Wednesday, March 19, 2008

တက်…တက်…တက်

ဘာသာစကား အကြောင်းပြောမိတော့ နောက်တခုကို သတိရသွားပါတယ်။ တနေ့က အမ တယောက်နဲ့ စင်ကာပူမှာ မြန်မာတွေ အလုပ်လာလုပ်တာ အခုတလောများလာတယ်။ ဒီလိုသာ ဆက်ပြီး လာနေမယ်ဆိုရင် နောက်ပိုင်းမှာ MRT ပေါ်မှာ ကြေငြာချက်ထုတ်ပြန်ချင်ရင် မြန်မာ လိုပါ ထည့်ရတော့မယ်ပြောတော့ အဲဒီ အမက
`အခုလည်း မြန်မာလို ပြောပါတယ်ကွ…´
`ဟုတ်လို့လား အမကလည်း…´
`အေးလေ… တံခါးပိတ်ခါနီးရင်… doors are closing လို့အော်တယ် ပြီးတော့ တက်…တက်…တက် နဲ့ မြန်မာလိုအော်တယ်လေ..
လိုပြန်ပြောတော့၊ ရီလိုက်ရတာ… :P….

(စင်ကာပူက MRT များ တံခါးပိတ်ခါနီးရင် တစ်တစ်တစ် လိုလို တက်တက်တက် လိုလို အချက်ပေးပါတယ်၊ အဲဒါကို အမက နောက်ပြီး ပြောတာလေ။)

4 comments:

JulyDream said...

ဟုတ်ပါဗျာ... မြန်မာလို ပြောမှန်း အခုမှ သတိထားမိတယ်။ ကျန်ခဲ့မှာ စိုးလို့ တက် တက် တက် အော်နေတာကိုး။

ပီတိ said...

ဟုတ်တယ် ကိုဂျူလိုင်ရေ… သူတို့ခမျာ စပယ်ယာတွေမငှားနိုင်တော့ အသံဖမ်းပြီး စက်နဲ့ဖွင့်ပြတာပေါ့… :P

ဂျစ်တူး - gyit_tu said...

အဟားး သူပြောတာလည်း ဟုတ်သပး)

Myay Lat said...

:haha
dagal yi ya tal..
yay lae,yay tat pa!

Ratings