Monday, June 23, 2008

အချိန်လွန်


(ဓာတ်ပုံကို ဒီက နေယူပြီးထားပါသည်)

နေ၀င်တော့မည့် ဆည်းဆာ
တောင်တန်းပြာနောက်ခံထား
အဝေးမှာ စေတီလေးများ နဲ့
မြစ်ရေပြင် ငြိမ်သက်သက်
အိပ်တန်းတက်တော့မည့် ငှက်နှစ်ကောင်
မှိုင်းညိုညိုကောင်းကင်အောက်မှာ
နောက်ကျပြန်လာတဲ့ ငါးဖမ်းလှေ
သောင်ပြင်ကျယ် သဲဖြူလွှလွှ
ခံစားချက်ဝေမျှတဲ့ ညနေ

အို … လှပတဲ့ ရှုခင်း
အသက်ဝင်တဲ့စုတ်ချက်
ဝယ်တော့မယ်ကြံ
ကောက်ကိုင်ကာ ဈေးမေးတော့
“အကို” ရောင်းပြီးသွားပြီတဲ့။

4 comments:

ဂျစ်တူး - gyit_tu said...

သြော် ရောင်းပြီးသွားပြီ တဲ့ လား ... ဘ၀ဟာ နောက်ကျခြင်းတွေနဲ့ ဆည်းဆာချိန်တွေ ခုလိုလည်း မဲ့သွားတတ်ပါတယ် ။

နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ အကိုပီတိရေ ။

dilo bear said...

peti!
poem wit new theme?no more on love or..politics..hoat la?

love the way u end it..coz i nv expect it to end in a punk and funky way..hehe

ပုံရိပ် / Pon Yate said...

ကဗျာက တယ်ကောင်းပါလား။ တမျိုးလေးပဲ။

ပီတိ said...

ဂျစ်တူး, dilo bear နဲ့ ပုံရိပ် ရေ… ကဗျာလေးကို ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။

Ratings