နှုတ်ဆက်လမင်း ကြိုလင့်ရောင်နီ
မျှော်လင့်ခဲ့ရ ဆန်းစ ကတည်းက
ညလပြည့်ကို ရောက်ခဲ့ပြီ။
ညနုစမှာ လေပြေအေးနဲ့
လရောင်ဖွေးကို စောင့်နေမိတယ်။
ဟော အချိန်တန် ပြည့်ဝန်းလလေး
ထိန်ထိန်သာပြီ
မျှော်ရကျိုးတော့ နပ်ပြီပေါ့။
မထင်မှတ်ပဲ တိမ်မိုးညိုတို့
လိမ့်ကာတက်လာ
မျှော်လင့်လရောင် ကွယ်တော့မှာလား။
လှည့်ထွက်မယ်ကြံ မပြတ်သောစိတ်
ဆွဲကာထားတော့ ဆက်ပြီးမျှော်မိ
တိမ်စင်ချိန်ကို။
ချိန်ကြာမျှော်ကာ စောင့်ပါသော်လည်း
တိမ်ညိုတွေက မပြတ်ဖုံးကာ
ရှိနေပြန်တယ်။
ကိုယ်တိုင်ခုန်ကာ ကွယ်နေတိမ်ပုပ်
ဆွဲဖယ်ရှင်းလိုက်ချင်လည်း
မစွမ်းကိုယ့်မှာ ငေးနေမိတယ်။
အချိန်လင့်လာ လုပ်ရန်ဆောင်တာ ထမ်းဖို့တွေးဆ
ထွက်လာခဲ့ပြီ လမင်းလေးရေ….
စိတ်မပျက် ပါ ရှေ့ဆက်ကာလျှောက်
ရောင်နီဦးကို ရောက်တော့မယ်။သူငယ်ချင်း SWK ၏ ဓာတ်ပုံကို ယူသုံးထားပါသည်။
Tuesday, January 22, 2008
Bye Silver Moon... Hi Golden Dawn...
Posted by
P.Ti
at
Tuesday, January 22, 2008
Labels: ကဗျာ, ပီတိအကြောင်း
Subscribe to:
Post Comments (Atom)
3 comments:
ကိုယ်တိုင်ခုန်ကာ ကွယ်နေတိမ်ပုပ်
ဆွဲဖယ်ရှင်းလိုက်ချင်လည်း
မစွမ်းကိုယ့်မှာ ငေးနေမိတယ်။
အချိန်လင့်လာ လုပ်ရန်ဆောင်တာ ထမ်းဖို့တွေးဆ
ထွက်လာခဲ့ပြီ လမင်းလေးရေ….
စိတ်မပျက် ပါ ရှေ့ဆက်ကာလျှောက်
ရောင်နီဦးကို ရောက်တော့မယ်။
ရောင်နီဦးလေးသန်းနေပြီဗျ....
ရွှေပြည်တော်ကြီးလည်းနီးနေပြီ...။
ပြန်ကြစို့ ....
reali very sceneric pix!
although i cant really understand or feel for the poem..
just want to encourage to keep on writing..
also..i read ur blog written in english!
not sure if u are still nursing ur wound..but ..if u have let go,,,and start afresh..i wish u best of luck!
there are still so many trees and flowers out there..dun u tink?:P
ပြည့်စုံရေ… ရွှေပြည်တော် မျှော်တိုင်းဝေးနေရတဲ့ အချိန်တွေတိုပြီး ရောင်နီဦးလေးသန်းပြီး
ရွှေပြည်တော်ကြီးလည်းနီးနေဖို့ ကြိုးစားကြဖို့ အချိန်ပေါ့…
Dilobear.... firstly thanks for your visit… secondly thanks for your encouragement… I will move on and start afresh… Yeah… I agree with you, there will have more beautiful flowers out there… ;)
Post a Comment