Blog သိကြားမင်း သဖွယ် ကိုမင်းရဲ့ ကြိမ်းမောင်းသံကြောင့် post အသစ်တင်ရပါတော့မယ်။ ရေးစရာစဉ်းစားတော့ nest = မဲစ်ထ် ကိုဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Hiking နဲ့ပတ်သက်တာရေးဖို့စိတ်ကူးပါသေးတယ်။ ဒါပေမယ့် ရေးစရာတွေ များနေတော့ အချိန်မရသေးလို့ ဒီ post ရေးတာပါ။ ဂျစ်တူးလို ပီပီ ပြင်ပြင် အနားယူတာ မဟုတ်၊ ပန်ဒိုရာလို ဆားချက်ခြင်းလဲမမည်၊ ကိုမင်းလိုပျားဖွပ်မှု မလုပ်၊ Petition တစ်ခုအတွက်လက်မှတ်လိုက်စုနေသည်မှ Transformers ကြည့်သောအလုပ်များဖြင့် ရှုပ် နေလို့ post အသစ် မရေးနိုင်ခြင်း ဖြစ်ပါသည်။ Blog ကိုအလယ် လာရောက်သော မိတ်ဆွေများကို လည်း အားနာပါတယ်။ အားနာနာနဲ့ပဲ ထပ်လာပါဦးလို့ ဖိတ်ခေါ်ပါတယ်။
ပီတိရဲ့ မှတ်သားလောက်တဲ့ မှတ်သားနည်း ကို ပြောချင်လို့ပါ။
နွေရာသီကျောင်းပိတ်ရက်ရောက်လျှင် ကျွန်တော်တို့ မိသားစုအားလုံး ဟာ ကျွန်တော့်ဖခင် အလုပ်လုပ်ရာ ဒေသကို အလည်အပတ်သွားလေ့ရှိပါတယ်။ အင်မတန်ပူပြင်းခြောက်သွေ့သော နေရာဖြစ်ပေမယ့် အေးမြတဲ့ မိသားစု အရိပ်ကြောင့် သွားတဲ့အခါတိုင်း ပျော်ရွှင်ခဲ့ပါတယ်။
ကျွန်တော့်အသက် ၁၂ နှစ် လောက်က အလည်ရောက်တုန်းနဲ့ အလှူတစ်ခုနဲ့ ကြုံ ကြိုက်ပါတယ်။ ကျွန်တော့်အဖေ့ ထုံးစံတိုင်း ၃-၄ ရက်အလိုက အလှူကို သွားမယ်နေ့မှာ စောစောထ ဖို့ ကြိုပြောထားပါတယ်။ သွားရမယ့် အလှူက ၂ နာရီလောက် ကားမောင်းပြီးသွားရမယ့် လယ်ကိုင်း ဆိုတဲ့ရွာဖြစ်ပါတယ်။
မသွားခင် တရက်မှာ ဖေဖေက ထပ်ပြီး စောစောအိပ်၊ စောစောထဖို့ သတိပေးပါတယ်။ အထူးသဖြင့် နှိုးရတာ ခက်တဲ့ ကျွန်တော့်ကို ပြောပါတယ်၊ ပြီးတော့ဆက် မေးတယ် `သားငယ် မနက်ကြဘယ်ကိုသွားမှာလဲ` တဲ့။ ကျွန်တော်ဖြေတဲ့ အဖြေကြောင့် အားလုံးက `ဘာ` ဆိုပြီး ခဏကြောင်သွားကြပြီး ရီလိုက်ကြတာ။
ကျွန်တော်ဖြေလိုက်တာက `ယာကွေးကို သွားမှာလေ`တဲ့။ ဟီးဟီး
နားမလည်သေးရင် … ကျွန်တော်မှတ်ထားတာကဒီိလိုလေ (လယ်=ယာ၊ ကိုင်း=ကွေး)
ကျွန်တော်တို့မိသားစုဆုံတိုင်း၊ ရှေးဟောင်နှောင်းဖြစ်တွေပြောတိုင်း အမြဲပါတဲ့ အကြောင်းတခုပေါ့။
Tuesday, July 3, 2007
Peti’s way of memorizing
Posted by
P.Ti
at
Tuesday, July 03, 2007
Labels: ပီတိအကြောင်း
Subscribe to:
Post Comments (Atom)
5 comments:
ကိုပီတိရဲ့ မှတ်သားနည်းကတော့ တမျိုးပဲ ။ ကိုယ်မှတ်ချင်တဲ့ဟာပါတဲ့ စကားလုံးကို လိုက်ရှာနေရတာ ပိုမရှုပ်ဘူးလားး) အဟဲ နည်း၂လျှာရှည်ပြီး ၀င်ပြောကြည့်တာ ။
ရှည်လို့ရပါတယ် ဂျစ်တူး ရယ်။ ကျွန်တော်က အဲဒီလို တမင်မှတ်တာတော့ မဟုတ်ဘူးဗျ။ ကိုယ်ကိုလည်းပြန်ဆန်းစစ်ဖူးတယ် ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆိုတာကို။ ကျွန်တော်ထင်တာကတော့ နာမည်တခုခု ကြားလိုက်တာနဲ့ စိတ်ထဲမှာ ပုံဖော်တတ်တဲ့ အကျင့်ဖြစ်လိမ့်မယ်။
ဥပမာ - ဂျစ်တူးကို ဆို ဆူပုပ်ပုပ် ရှုတည်တည် ပေပေကပ်ကပ် ပုံစံ နဲ့ ကောင်မလေး ကိုမြင်နေပါတယ်။
တော်သေးတာပေါ့။ ဂ ငယ်နဲ့ မကွေးလို့။ :p
ဟားဟား ကိုရဲမွန်ပြောသလို ဂငယ်နဲ့သာဆို.. မတွေးရဲ ။
ကိုပီတိ.. ဂျစ်တူးဆိုတာနဲ့ အဲလို အော်တိုမက်တစ် တွေးတာကိုး ။ အဟဲ တကယ်လည်း အပြင်မှာ မျက်နှာ မှုန်ကုပ်၂ပဲ ။
ပီတိက လယ်ကိုင်း ကျောင်းတော်ရာဘက်ကို နှစ်စဉ်ရောက်သကိုး။ ၀က်မြစ်ဥလား….ကျနော်တို့ကတော့ ၀က်မြေဥလို့ ခေါ်တယ်။ စားလို့ကောင်းပေမယ့် အပေါ်က အမွှေးအမျှင်တွေကို ရှင်းရတာတော့ တော်တော်အလုပ်ရှုပ်တယ်။
Post a Comment