Tuesday, July 15, 2008

Never Give Up!

ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန် ချာချီက သူနေခဲ့တဲ့ မူလတန်းကျောင်းကို မိန့်ခွန်းပြောဖို့သွားခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီး ကျောင်းသားကလေးတွေကို ပြောပါတယ် “ဒီနေ့ဟာ သမိုင်းဝင်ဖြစ်မယ့်နေ့ပဲ။ ၀င်စတန် ချာချီဟာ အင်္ဂလိပ်လို စကားပြောတာ အကောင်းဆုံးလူတစ်ယောက် ဆိုတော့ ဘာပဲပြောပြော လိုက်တာရေးထား။ မမေ့နိုင်တဲ့ မိန့်ခွန်းပြောမှာ အသေအချာပဲ။”

ချာချီ ရောက်လာပါပြီ။ ပြီးတော့ မိန့်ခွန်းပြောဖို့ထလာပါတယ်။ ကျောင်းသားတွေကို မျက်မှန်အပေါ်ကနေ ကြည့်ပြီး ပြောလိုက်ပါတယ်။

Never!
Never!
Never!
Never!
Give Up!

ပြောပြီးတာနဲ့ ပြန်ပြီးထိုင်နေပါတော့တယ်။

ကျောင်းသားများကတော့ မိန့်ခွန်းကိုကြားပြီးတော့ စိတ်ပျက်သွားပါတယ်။ ဒါပေမယ့် ကျောင်အုပ်ဆရာကြီးကတော့ မိန့်ခွန်းဟာ ချာချီရဲ့ အကောင်းဆုံး မိန့်ခွန်းတစ်ခုဖြစ်တယ်လို့ ယူဆလိုက်ပါတယ်။

ချာချီရဲ့ အရည်အချင်းထဲမှာ ဇွဲ ရှိခြင်းပါပဲ။ သူဘယ်တော့မှ အရှုံးမပေးတတ်ပေ၊ အဲဒီ စိတ်ဓာတ်ကြောင့် ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်တွေ ကို စိတ်အားမြှင့်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေကို သူများတွေ လက်နက်ချနိုင်လောက်မယ်အခြေအနေတွေမှာ ဆက်ပြီး စစ်တိုက်အောင် လုပ်နိုင်ခဲ့တယ်။

လုပ်တဲ့အလုပ်အပေါ်မှာ တစိုက်မတ်မတ် စူးစူးနစ်နစ်လုပ်ပြီး၊ ပြောတာနဲ့ လုပ်တာကို တထပ်တည်းကျအောင်လုပ်တာကို ဇွဲရှိတယ်လို့ ဆိုလို့တာပါ။

ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တတ်တဲ့ ဂျစ်တူး ရဲ့ မွေးနေ့မှာ ကျွန်တော့် မွေးနေ့တုန်းက လက်ဆောင်ရခဲ့တဲ့ စာအုပ်ထဲက စာသားလေးတွေကို ဘာသာပြန်ပြီး လက်ဆောင်ပေးလိုက်ပါတယ်။

ပထမဆုံး ဆုတောင်းတာမဖြစ်ရင် နောက်ဆုံးဆုတောင်းဖြစ်အောင်လို့ပါ။ :)

GyitTu, Never Give Up!

2 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိ ... ဟုတ်ကဲ့း) တလေးတစား ခေါင်းညိမ့်သွားပါသည် ။

တကယ်တော့ ကိုပီတိတို့လို တကယ့် အကိုရင်း အမရင်းတွေလို ဂျစ်အနားမှာ အားပေးနေသူတွေကြောင့်လည်း အားရှိမိတာ အမှန်ပဲ ။

Tea said...

NEVER GIVE UP! :)

Ratings