Monday, February 11, 2008

စာမရေးဖြစ်တဲ့ အကြောင်းများ…

ကျွန်တော်တို့ဆီမှာ တရုတ်နှစ်သစ်ကူးဖြစ်လို့ ရုံး ၄ရက်ဆက်တိုက်၊ ကြာသာပတေးနေ့မှ တနင်္ဂနွေနေ့အထိ ပိတ်ပါတယ်။ ရုံးရက်ရှည်ပိတ်တော့ လုပ်ချင်တာတွေကများပါတယ်။

ပထမတော့ အပြင်သွားရတာများလို့ အိမ်မှနေပြီး စာအုပ်ဖတ် စာရေးမယ်လို့ စိတ်ကူးခဲ့တာပေါ့။ ဆက်မရေးဖြစ်တာကြာပြီဖြစ်တဲ့ ၄/၉၆ ကို ဆက်ရေးမယ်၊ နောက်ပြီး စာအုပ်အဟောင်းလေးတွေ ဇိမ်နဲ့ အိပ်ယာထဲမှာ ဖတ်မယ်၊ နောက်ပြီး ဖိတ်ထားသော အလှုများကို သွားစားမယ် စတဲ့ အစီအစဉ်လေးတွေရှိတယ်လေ။


ဗုဒ္ဓဟူးနေ့ ရုံးကပြန်လာ၊ စာအုပ်ဆိုင်ကိုဝင်ပြီး စာအုပ်ရွေးပါတယ်။ ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ဦးနု ရဲ့ ငရဲဆိုတာချိုနဲ့လား၊ နောက်ပြီး မဖတ်ဖူးသေးတဲ့ သိန်ဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား စာအုပ်တွေ့တော့ ငှားလာခဲ့ပါတယ်။ အိမ်ရောက်ရင် ကွန်ပျူတာမဖွင့်ပဲ စာအုပ်ဖတ်တော့မယ်စိတ်ကူးနဲ့ပေါ့။ အိမ်အပြန် သူငယ်ချင်းက ညစာစားဖို့ဖိတ်ပါတယ်။ ညစာစားပြီးတော့ ဖဲရိုက်မယ်ဆိုပြီး ရိုက်လိုက်တာ မနက် ရနာရီထိုးမှပဲထပြီး ပြန်လာတော့မယ်။

ဘယ်စာအုပ်ကိုမှ့ မဖတ်လိုက်ရသေးဘူး။

အိမ်ပြန်ရောက်ပြီး အိပ်တုန်း ၁၀း၃၀လောက်ကျတော့ အတူနေသူငယ်ချင်းက လာနိုးပြီး အိမ်တက်ဖိတ်ထားသော သူငယ်ချင်းအိမ်ကိုချီတက် ဒန်ပေါက်စား။ ပြန်လာတော့ အဆီရစ်ပြီး ပြန်အိပ်။ နိုးလာတော့မှ ငှားလာသောစာအုပ်တွေ ကိုစဖတ်ဖြစ်ပါတော့တယ်။

သောကြာနေ့မှာတော့ အိမ်မှာပဲ နားနားနေနေ နေရင် အခန်းကိုရှင်းလင်းရေးလုပ်၊ နောက်ပြီး အိပ်ယာပေါ်မှာ ဇိမ်ရှိရှိ စာအုပ်တွေကို ဖတ်နိုင်ပါတော့တယ်။ အခုလို အေးအေးဆေးဆေး စာမဖတ်ဖြစ်တာ အတော်တောင်ကြာခဲ့ပြီပဲ။

စနေနေ့မှာတော့ အတော်ပွဲဆက်များပါတယ်။ မနက်နိုးလာတော့ ၉း၃၀ ရှိနေပြီး။ ရေချိုးပြီး အိမ်နားက ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းအလှုလုပ်မယ့် သူငယ်ချင်းဆီသွားပါတယ်။ ဘုန်းကြီးကျောင်းကိုရောက်တော့ အလှုရှင်တွေက မရောက်သေးပေ။ ဘုန်းကြီးရဲ့ စကားစမြည်ပြောလို့ တော်တော်ကြာတော့လည်း အလှုရှင်ကရောက်မလာသေး။ နောက်ထပ် စားဖို့ရာ ကြာဇံချက်ကလည်း စောင့်နေလေတော့ အလှုရှင်ရောက်ရောက်ချင်း၊ အလှုငွေကိုပေးပြီး၊ သွားစရာရှိလို့ တောင်းပန် ထွက်လာခဲ့ပါတယ်။

ကြာဇံချက် စားပြီး စကားပြော နေ့ခင်း ၂နာရီ လောက်ဆိုပြန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ငယ်သူငယ်ချင်းတွေ ဆုံတဲ့နေရာကို ၄နာရီရောက်မယ်လို့ ပြောခဲ့မိတယ်။ ကြဇံချက်က အလွန်ကောင်း၊ စကားပြောရတာလည်း ကောင်းလိုက်တာ ၄နာရီနဲ့လည်း မပြီး၊ သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်၊ စကားကလည်းမပြတ်၊ လဖက်ကလည်း ၂ ပွဲ၊ ၃ ပွဲ ကုန်ပြီးသော်လည်း ဆက်ပြီးလည်း ပြောနေချင်သေးတယ်။ နောက်ဆုံးတော့ ၄း၄၅ လောက်မှ စကားအတင်းဖြတ်ပြီး တက္ကစီ စီးပြီး နောက်တနေရာသွားရတာပေါ့။

စောင့်နေတဲ့သူငယ်ချင်းတွေကတော့ ကောင်းချီးပေးပါတယ်။ တစုံတယောက်က မကြိုက်တာ အဲဒါတွေကြောင့်နေမှာတဲ့။ ဘာမှလည်း မဆိုင်ဘူး။

မြက်ခင်းပြင်ပေါ်မှာ ကလေးဘ၀တုန်းက ကစားသလို ဘောလုံးကန်၊ နောက်ပြီး ရှိတဲ့လူ နှစ်ဘက်ခွဲ၊ ပုံးတွေစီ၊ ဘောလုံးနဲ့ပေါက်တဲ့ အဖွဲ့ကပေါက်၊ ပြေးတဲ့ အဖွဲ့ကပြေး နဲ့ တော်တော်လွတ်လွတ်လပ်လပ် ကစားခဲ့တယ်။ (ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ မောနင်း လို့ ခေါ်တဲ့ ကစားနည်းပါ။ တနေရာနဲ့ တနေရာ အခေါ်တူမယ် မထင်ပါဘူး။) စိတ်လက် ပေါ့ပါးပြီး ကလေးဘ၀ကို ပြန်ရောက်သွားသလိုပဲ။ ပြန်မရတော့တာကတော့ ငယ်ရွယ်နုပျိုခြင်းပဲ။ ၆ ပွဲလောက် ကစားပြီး အားလုံး ဟောဟဲဆိုက်ပြီး ဆက်မကစားနိုင်တော့ပဲ နားလိုက်ရပါတယ်။

တနင်္ဂနွေနေ့ မှာလည်း ပွဲဆက်တွေများဦးမှာဖြစ်လို့ စနေနေ့မှာ စောစောပဲ အနားယူဖြစ်ခဲ့တယ်။

တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ပြီးစ သူငယ်ချင်း ဇနီးမောင်နှံက တိုပါးရိုးဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်မှာဖြစ်လို့ စောစောထပြီး အချိုပွဲအတွက် မုန့်များကို ပန်နီဇူလာပလာဇာ မှာသွားယူပေးပါတယ်။

ဘုန်းကြီးကျောင်းရောက်တော့ ပြင်ဆင်စရာရှိတာတွေ ကူလုပ်ပြီး နောက်ကိုကြည့်လိုက်တော့ အခြားတဖွဲ့က အလှုလုပ်နေတာကိုတွေ့ရပါတယ်။ ကျွေးနေတာကိုကြည့်လိုက်တော့ ရှမ်းခေါက်ဆွဲ အရည်။ မစားရတာကြာတော့ စားချင်တဲ့ စိတ်ဖြစ်လာပါတယ်။

အနားမှာ ရှိတဲ့သူငယ်ချင်းကို လက်တို့ပြီး `ဟိုမှာ ရှမ်းခေါက်ဆွဲကျွေးနေတယ်။ စားချင်လိုက်တာ…´ လို့ပြောလိုက်တော့…..
အနားမှာ ရှိတဲ့ လူတယောက်ကကြားသွားပြီး `စားချင်ရင် လာ… ဘာမှ အားမနာနဲ့… ဟေ့… ဒီမှာ ရှမ်းခေါက်ဆွဲစားချင်လို့တဲ့..´လို့ အော်ပြောလိုက်ပါတယ်။
အလှုကိုဝိုင်းလုပ်နေကြတဲ့ ရှမ်းအသင်းကလူတွေက ကြားပြီး အားလုံးဖော်ဖော်ရွေရွေနဲ့ ၀ိုင်းပြီးခေါ်ကြပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကလည်း ရှက်ရှက်နဲ့ ရှမ်းခေါက်ဆွဲစား ၀င်ထိုင်ပြီး…. အားပါးတရစားခဲ့ပါတယ်။

စားလို့တော်တော်ကောင်းတဲ့ ရှမ်းခေါက်ဆွဲပါ။ သူတို့ပြောတာကတော့ ကျိုင်းတုံဘက်က ချက်တဲ့ ပုံစံမျိုးပါတဲ့။ ကျွန်တော်တခါမှ မစားဖူးသေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်ပံပွင့်၊ တို့ဖူး၊ ၀က်သား နဲ့ ချက်ထားတဲ့ ခေါက်ဆွဲပါ။ နောက်ပြီး ၀က်ခေါက်ကြော်ကိုလည်း ကျွေးပါသေးတယ်။ ရှမ်းခေါက်ဆွဲကကောင်း၊ ဧည့်ခံတဲ့ ရှမ်းမလေးတွေကလည်းချော… အဟဲ… တော်တော် စားလို့ ကောင်းခဲ့ပါတယ်။ ပုံကိုသာကြည့်ပါတော့ ဘယ်လောက် စားလို့ကောင်းလောက်တယ်ဆိုတာကိုတော့။


ညနေကျတော့ ကြေးအိုးစားဖို့ဖိတ်ထားတဲ့ မိတ်ဆွေအိမ်ကိုသွားပါတယ်။ ကြေးအိုးကောင်းကောင်းမစားရတာကြာပြီး ဖြစ်လို့ တော်တော်ပဲ စားလို့ မြိန်ခဲ့ပါတယ်။ ဗိုက်ဆာနေလို့ ဓာတ်ပုံ ရိုက်ဖို သတိမရခင် ကြေးအိုးက ကုန်သွားခဲ့ပါတယ်။

နောက်လုပ်စားဖြစ်ရင် ဖိတ်မယ်လို့ပြောတော့ နောက်တခါမှပဲ ဓာတ်ပုံကြိုးစားရိုက်ရမယ်။

ကျွန်တော်ကတော့ ဒီရက်အတွင်း အစားတွေပဲ လိုက်စားနေရတော့ နဲနဲ ၀ိတ်တက်လာတယ်။ အဖြစ်ဘူးပြန်လျော့မှပဲ။

အဲဒီလိုနဲ့ ၄ ရက်သော အားလပ်ရက် ဘာစာမှ မရေးဖြစ်ပဲ ကုန်ဆုံးသွားတယ်ဆိုတာကို စာရေးပြီး ပြောလိုက်ပါတယ်။

နောက်တခါ ဒီလိုပိတ်ရက်ရဖို့ တနှစ်စောင့်ရပါဦးမယ်။ အားလုံး ရွှင်လန်းချမ်မြေ့ပါစေ။

12 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

လက်စသတ်တော့ စားသောက်ပြီး ဇိမ်ယူနေတာကိုး။ ဓါတ်ပုံတွေနဲ့လည်း ကြွားထားလိုက်သေး။ မနာလိုပါဘူးဗျို့။

SuN said...

ဟင် .. မနာလိုစရာကြီး

ပုံရိပ် / Pon Yate said...

ဟင်...ပွဲဆက်တွေက များလိုက်တာ။ မနာလို စရာ။

dilobear said...

aww..
CNY mha..ah sar dway ah myar gyi pop naw! keke..
kg ei..kg ei..kg par ei :)

ပီတိ said...

မနာလို မဖြစ်ကြပါနဲ့… ဒါတောင် နှစ်ခုတိုက်လို့ မသွားလိုက်ရတဲ့ အလှူတွေရှိသေးတယ်။ မပြောပဲထား ထားတာ။ ဟီး…

Dilobear ကလည်း စင်ကာပူက မဟုတ်လား၊ ရုံပိတ်ရက်မှာ ဘာတွေလုပ်နေလဲ…

dilobear said...

hee.
hoat!

dilobear from sg:

been out, among the crowds,
mingling in temples and sentosa flower show!

ek,but i think ko/ma peti's days are better spent than mine!

next time if u have the chance for good food,must call me naw..hehee..

me ga ah sarr pote! :P ek*

dilobear said...

hee.
hoat!

dilobear from sg:

been out, among the crowds,
mingling in temples and sentosa flower show!

ek,but i think ko/ma peti's days are better spent than mine!

next time if u have the chance for good food,must call me naw..hehee..

me ga ah sarr pote! :P ek*

SuN said...
This comment has been removed by the author.
SuN said...

ko/ma peti <-- HahahhaHahahaHahahah

ဘုန်းကညာ လုံးရာကပြားပါ ပကော့လား..

ပီတိ said...

dilobear:
Yeah... it would be very great to go Sentosa Flower Show... I think I will go there to enjoy it during coming weekend.
I will let you know when I get chance to have good food... :P
I think you also know how to make delicious food, right? I am good at tasting food.. :P

အဟဲ.. ဟုတ်ပ SuN ရေ… မဖြစ်ဘူး ပြောထားမှပဲ…
Dilobear ရေ… ကျွန်တော်က ယောင်္ကျား စင်စစ် ဖြစ်ပါသောကြောင့် နာမည်ရှေ့မှာ `ကို´ တတ်ခေါ်လို့လည်း ရပါတယ်။ မခေါ်လည်း ဖြစ်ပါတယ်။ ဟို… `မ´ တော့ တတ်ခေါ်လို့ မရပါဘူးနော်… :P

Ko Boyz said...

ဟုတ်တယ်။ ဆရာသမား ပြတဲ့ ဒီမုန့်တီဟုတ်ပါပဲ။ လာစားဖြစ်တယ်ပေါ့။

P.Ti said...

လာစားတယ်ဆို သူငယ်ချင်း မင်္ဂလာဆောင်နဲ့ ကြုံတာနဲ့ ၀င်စားလိုက်တာ... ကျွန်တော်ကိုက ရှမ်းအစားအစာမြင်ရင် မနေနိုင်ဘူးလေ။ တနေ့ကတင် လွိုင်နိုင်းက တို့ဖူးနွေးကို သွားစားဖြစ်သေးတယ်လေ...

Ratings