အချစ်အကြောင်းပြောတာ ဘယ်သူစလိုက်သလဲတော့ မသိဘူး။ အချစ်အကြောင်းတွေ လာလာပြောကြတော့ လေးဖြူလို `နဲနဲလျော့ပါဦး ခင်ဗျားတို့ အချစ်အကြောင်း…´ လို့ပြောရမလိုဖြစ်နေပြီ။
အဲသလိုပြောလိုက်တော့ သူငယ်ချင်းတွေက ကျွန်တော့်ကို ၀ိုင်းပြောပါလိမ့်မယ်။
အဟဲ ကျွန်တော် အချစ်အကြောင်းမပြောတာ ၁ ပတ်တောင် မပြည့်သေးဘူးလေ…
ပထမတော့ ဂျစ်တူးက ဒီမှာ အားလုံးဖွင့်ဆိုတဲ့ အချစ်စစ် ဆိုပြီး စုတင်ထားပေးပါတယ်။
နောက်ပြီး သတင်းစာထဲက အချစ်စစ် အချစ်မှန်အကြောင်း ဆိုပြီး ဒီမှာ ဘာသာပြန်ထားပေးသေးတယ်လေ။
ပြီးတော့ အိမ်ကိုလွမ်းတယ်တဲ့ ရွှေဂျမ်းကလည်း ပြောထားတယ် အချစ်ဆိုတာ သစ်ပင်လိုပဲတဲ့။
ဒီနေ့တော့ `အချစ်ဆိုတာ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးကို ကြည်နူးရင်ခုန် ကျေနပ်ပျော်ရွှင်မှု အပြည့်နဲ့ ပေးဆပ်တာ´ လို့ပြောတဲ့ နိုင်းနိုင်း က အချစ်ဆိုတာလေးကိုဖတ်ပြီး ဘာသာပြန်ပေး ပါလားတဲ့…
"Love is patient. Love is kind. Love isn't jealous. It doesn't sing its own praises. It isn't arrogant. Love never stops being patient, never stops believing, never stops hoping, never gives up. Love never comes to an end." [1 Corinthians 13:4]
`ဟေ့ရောင် ငါ အချစ်အကြောင်းမပြောချင်လို့ ခဏနားနေတာလေကွာ… လုပ်မပေးဘူး..´ လို့ ပြောမထွက်ခဲ့ပါဘူး။ ပြောရပြန်ပြီ အချစ်အကြောင်း… နိုင်းနိုင်း မြှောက်ပေးလို့ တင်လိုက်ပါတယ်…
အချစ်ဆိုတာ…
ကြင်နာခြင်း နဲ့ သည်းခံတတ်တယ်။
အချစ်ဆိုတာ…
မနာလို၊ ရန်လို၊ ဘ၀င်မြင့်တာတွေ ကင်းတယ်။
အချစ်ဆိုတာ…
ယုံကြည်မှုအပြည့်နဲ့ နောက်မဆုတ်တမ်း စောင့်မျှော်လေ့ရှိတယ်။
အချစ်ဆိုတာ…
ပန်းတိုင်တခုလို အဆုံးသတ် မရှိဘူး…
အချစ်ဆိုတာ…
……………………………
Friday, February 15, 2008
အချစ်ဆိုတာ…
Posted by
P.Ti
at
Friday, February 15, 2008
Labels: ဟိုရောက် ဒီရောက်
Subscribe to:
Post Comments (Atom)
4 comments:
သြော် .. အချစ်အကြောင်း ထပ်ပြောချင်သေးသကိုး .. ဒီတခါဆို ၂၆ မျက်နှာရေးတော့ အဟဲ ။
အချစ်ဆိုတာ အတိတ်ဘ၀ရဲ့ ၀ဋ်ကျွေးဆိုတာတော့ အင်မတန် မှန်ကြောင်း ထောက်ခံရပါလိမ့်မယ်
hmm peti!!
feel tate nay dar lar?..hin..
ah chit so dar...
u have to feel it with ur heart..coz no words could fully describe this little thing call love..hoat?
ဂျစ်တူးရေ..
ဟားဟား.. နောက်ထပ် မပြောချင်တော့ပါဘူး ဒီအချစ်အကြောင်း
ရွှေဂျမ်းရေ.. ဒါဝဋ်ကြွေးပဲ အချစ်ရေ ဆိုတဲ့ သီချင်းလိုပဲပေါ့.. ဟုတ်လား…
Hi Weikhine, thanks for leaving comment. Yeah… no one can fully explain about this four letter word, love. But some are lucky in love but some are not… :)
Cheers!
Post a Comment