Thursday, February 14, 2008

`……… နေ့´


အချစ်တွေမြူးကြွပြီး ပျော်ကြတဲ့နေ့
အပြစ်တွေမမြင် အချစ်တွေဝင်တဲ့နေ့
လက်ဆောင်တွေပေး အချစ်တွေဝေတဲ့နေ့
ဘေးကအပျော်တွေ ကူးစက်ခံရတဲ့နေ့
ချောကလက် နဲ့ နှင်းဆီနီတွေ လွှမ်းခြုံတဲ့နေ့
အဝေးက ချစ်သူကို ပိုပြီး လွမ်းဆွတ်တဲ့နေ့
မချစ်တတ်သူတွေတောင် အားကျလာတဲ့နေ့
စားသောက်ဆိုင်တွေ စုံတွဲခုံစီပြီး ရောင်းတဲ့နေ့
ပန်းရောင်းသူတွေ ပျော်ရွှင်တဲ့နေ့
ဘယ် St. Valentine ကို သတိရမှန်းမသိတဲ့နေ့

ဘာတဲ့ ချစ်သူများနေ့ တဲ့…

ပြီးတော့….ငါ့ရဲ့ ပြက္ခဒိန်မှာ ပျောက်နေတဲ့နေ့…

5 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ပြက္ခဒိန်ထဲမှာ ဒီနေ့ ပျောက်နေတဲ့လူ ဘယ်နှယောက်လောက် ရှိလဲ သိချင်တယ်။

dilobear said...

hmm..

wat a way to post for this day!
i think there must be many at the "window"..its just that you might be choosing for the RIGHT one hoat?

hmm..nevertheless,even without a loved one to celebrate with u, i m sure u can do it with lots of frens..if not there is still we, the blogger frens hoat?

wish u happiness pa peti yae

SuN said...

hahaha.. ပြောချင်တာကို ဘပီက ပြောလိုက်တယ်.. ကောင်းတယ်.. ကျေးဇူး

ဂျစ်တူး - gyit_tu said...

အလဲ့ ဘပီ နဲ့ စု တို့က အတိုင်အဖောက်ညီနေကြတာ ။ အောင်မလေး .. ပြက္ခဒိန်ထဲ တခါမှမထည့်ဖူးသူတွေလည်း ရှိပါတယ်ဟဲ့း)

ပီတိ said...

ရွှေဂျမ်းရေ… သိလိုက်ရတာကတော့ လူတော်တော်များများ ရှိပါတယ်…

Thanks dilobear… I am normally an easy going guy… I am juz feeling a bit down during these days. I will be ok… Thanks again for your support.

စုရေ… ခံစားချက်တူသွားတယ်ထင်တယ်။ :)

ဂျစ်တူးရဲ့ ပြက္ခဒိန်ထဲမှာလည်း ရှိသေးဘူးပေါ့... ဟုတ်လား။ :D

Ratings