Wednesday, April 30, 2008

အတ္တအမှတ် ၃၀+

အတ္တတစ်ခု ဖြစ်တည်ခဲ့မှု
အထူ ၃၀ကျော်လေပြီ…

ငယ်တုန်းက နုခဲ့သော ငါစွဲ
ငါကြီးထွားရင်း သူမြဲခဲ့တာ
အခုတော့ ပယ်ဖျက်ဖို့ခက်အောင်
အမြစ်တွယ်နေပြီ။

ပြန်ပေးတာထက် ယူခဲ့များတာ
အတိုးမပါ အရင်းချည်းပဲ
ဆပ်မကုန်အောင် ကြွေးမြီတွေ
ထပ်ခါနေပြီ။

ဆက်လို့လျောက်မည့် ခရီးလမ်း
ဆထက်ပိုလို့ ကြမ်းတမ်းသော်လည်း
ရင့်ကျက်မှုအရင်းတည် ကျော်ဖြတ်ဖို့
အဆင်သင့် ဖြစ်နေပြီ။

ရပ်ရွာ နိုင်ငံပြည်သာယာရေး
မဆောင်နိုင်သေးတော့
မိမိကိုယ်ကိုသာ ကောင်းစွာဖြစ်တည်ရေးကို
ကြိုးစားကာ ရပ်တည်နေပါသည်။

3 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

A nice contemplation at the 30+th milestone! ရှေ့ဆက်မယ့် ခရီးတွေ အစစအရာရာ အဆင်ပြေ ချောမွေ့ပြီး တိုင်းပြည်နဲ့ လူမျိုး အကျိုး သယ်ပိုးနိုင်ပါစေ ဆုတောင်းပေးပါတယ်။း)

pandora said...

ပျော်ရွှင်သော ၃၀ + မှသည် ကောင်းတဲ့ စိတ်ဆန္ဒနဲ့ လိုချင်တာတွေအားလုံး ဖြစ်လာ ရလာပါစေ။

dilo bear said...

"Age is strictly a case of mind over matter. If you don't mind, it doesn't matter. .."

hapi birthda "lil young" bro :D

Ratings