Wednesday, August 20, 2008

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၃

မနက်စောစော ရုံးကိုအလာ ဘူတာကထွက်လိုက်တော့ မိုးက သည်းသည်းမဲမဲ ရွာနေသည်။ အစိုးမရသည့်မိုး၊ အိမ်က ထွက်လာတော့ မိုးလေးနဲနဲပဲ အုံ့နေတော့ ထီးယူမလာခဲ့ဘူး။ တကယ်တော့လည်း ဘယ်တုန်းကမှလည်း ထီးမဆောင်တတ်ပါဘူး။ မိုးရွာရင် ဒီလိုပဲ ဟိုအမိုးခို ဒီအမိုးခို ပြေးသွားနေကျ။

ဘူတာမှ ရုံးကိုသွားတဲ့ ဘတ်စ်ကားစီမယ်ကြံတော့ ကားက အခုပဲထွက်သွားတော့ နောက်တစ်စီးစောင့်ရင် ကြာနေလိမ့်မည်။ နာရီကြည့်လိုက်တော့ ရုံးကို ရောက်သင့်တဲ့အချိန် ဖြစ်နေပြီ။ အစည်းအဝေး ရှိလို့ ကားစောင့်နေရင် နောက်ကျနေမှာစိုးလို့ ထုံးစံအတိုင်း အမိုးအောက်ခိုက ပြေးဖို့ပဲလုပ်ရပြီ။

အဆောက်အဦးအောက်မှ အရိပ်ခိုကသွား၊ ရေမြောင်းကိုဖြတ်ဆောက်ထားတဲ့ တံတားလေးကိုဖြတ်ရမယ့် တနေရာရောက်တော့ အမိုးကမရှိ မိုးကသည်းနေတော့ ခဏစောင့်နေမိသည်။ ဘေးနားက အိန္ဒိယနွယ်ဖွားတစ်ယောက် ထီးကောက်ကြီး ဖွင့်လိုက်တော့ ထီး ကြုံများခေါ်လေမည်လားပေါ့။ သူကတော့ ဒီဘက်မှာ ရှိတဲ့ ကျွန်တော့်ကိုမခေါ် တဖက်မှာရှိတဲ့ တရုတ်မလေးကို ထီးကြုံ လိုက်မလား မေးနေလေရဲ့…

ရုံးကိုရောက်တော့ မိုးရေကလည်း နည်းနည်းစို၊ တယောက်မှလည်းမရောက်သေး၊ ခဏနေတော့ အတူလုပ်တဲ့တစ်ယောက်ကဖုန်းဆက်လာတယ်၊ ကြီးမှ ရေကြောက်ပေါက်နေလို့ ရုံးက ၂ ပတ် ဆေးခွင့် မယူမဖြစ်ယူရမှာတဲ့…

ခွင့်ယူထားတဲ့တစ်ယောက် ချိန်းထားတဲ့လူကိုတွေ့ ဈေးရောင်းလိုက်တာ ဈေးမှားသွားလို့ ဈေးလျှော့ရောင်းလိုက်ရတာ အမြတ်တွေနည်းသွားရော…

ရုံးကအပြန် ရထားအပေါက်ဖြတ်တော့ ပိုက်ဆံက သုညအောက်ကျတော့ ၀င်လို့မရ၊ နောက်က လိုက်တာတဲ့ တရုတ်မက အရေးကြီးပုံတဲ့မပေါက်ပဲ ကျွတ် ခနဲ အသံထွက်ပြီး မကြည်ကြည့် ကြည့်သွားသေးတယ်…

အိမ်ရောက်တော့ ဗိုက်ကဆာ မနေ့က ကျန်နေတဲ့ ခြောက်ဆွဲခြောက် တစ်ထုတ် ပြုတ်စားမယ်ရှာ၊ မတွေ့တော့ အတူနေသူငယ်ချင်းကိုမေးလိုက်တော့၊ သူစားလိုက်ပြီတဲ့… ဆာတဲ့ဗိုက် အသာထား မနက်စောစောထဖို့ အိပ်လိုက်တော့မယ်…

အိမ်ယာက မနိုးခင် အသည်းကွဲပျောက်ဆေး သောက်ပြီး နောက်တနေ့မနက်ထကာ အလုပ်လုပ်ရပေဦးမည်…

5 comments:

pandora said...

ဟွန်း သနားအောင် ပြောနေပြန်ပြီ
အောက်ဆင်းပြီး အိမ်နားက food court မှာ သွားဝယ်စားလည်းရသားပဲ။ ကိုယ်ပျင်းရင် ပျင်းတယ်ပေါ့။

ဂျစ်တူး - gyit_tu said...

ဟုတ်ပ ။ foodcourt ကို ဖင်ခုထိုင်ထားတဲ့ တိုက်ပေါ်မှာ နေနေတဲ့ သူကများ ။

အမြတ်တွေ ရှုံးတယ်ဆိုတော့ ရေခဲချောင်းဝယ်ကျွေးဖို့တောင် လမ်းမမြင်တော့ပါလား အဟဲ ။

ဒါနဲ့ ဂျစ် ဖေ၂ ဆို ဒီက တရုတ်မတွေ -ကျွတ်- လုပ်တာ သိပ်မုန်းတာ ။ တခါတလေ နင်က ဘာ ကျွတ် တာလဲလို့ သူက ဘု တော သေးလို့ ၊ ဖေဖေ သွားမလုပ်နဲ့လို့ တားထားရတယ် ။

SuN said...

တခုခုတော့ တခုခုပဲ .. သေချာနေဘီ.. အန်ကယ်ပီတော့ ပိုက်ဆံတွေ စုနေဘီနဲ့  တူတယ်။ အဲ့ဒါကြောင့် မပန် ပူတင်းတောင် နောက်တခါလုပ်ရင် သူ့ ကို အကြောင်းကြားခိုင်းနေသေးတယ်

Moe Cho Thinn said...

တကယ် ဟိုရေး ဒီရောက်ပါပဲ။ ကုလားကြီးနဲ့ ထီးအတူ ဆောင်းချင်တာ ရေးလိုရေး၊ ချက်ပြုတ်မဲ့လူ မရှိလို့ ဗိုက်မှောက်နေရသလိုလို ရေးလိုရေး။ တကယ်တော့ သူအသည်းကွဲတာ ပြောချင်တာ နေမှာ..။

ပီတိ said...

အဟဲ… ပန်ဒိုရာကလည်း… နဲနဲပဲပျင်းတာပါ…

ဂျစ်တူး.. ရေခဲချောင်းတော့ ကျွေးပါတယ်… ဂျစ်တူးက ညစာကျွေးမယ်ဆိုလို့….

ဟားဟား… စုရေ… ပိုက်ဆံစုနေတာ အိတ်က အပေါက်ကြီးနဲ့ဖြစ်ဖြစ်နေတယ်… အင်းလေ.. မပန်ကြီး ပူတင်းဖုတ်ရင်.. စားလို့ကောင်းမယ့်ပုံ….:P

အမရေ.. အတွေထဲရောက်လာတာတွေရေးလိုက်တာလေ… မေမေကဖတ်ပြီးတော့ နောက်ဆိုရင် မိုးရွာမယ်ထင် ထီးယူသွား.. သူများထီး ကပ်ဆောင်းမနေနဲ့လို့ပြောနေလေရဲ့… :D

Ratings