Wednesday, July 30, 2008

အရမ်းရှက်တတ်တာ…

ဘောင်းဘီဝတ်ရတာ ဘာကြောင့် ရှက်တဲ့ အကြောင်း ကတော့ ဒီလိုပါ…
မစန္ဒာတို့ မသီတာတို့ နဲ့အိမ်မှာ မကလျာ ကလည်း အတူနေတဲ့ သူငယ်ချင်းတယောက်ပေါ့။ မသီတာ နဲ့ မကလျာ တို့ကတော့ အပြင်ထွက်တိုင်း ဘောင်းဘီရှည်ကိုပဲ ၀တ်လေ့ရှိပါတယ်။

ဘောင်းဘီရှည်က သူတို့အတွက် လုံခြုံတယ်မှုရှိတယ်၊ ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ ခြေထောက်အလှနဲ့လည်း သင့်တော်တယ်လေ။

တနေ့မှာတော့ စကားစပ်ပြီးရင်း မစန္ဒာက
“အမတို့က ဘာလို့ အပြင်သွားရင် ဘောင်းဘီတွေဝတ်တာလဲ…”
“အော် ညီမလေးရယ်… အမတို့က စကပ်ဝတ်လေ့မရှိတော့ ဘောင်းဘီပဲ ၀တ်တာပေါ့…” မကလျာကပြန်ပြီးတော့ ပြောပါတယ်။

“ဟင် အမကလည်း ဘောင်းဘီဝတ်ရတာ ရှက်စရာကြီးပါ…”
“အမတို့ဝတ်တာက ဘောင်းဘီရှည်တွေပါကွယ်၊ ဘာမှ ရှက်စရာမရှိပါဘူး။ တရုတ်မလေးတွေလို ဘောင်းဘီ တိုတိုလေးတွေဝတ်တာမှ မဟုတ်တာ…”

“အမတို့ကလည်း သမီးဆို ဘောင်းဘီရှည်ဝတ်ရမှာ ရှက်လို့ စကပ်ပဲဝတ်တယ်…”
“စန္ဒာက ဘာလို့ ဘောင်းဘီရှည်တောင် ၀တ်ရမှာ ရှက်တာလဲ…”

မစန္ဒာ ဖြေလိုက်တာကတော့
“ဘောင်းဘီရှည်ဝတ်ရင် သမီးရဲ့ ပေါင်ကို အလုံးလိုက်ကြီး သူများတွေမြင်သွားမှာ ရှက်စရာကြီး…”


နောက်ပိုင်းမှာတော့ မသီတာနဲ့တွေ့ရင် - အမရေ ပေါင်အလုံးလိုက်ကြီး သူများတွေမြင်မှာ ရှက်ဘူးလားလို့ - နောက်လေ့ရှိပါတယ်…

8 comments:

ပုံရိပ် / Pon Yate said...

ဖတ်ရတာ ရင်တောင် တုန်တယ်။ ဘောင်းဘီရှည်တွေပဲ ပစ်ရတော့မလိုလို…။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ဘောင်းဘီရှည် ၀တ်ရင်တောင် အတွေးများစရာ ဖြစ်လာပါပေါ့လား :P

လင်း said...

တွေးလဲတွေးတတ်ပါ့။ အဲလိုကျတော့လည်း ဟုတ်သလိုလို
ပါလား ပေါင် အလုံးလိုက်ကြီး ဟီးဟီး။ ဘယ်နှဲ့ လုပ်ကြမတုန်း။ ဘောင်းဘီရှည်တောင် မ၀တ်ပဲ နေရတော့ မလားမသိ ။ ဟိဟိ

ဂျစ်တူး - gyit_tu said...

ခွိခွိ

ပေါင်အလုံးလိုက်ကြီး ဆိုပါလား ။ အဲဒါဖတ်ပြီး သောက်လက်စ ရေတောင် သီးသွားတယ် အဟီး ။

စိုးထက် - Soe Htet ! said...

ဘောင်းဘီရှည် အပေါ်က စကပ် ထပ်ပြီး ... နှစ်ထပ် ဝတ်လေ ... နည်းနည်းတော့ အိုက်မှာပေါ့ :P

khin oo may said...

ဟုတ်တယ် တို.လဲ သိပ်ရှက်တာ. မြန်မာ အမျိုး သမီး များ က တင်ပါးြ့ကီးတယ် စလုံးနှဲု မတူဘူး ။ အဲဒီတော. တို.လဲ ရှက် လို.မဝတ်ဘူး။ နောက်တချက် က စကဒ် က ဈေး သက် သာ တယ် လေ။ အဲ ဒါလဲ ဟိုတုံး ကပါ။ ဘောင်းဘီ branded က စလုံး သုံးဆယ် လောက်ပေးရြ့ပီး။ စကဒ် က ၁၀ လောက်နဲ. ရတတ်ပါတယ်။ အခုတော.ရတော.ဘူ.း စ ကဒ် အပေါဆုံး တောင်၂၅ ကျပ်ဖြစ်နေပြီး. ဗြဲ….

ပီတိ said...

ပုံရိပ်ရေ… ရင်တုန်ရင် ဘောင်းဘီပွပွဝတ်ပါလား… ဟိ

ရွှေဂျမ်း… အတွေးမများပါနဲ့ ၀တ်သာဝတ်ပါလေ…

ဟုတ်တယ်လင်း.. ပေါင်အလုံးလိုက် အချောင်းလိုက် အပြားလိုက်.. အဲ… အဲဒါတော့ မရှိဘူး… ဘောင်းဘီတိုပဲဝတ်တော့မလို့လား… :P

ဂျစ်တူးရေ… ဟဲဟဲ ရေသောက်ရင် ဘောင်းဘီမ၀တ်ရ…

ကိုစိုးထက်ရေ… အခုခေတ်ကောင်မလေးတွေ နှစ်ထပ်တော့ဝတ်ကြတယ်.. ပေါင်က အလုံးမှ တကယ့်ကို အလုံးလိုက်မြင်နေရတုန်းပဲ…

မခင်ဦးမေရေ… အမပြောသလိုဆို မြန်မာအမျိုးသမီးတွေက ပေါင်အလုံးလိုက်ကြီးတင် မကဘူးပေါ့နော်… :P စတာနော်…
ဟုတ်တယ်... အ၀တ်အစား ဈေးတွေကတက်လို့ လျှော့ဈေးမှပဲဝယ်တော့တယ်…

zayar oo said...

ပေါင်ပိန်အောင် များများပြေးပေတော့

Ratings