Thursday, March 6, 2008

ဒုံရင်း

နေ့မြင် ညပျောက်
ဖြစ်ပျက်နေတဲ့လောကကြီးမှာ
ငါကရော…
ဘာတွေလိုချင်နေတာလဲ။

အချစ်နဲ့အမုန်း အဆုံးမရှိတဲ့
ဒုက္ခတွေလား၊
မေတ္တာ၊ ဂရုဏာ နူးညံ့တဲ့
သံသရာတွေလား၊
စာနာ၊ သနား တခြားဆီက
ကူညီမှုတွေလား၊
ပေးဆပ်၊ ရယူ ဘာမှန်းမသိ
ရှုပ်ထွေးမှုတွေလား၊

အားလုံးကို စိတ်ပျက်
နောက်ဆုံးတော့
စိတ်ချမ်းသာမှု နဲ့ နောင်တကင်းရေးလို့
ရေးရေးမြင်မိတယ်။

စိတ်ချမ်းသာနိုင်ဖို့
ပိုက်ဆံနဲ့ဝယ်လို့မရပေမယ့်
ပိုက်ဆံရှိမှ စိတ်ချမ်းသာမယ်လေ၊
သာမန် ပုထုဇဉ်ပေကိုး။

နောင်တကင်းနိုင်ဖို့
စိတ်ပြတ်ပြတ်နဲ့ နောက်လှည့်မကြည့်နဲ့ဆိုပေမယ့်
သင်ခန်းစာယူတတ်ရမယ်လေ၊
အမှားမကင်းတဲ့ လူပေကိုး။

နောက်ဆုံး အဖြေညှိ အခုရတဲ့ ရလဒ်ကတော့
ပိုက်ဆံကို စိတ်ပြတ်ပြတ်နဲ့ ရှာပါလေတဲ့။

အဆုံးတော့…
ငါလည်းလေ လောကီသားပေမို့။

(ရုတ်တရက်ဝင်ရောက်လာတဲ့ အတွေးကြမ်းကြမ်းလေးပါ၊ လာရောက်ဖတ်ရှုတာ ကျေးဇူးတင်ပါတယ်)

1 comment:

ဂျစ်တူး - gyit_tu said...

ဟာ ပိုက်ဆံကို စိတ်ပြတ်၂နဲ့ ရှာတော့မယ် ဆိုပါလား ..

ဂဏန်းကောင်ကြီးတွေ ထပ် လိုက် ကျွေးဦးမှာလားဟင် .. အချိန်မရွေး အသင့်ပြင်ထားတယ်နော် .. ဟို ၂ယောက်ကိုလည်း လက်တို့လိုက်ဦးမယ် .. ဟဲဟဲ

Ratings