Monday, July 21, 2008

အချစ်ဆိုသော သဘော

မတွေ့တာကြာလို့ မျက်နှာလေးကို တွေ့ချင်လိုက်တာ…
မကြားတာကြာလို့ စကားလေးတွေ ကြားချင်လိုက်တာ…
ရင်ခုန်ခဲ့တဲ့ ကိုယ်ရနံ့သင်းသင်းလေး လွမ်းလိုက်တာ…
စိတ်လှုပ်ရှားခဲ့တဲ့ စကားလေးတွေကို သတိရလိုက်တာ …
ဒါတွေကြောင့်…
မနေနိုင်မထိုင်နိုင် ပြောလိုက်သည် ငါမင်းကိုချစ်မိနေပြီ။

သူပြန်ပြောတဲ့စကား
ချိုသလား ခါးသလား မှန်သလား မှားသလား
ဆက်ဖတ်ပြီးသာ ဆုံးဖြတ်ကြပါတော့…


တွေ့ချင်လိုက်တာက နင် ငါမဟုတ်…
ကြားချင်လိုက်တာက နင် ငါကမပြောချင်…
လွမ်းလိုက်တာလာမပြောနဲ့ ငါက သတိတောင်မရ…
အဲဒီတော့…
နင်ချစ်တာငါ့ကိုမဟုတ် နင့်ကိုနင်တဲ့…

တတ်လိုက်တဲ့စကား…
တရားသဘောကပါသေးတယ်…
အဲဒါ ဘဘုန်းကြီးက ဟောတဲ့တရားတဲ့….

ကဲ…
တရားသဘောကိုပိုက်
အော်လိုက်မယ် အကျယ်ကြီး
ငါ့ကိုငါသာချစ်ပါသည်…

6 comments:

ဂျစ်တူး - gyit_tu said...

အမယ် အမယ် .. ဒါက တမျိုးပါလား ။ ခုတလော မကေက အချစ်ဓါတ်ကျလို့ပြီးတော့ ကိုပီတိအလှည့်ပေါ့လေ အဟဲ ။ ကျစေသတည်း .. အချစ်ဓါတ်များကြား ပြုံးပျော်နိုင်စေသား ။

Kay said...

အချစ် လား- ၀င်ခဲ့ လေ-လို့ တော့..စာရေးဆရာ မင်းလူ ကတော့ ပြောတာပဲ။
ကိုပီတိရေ- တံခါး ကျယ်ကျယ်လေးသာ ဖွင့်ထား။
ဂျစ်တူးကတော့.. တံခါး ဖွင့်လိုက်ပိတ်လိုက်လုပ်တာ..လက်ထိ သွားတယ်ထင်တယ်။
(ဘာရမလဲကွ..ဂျစ်တူးကို ပြန်ကလိ လိုက်ပီ) ခွိ

ဂျစ်တူး - gyit_tu said...

အဟင့် အဟင့် မီးမီးကို ကလိထားတယ်ဂျ ... ဗြဲ ... :D

ပုံရိပ် / Pon Yate said...

အချစ်တရားတွေ ဟောနေတယ်ပေါ့။ အချစ်ဆိုတာ တကိုယ်ကောင်းလား၊ ကိုယ်ကျိုးစွန့်ခြင်း လားဆိုတာကို အခြေအတင် ငြင်းကြတာ ပုံရိပ်ကြားဖူးတယ်။ ဘာပဲ ဖြစ်ဖြစ် ချစ်တာက ချစ်တာပဲပေါ့ ဟုတ်ဖူးလား။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ငါ့ကိုယ့်ငါ ချစ်တဲ့လူတွေကလည်း အများသားကလား။ ဒါနဲ့ အချစ်ဆိုတဲ့သဘောကို တက်ဂ် နဲ့ ဆက်ပြီး ရေးကြမှနဲ့ တူတယ်။ မကေက စလိုက်တာ :P

ပီတိ said...

ဟဲဟဲ အချစ်ဓာတ်ကျတာလားတော့မသိ အော်ချင်လို့သာအော်လိုက်တာပါ ဂျစ်တူးရေ…

မကေ ကတော့ လုပ်ပြီ။ တံခါးကျယ်ကျယ်ဖွင့်တော့ထားတာပဲ။ ဘယ်သူမှတော့မလာသေးဘူး။ တော်ကြာ တံခါးပေါက်နဲ့ ကွက်တိဖြစ်တဲ့သူ ၀င်လာရင်တော့ …. ဟိ ဒုက္ခပဲ။ တံခါးပေါက်ပြန်ကျဉ်းထားမှထင်တယ်။ :P

အော်ဂျစ်တူးက တံခါးကို ဆော့နေတာကိုး… ဟားဟား

ဟုတ်ပ ပုံရိပ်ရေ.. အချစ်တရားဟောနေတာ။ မသိတဲ့လူတွေကို မတတ်တဲ့လူက ပြောနေတာပေါ့။ အင်း.. ချစ်တာကတော့ ချစ်တာပဲပေါ့….

အချစ်ဆိုတဲ့သဘောကို ရွှေဂျမ်းကို တက်ဂ်လိုက်ပါတယ်… ဆက်ရေးပါ။ ဟီး… အချစ်ဆိုတာ သစ်ပင်ရေလောင်းသလိုပဲလို့ ပြန်ပြောမယ်ထင်တယ်…

Ratings