Saturday, February 2, 2008

အမှိုက်ပုံး ကမ္ဘာကြီး ?

မြန်မာပြည်က ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ထိန်သိမ်းကြဖို့ တိုက်တွန်းထားတဲ့ ပညာပေးလက်ကမ်းစာရွက်လေးပါ။ ကမ္ဘာကြီးဟာ တနေ့တခြား အမှိုက်ပုံးနဲ့တူလာတယ် ဆိုလာတာလေးကို သတိထားပြီး ဆင်ခြင်ဖို့ရာ ပြောထားပါတယ်။




အောက်မှာကတော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြောင့် လှပနေတဲ့ တောရိုင်းပန်းကလေးတွေ ပါ...





















ကျွန်တော်တို့ ပလတ်စတစ် အမှိုက်နဲ့ အခြားဘေးဖြစ်စေတဲ့ အမှိုက်တွေကို မဆင်မခြင် စွန့်ပစ်နေမယ်ဆိုရင် ဒီလိုလှပတဲ့ သဘာဝတရားတွေ များမကြာခင်နှစ်များမှာ ပျောက်ကွယ်တော့မှာပါ။

တယောက်ချင်း လုပ်မှ အောင်မြင်မှာ ဖြစ်လို့ ပတ်ဝန်ကျင်ကို ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းဖို့ ထပ်ဆင့်ပြီး နှိုးဆော်ပါရစေ။

7 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ကောင်းလိုက်တဲ့ ပညာပေးစာစောင်လေး။ ပုံလေးတွေနဲ့ဆိုတော့ ဖတ်ရလွယ်သလို မှတ်ရလည်း လွယ်တယ်။ စီစဉ်တဲ့သူတွေရော ဆွဲတဲ့သူကိုပါ ချီးကျူးလေးစားပါတယ်။ ကျေးဇူးးလည်း တင်မိပါတယ်။ နောက်လည်း ဒါမျိုးလေးတွေ တင်ပေးပါဦး။

Htoo Myat said...

ကောင်းလိုက်တဲ့ ကာတွန်းလေးဗျာ... သဘာဝ အလှအပတွေနဲ့ တွဲပြလိုက်တော့ တကယ် ထိမ်းသိမ်းချင်စိတ်တွေ တိုးလာတယ်။ ကျေးဇူးပါ။

PeTi said...

ကျေးဇူးတင်ပါတယ် ရွှေဂျမ်း။ အဆင်ပြေသလို ဆက်ပြီး တင်ပေးပါမယ်။

ထူးမြတ်ရေ… အခုလို စိတ်ဖြစ်လာတယ်ဆိုလို့ သိရတာ ၀မ်းသာပါတယ်…

ကျွန်တော်က အားလုံးကို ကျေးဇူးတင်ရမှာပါ။

dilobear said...

inn.u r so right!
everyone has to play a part in keeping our environment clean and green!

...thanks for the pix!
reali very photographic!
ah hem..since u r such a gd photographer, can i request u 2 help me tak pix on my grad day :P

FOC?hee..

ဂျစ်တူး - gyit_tu said...

ပုံလေးတွေရိုက်ထားတာ ကောင်းတယ် ။ ကာတွန်းလေးရောပဲ ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ထမင်းတောင် နပ်မှန်အောင်မစားနိုင်ကြသေးတော့ ၊ ဒီကိစ္စကို ပညာပေးလည်း လုပ်နိုင်ကြမယ် မထင်ဘူး ။

Ye-Mon said...

ဓါတ်ပုံတွေက နုလှချေလား ကပီတိရဲ့။

ပီတိ said...

Dilobear ရေ… ကျွန်တော်က လူပုံတွေ သိပ်မရိုက်တတ်ဘူး… တော်ကြာ မလှရင် အပြစ်ဖြစ်တတ်တယ်လေ.. ဟီး

ဂျစ်တူးရေ… တတ်နိုင်သလောက် လုပ်ကြတဲ့လူတွေရှိပါတယ်။ ထိန်းသိမ်းနိုင်သလောက်လုပ်တော့ နဲနဲသက်သာတာပေါ့။

အဟဲ.. ကိုမင်း.. နုဆို ဓာတ်ပုံတွေကိုရိုက်တဲ့လူရဲ့ နှလုံးသားကြောင့်ဖြစ်မှပေါ့…

Ratings