ယနေ့မှာပြုလုပ်မည့် အာစီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ‘Coalition of Mercy’ အမည်ရ မြန်မာနိုင်ငံမှ မုန်တိုင်းဘေး ဒုက္ခသည်များကို ကယ်ဆယ်ရေး အတွက် အစည်းအဝေးရဲ့ ကြိုတင်ပြင်ဆင်ထား ကြေငြာချက်ကို လျှို့ဝှက်ပေါက်ကြားလာသော သတင်းအရ တင်လိုက်ပါတယ်။
`မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းသည် မြန်မာနိုင်ငံတွင် နာဂစ်စ် မုန်တိုင်းဒုက္ခသည်များကို အစိုးရ၏ ၀န်ကြီးချုပ်ကိုယ်တိုင် ထိရောက်စွာ ကြီးကြပ် ကယ်ဆယ်နေသည်ကို ရှင်းလင်းတင်ပြသွားပါသည်။ အာစီယံဝန်ကြီးများသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရှင်းပြသည်များကို အားရကျေနပ်လှပါသည်။ မြန်မာနိုင်ငံသည် နာဂစ်စ်ဒုက္ခသည် ကိစ္စများကို ကိုယ်တိုင်ကိုင်တွယ် ဖြေရှင်းနိုင်သည်ဟုလည်း ယုံကြည်ပါသည်။ နာဂစ်စ် ဒုက္ခသည်များကိစ္စသည် ပြည်တွင်းရေးဖြစ်ပါသောကြောင့် အာစီယံအနေနဲ့ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသာ ကျွမ်းကျင်ပညာရှင်များ သွားရောက်ကယ်တင်ခြင်းသည် မလိုအပ်ဟုထင်မြင်မိပါသည်။ မြန်မာနိုင်ငံသည် လိုအပ်မည်ဖြစ်ပါက အာစီယံအဖွဲ့အား အကြောင်းကြားပါမည် ဟုပြောကြားကြောင်း ကြေငြာအပ်ပါသည်။´
အာပဲအာတတ်ပြီး စီယံ လို စည်းနဲ့ဝါး ဆိုပြီး စစ်အစိုးရအလိုအတိုင်း လုပ်တတ်တဲ့ အာစီယံကို ဂုဏ်ပြုခြင်းပါ။
နောက်ဆက်တွဲသတင်း… (အတည်)
သတင်းအရတော့ မြန်မာနိုင်ငံသည် အာစီယံ နိုင်ငံများမှ ဆေးပညာရှင်အဖွဲ့များ၊ အကူအညီများကိုလက်ခံသွားပါမည်။ အာစီယံနိုင်ငံများမှတဆင့်လာသော နိုင်ငံတကာမှ အကူအညီများသည် နိုင်ငံရေးမပါဝင်ရဟုလည်း ပြောဆိုထားပါသည်။
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ကူညီဖို့ဘာလို့နောက်ကျနေရတာလည်း မေးခွန်းကိုတော့ လုံးဝမရောက်တာထက်စာရင် နောက်ကျတာက ပိုကောင်းတာပေါ့ လို့ပြောသွားပါသည်။ ဟုတ်ကဲ့ ပိုနောက်ကျရင် ပိုကောင်းတာပေါ့ မဖြေတာတော်သေးတာပေါ့။
မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ ကူညီမယ့် ကျွမ်းကျင်နိုင်ငံခြားသားတွေအတွက် ဗီဇာတွေ လိုရင်တော့ ထုတ်ပေးမယ်လို့ပြောတော့ ဘန်ကီမွန်း ဗီဇာရပါ့မလားလို့ စိုးရိမ်နေမိပါသည်။
1 comment:
hm, lite lae lite tae naw..ASEAN n Nar ah Pha
Post a Comment