Tuesday, May 13, 2008

တိုက်ဆိုင်မှုတွေ…

၁၉၈၈ မြန်မာနိုင်ငံ - ကျောင်းသားဦးဆောင်ပြီး တတိုင်းပြည်လုံးပါဝင်ခဲ့တဲ့ ၈၈၈၈ စနစ်ပြောင်းတော်လှန်ရေး။
၁၉၈၉ တရုတ်နိုင်ငံ - ကျောင်းသားဦးဆောင်ပြီး ပြည်သူအများထောက်ခံမှုရရှိခဲ့သော ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သော ဆန္ဒပြမှု။

၂၀၀၇ မြန်မာနိုင်ငံ - သံဃာတော်များ ဦးဆောင်သော ပြည်သူများအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမှု။
၂၀၀၈ တရုတ်နိုင်ငံ - တိဘက်မှာ တိဘက်ဘုန်းတော်ကြီးများ ဦးဆောင်သော တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု။

၂၀၀၈ မြန်မာနိုင်ငံ - မကြုံစဖူး အင်အားပြင်းသော နာဂစ် မုန်တိုင်းတိုက်ခတ်ပြီး ပြည်သူအများအပြားသေဆုံးမှု။
၂၀၀၈ တရုတ်နိုင်ငံ - နှစ်သုံးဆယ်အတွင်း အင်အားအပြင်းဆုံး မြေငလျင်လှုပ်ပြီး ပြည်သူအများအပြားသေဆုံးမှု။


မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးတရားမျှတမှုတွေရှိလာရင်… တရုတ်ပြည်မှာလည်း… စသည်ဖြင့် ဆက်ရန်တွေရှိသေးမှာပဲ….

ဒါမှမဟုတ်… အခြေအနေတွေ အတူအတူပဲ ထပ်ဆိုးနေကြဦးမှာလား။

မြန်မာပြည်သူများ လက်ရှိခံစားနေရသော ဒုက္ခအပေါင်းမှ အမြန်ဆုံး ကင်းလွတ်ကြပါစေ။

1 comment:

ဂျစ်တူး - gyit_tu said...

ယှဉ်ပြထားတာလေး စဉ်းစားစရာပဲ ။

Ratings