သာမန် စာရေးသားပြီး အင်တာနက် web site ပေါ်မှာ ဖော်ပြခြင်းကို blog (web log) လို့ခေါ်တာကို ရှင်းပြစရာ မလိုတော့ပါဘူး။
အခု နောက်ပိုင်းမှာ ခေတ်စားလာတာကတော့ video blog၊ အတိုအားဖြင့် vlog လို့ခေါ်တဲ့ ကိုယ် ပြောချင်သော၊ ရေးချင်သော အကြောင်းအရာများကို video နဲ့မှတ်တမ်းတင်ပြီး ပြတာ ဖြစ်ပါတယ်။ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ် မှတ်တမ်းတင်ပြီး စကားပြောလေးတွေ ထည့်ပြီးပြတော့ မျက်စိထဲမှာ ရှင်ရှင်းလင်းလင်းမြင်ရတာပေါ့။
Vlog လုပ်ဖို့ရာ သိပ်မခက်သလို သိပ်တော့လည်း မလွယ်လှပါဘူး။ အကြောင်းအရာ တော်တော်များများကို video နဲ့ မှတ်တမ်းတင်ဖို့ရာ မလွယ်သလို၊ ပြောချင်တာကို video ရိုက်မယ်ဆိုရင်လည်း ရိုက်ဖို့ပြင်ရဆင်ရ နောက်ပြီး editing လုပ်ရနဲ့ဆိုတော့လည်း မလွယ်ပါဘူး။
Vlog ကိုတော့ စကားများများပြောချင်ပြီး စာရေးရတာ ပျင်းသူများအတွက် တော့ အဆင်ပြေမယ်ထင်ပါတယ်။ နောက်ပြီးတော့ စာနဲ့ရှင်းပြဖို့ခက်တဲ့ အကြောင်းအရာတွေကို လွယ်လွယ်ကူကူ ပြပြီး ပြောလို့ရတယ်။
BlogSpot (blogger.com) မှာလည် ပို့စ်ရေးနေရင် video ကို တင်လို့ရသလို YouTube ၊ Google စတဲ့ video hosting တွေမှာလည်း တွေမှာတင်ပြီး မှ ကိုယ့်ရဲ့ blog မှာ ပြလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ video hosting site တွေရဲ့ စည်းကမ်းချက်တွေကို ဖတ်ပြီးမှ တင်နိုင်ရင်တော့ ကောင်းပါတယ်။ ပိုင်ဆိုင်မှု အငြင်းပွားဖွယ် ရှိလို့ဖြစ်ပါတယ်။
Vlog တွေထဲမှာဆိုရင်တော့ http://stevegarfield.blogs.com/videoblog/ ၊ http://www.hugeinasia.com/၊ http://japantechtoys.blogspot.com/ ၊ http://www.lifeonterra.com/ ၊ http://mnstories.com/ တွေက popular ဖြစ်ပါတယ်။ အခြားသော နာမည်ကြီး Vlog တွေရှိပါတယ်။ ကျွန်တော်ကတော့ လက်လှမ်းမီသသောက် ဖော်ပြပေးတာပါ။
နောက် မြန်မာ vlogger တယောက်ကို မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ အငြင်းပွားဖွယ်ရှိနိုင်သော (:P) ပထမဆုံးသော မြန်မာ vlogger ပါ ။ သူ့ရဲ့ ဆံပင်ညှပ်တဲ့ အကြောင်းကို ပြောပြထားပါတယ်။ သူ့ရဲ့ vlog ကို ဒီမှာ သွားကြည့်လို့ရပါတယ်။
အောက်မှာရှိတဲ့ video ကတော့ Singapore ရဲ့ Sentosa Resort Island က Asia တိုက်မကြီးရဲ့ တောင်ဘက်ဆုံး (Southernmost Point of Continental Asia) ဆိုတဲ့ နေရာလေးကနေ ရိုက်ထားတဲ့ ရှုခင်းပုံဖြစ်ပါတယ်။ ပင်လယ်ကူးသင်္ဘောတွေ အများကြီးတွေ့ရတဲ့ ပင်လယ်ပြင်၊ Singapore’s Happiest Family Beach လို့ကြော်ငြာထားတဲ့ Palawan Beach ဖြစ်ပါတယ်။
Sunday, November 11, 2007
ဗွီလော့
Posted by
P.Ti
at
Sunday, November 11, 2007
Labels: မျှဝေခံစားခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment