Sunday, July 15, 2007

Blog အရေခွံလဲခြင်း

မနေ့က စနေနေ့ ကျောင်းရှိတာနဲ့ စောစောထသွားရပါတယ်။ စောစောလို့သာပြောရတယ် ကျောင်းရောက်တော့ break ပေးခါနီးနေပြီ။ ကျောင်းကပြန်လာတော့ ခဏဆို လှဲလိုက်တာ အိပ်ပျော်သွားပါလေရော။ နေ့လည်အိပ်ကျင့် မရှိပေမယ့် အိပ်ရေးပျက်တာများနေတော့ အိပ်ပျော်သွားတာထင်ပါတယ်။ ကျွန်တော်က နေ့လည်အိပ်လိုက်ရင် ညဆို အိပ်မပျော်တတ်ဖြစ်တတ်တယ်။ ညစာစားပြီး အလုပ်နည်းနည်းလုပ်။ နေ့စဉ်လုပ်နေကျ Blog တကာလည်ပတ်ရော …အင်း…သူများ Blog တွေ လှလှပပ သပ်သပ်ရပ်ရပ်နဲ့၊ ကိုယ့် blog ကြည့်လိုက်တော့၊ မဖြစ်သေးပါဘူးဆိုပြီး font တွေပြင်မယ်လုပ်၊ လုပ်ရင်းနဲ့ Template ပါပြောင်းလိုက်ရင် ကောင်းမယ် အတွေးက၀င်လာပါတယ်။
အဲဒါနဲ့ ရှိပြီးသား template တစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီက ယူထားတဲ့ ဓာတ်ပုံ နဲ့ ပေါင်းစပ်ပြီး ပြင်လိုက်ပါတယ်။ ဓာတ်ပုံတွေက Thailand က ကမ်းခြေတစ်ခုမှာ ရိုက်ထားတာပါ။

ဂျစ်တူးရဲ့ မွေးနေ့ နဲ့မှာ template ပြောင်းလိုက်တော့ အမှတ်တရ ဖြစ်သွားတာပေါ့။ :D
ကိုမင်း… post အသစ်တင်လိုက်ပြီနော်…counter ကို reset လုပ်ပေးပါ… :P

3 comments:

ဂျစ်တူး - gyit_tu said...

ဟုတ်ပ ဟုတ်ပ အမှတ်တရပေါ့ ။

ကိုပီတိက ကျောင်းသားတဖြစ်လဲကိုး.. ဒါကြောင့်ဘလောဂ့်က ပျောက်၂နေတာ ။

ကမ်းခြေလေးက လှလိုက်တာဗျို့ ။

Ye-Mon said...

ဒါကလည်း ပို့စ်အသစ်မတင်ချင်သူများရဲ့ ညစ်နည်းတစ်မျိုးပေပဲ။ ဘာပဲ ဖြစ်ဖြစ် ကြည့်ရတာ မျက်စိအေးပါတယ်။ မောင်ရင့် ထိုင်းကမ်းခြေက တစ်ခုခု လိုနေသလားလို့။ :D မြန်မာပြည်က ရှုခင်းပုံ လှလှ လိုချင်ရင် ကိုယ်တိုင်ရိုက်ထားတာတွေ ပေးမယ်လေ။ ဗစ်တိုးရီးယားက ဓါတ်ပုံလေးရော မတွေ့တော့ပါလား။ အဲဒီပုံ မိုက်တယ်။

PeTi said...

ဟုတ်တယ် ဂျစ်တူးရေ… နေ့အလုပ်သမား ညကျောင်းသား ဖြစ်နေတာလေ…
ကိုမင်းက beach ဆိုရင် ဟိုဟာ ဒီဟာ မြင်ရမယ် ထင်နေလို့ဖြစ်မှာ… ပါတယ်လေ.. blog မှာလူအရမ်း စီမှာ စိုးလို့ crop လုပ်ထားဒါ… :P

Ratings