ်လား။
ဟုတ်ပ ဂျစ်တူးရယ်… သူမသိအောင် ဒီ comment ကို ဖျက်ထားမှပဲ.. :P
Post a Comment