Tuesday, March 11, 2008

လတ်တလော အတွေး

လူတွေရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ
မျှော်လင့်ချက် နဲ့လျောက်နေတဲ့သူ
မျှော်လင့်ချက် ပျောက်နေတဲ့သူ
ပန်းတိုင်ကို မိတော့မယ့်သူ
ပန်းတိုင်မရှိတော့သူ
အချစ်ကိုရယူလိုသူ
အချစ်ကိုမျှဝေလိုသူ
မေတ္တာပေးချင်သူ
မေတ္တာဝေးနေသူ
ပေးဆပ်မှုကို မျှော်လင့်နေသူ
ပေးဆပ်ချင်လို့စောင့်မျှော်နေသူ

ဒီလို လိုအပ်ချက်တွေနဲ့မပြည့်တဲ့ ဘ၀တွေကြားမှာ
ခံစားချက် ပွဲစား လုပ်စားရင် ကောင်းမလားလို့…

(ဘာရယ်မဟုတ် အခုတလော စာမရေးဖြစ်ပဲ ပွဲစားနိုင်ငံမှာနေ ပွဲစားတွေးတွေးနေမိလို့ပါ။ ကဗျာမဟုတ် စာမဟုတ်၊ စိတ်ကူးအတွေးသက်သက်ပါ။ )

4 comments:

99 said...

လတ်တလောဖြစ်နေတာတွေကို ထင်ဟတ်စေတယ် ဟေ့ရောင် ..
ငါတို့တွေလည်း ဒီစီးကြောင်းထဲက လူသားတွေပဲဆိုတော့ ကိုယ့်ကိုကိုယ် စီးကြောင်းအတိုင်း ရေစုန်မမြောမိဖို့တော့ ဆင်ခြင်ကြရမှာပေါ့ကွာ ..
ကဗျာကတော်တော်ကောင်းတယ် ထိရောက်တယ်။

n3v3r43v3r said...

How about you? Which group are you belonging to? As for me, I am lost in my own rule :( .

ပီတိ said...

သူငယ်ချင်းရေ 99… အမြဲတမ်း လာအားပေးတာ ကျေးဇူးပါကွာ။

Sis never, same here :(

ဂျစ်တူး - gyit_tu said...

အမယ် ခံစားချက်ပွဲစား လုပ်ဦးမလို့လား ။ ကိုယ့်ဘာသာ ရှင်းပါဦးး)

Ratings