Thursday, January 31, 2008

ရေးချင်ပါသော်လည်း…

ငယ်ငယ်က ကြည့်ခဲရသော အငြိမ့်မှ လူရွှင်တော်တွေ ပျက်သော ပျက်လုံး တခုကို သတိရမိပါသည်။ လူရွှင်တော် တယောက်က ဇာတ်မင်းသားလို ၀တ်ထားပြီး ပါးစပ်မှနေပြီး သီချင်းဆိုဟန်ပြုကာ `မိဘပြည်သူများအတွက် သီချင်းဆိုချင်ပါသော်လည်း ကျန်းမာရေးက မကောင်း… ´ ၊ နောက်တခါ လက်များ ခြေများ မြှောက်က ကဟန်ပြုပြီး
`မိဘပြည်သူများအတွက် ကပြချင်ပါသော်လည်းပဲ ကျန်းမာရေးက မကောင်း… ´။ သူလုပ်တာ နှစ်ခါ သုံးခါ လုပ်ပြီး ကျန်လူရွှင်တော်များက ပြောကာ `မင်းမှာလည်း ကျန်းမာရေးက မကောင်းဖြစ်နေတာပဲ… ကမနေနဲ့တော့…´ ၀ိုင်းရိုက် လိုက်ပါသည်။

အခု ကျွန်တော် စာရေးချင်ပါသော်လည်းပဲ ကျန်းမာရေးက မကောင်း ဖြစ်နေပါသည်။ အားလုံးက ၀ိုင်းပြီး မရိုက်လောက်ဘူးထင်ပါတယ်။ လူကတော့ ကျန်းမာပါတယ်၊ စိတ်က စာရေးချင်စိတ် သိပ်ပြီး မရှိဖြစ်နေလို့ပါ။ ကျွန်တော်က စိတ်ပျော်နေမှ စာရေးချင်စိတ်ရှိပြီး ရေးလည်း ရေးလို့ ကောင်းလို့ပါ။

စားရေးဖို့တိုက်တွန်းကြသော သူငယ်ချင်း မိတ်ဆွေ အပေါင်းကို အားနာပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

2 comments:

SuN said...

"ကျွန်တော် စာရေးချင်ပါသော်လည်းပဲ ကျန်းမာရေးက မကောင်း ..ကျန်းမာရေးက ကောင်းပြန်သော်လည်း လိုအင် ဆန္ဒက မပြည့်.. လိုအင်ဆန္ဒက ပြည့်ပြန်သော်လည်း ကျန်းမာရေးက မကောင်း.."

ဒီလိုနဲ့ ပဲ မုန့် လုံးစက္ကူကပ် နေပါရောလား ဘပီ

PeTi said...

SuN ရေ… သိရဲ့သားနဲ့ အဲလိုမပြောလေ… မလုပ်ချင်ရင် ဆင်ခြေလေးတွေနဲ့ :P

Ratings