Monday, May 26, 2008

ကိန်းဂဏန်းများ

၁၀၀ အတွက်
ငါးသိန်းက အလုပ်အကျွေးပြု
သန်း ၇၀ က ကျွန်ခံ
ခန့်ခွဲတဲ့ အစီအမံက
တနှစ်မှာ ၁၂ရာနှုန်းကျော်ပြ
နေရာတကာမှာ နံပါတ်နှစ်
အောက်ကနေရေတွက်ရင်ပေါ့။

မိုင် ၁၀၀ ကျော်နဲ့ဖြတ်
နှစ်သိန်းနီးပါး ဖြစ်သလိုနဲ့ထွက်ခွါသွား
၃ သန်းနီးပါးက ဒုက္ခများ
ကူညီတာ ကျပ်သန်းပေါင်းများစွာတဲ့
တောင်းလိုက်တာတော့ ၁၁ ဘီလီယံ
အကြံအစည်မှာ နံပါတ်တစ်
အားလုံးရင်မှာသက်ပြင်းများ ချနေပြီပေါ့။

၃ ပါတ်နဲ့ အပြီးသတ်
နောက်တစ်ဆင့်တက်တော့မယ်တဲ့
မြို့ကြီးမှာ အမှိုက်မရှင်းရသေး
ရွာတွေမှာ အကူအညီကဝေး
အားလုံးကိုပြောတော့ အကုန်လုပ်ပေးတယ်….
ပြောလိုက်ပါ ကိန်းဂဏန်း
ငါးသိန်းထဲက ဘယ်လောက်များ ပါဝင်သလဲဆိုတာကို။

ပြောရင်လည်း စိတ်ကုန်
ပြောစရာကလည်း မကုန်နိုင်တော့
ပြောတဲ့လူသာ အပြစ်မြင်တယ်ပြောတယ်
ကိုယ်လုပ်တာကိုယ်မမြင်
ဘယ်လိုသတ္တ၀ါတွေမှန်း
နားမလည်နိုင်တော့
တနိုင်ဝန်ထမ်း လုပ်နိုင်တာလေး လုပ်နေကြတာပေါ့။

1 comment:

HEARTMUSEUM said...

ကိုပီတိ ကဗျာလေးက ရင်ကိုငြိတယ်ဗျာ။

Ratings