Friday, September 19, 2008

ကျွန်တော်=ပီတိ

The great SuN က ရေးပေးဖို့ တက်ဂ်လာတယ်။ အရက်ဖြတ် ဘီယာဖြတ်မယ်ဆိုတော့ နဲနဲကြောက်တော့ ရေးရမယ်ပေါ့... ပြီးခဲ့တဲ့ ပို့စ်က ငါးပါးသီလ အကြောင်းပြောထားပြီး အခုကျတော့ အရက်အကြောင်းပြောတယ် ဖြစ်နေပြီ။

အရက်သောက်ချင်ပြီး အပြစ်လွတ်ချင်တဲ့ လူကြီးတစ်ယောက်ရဲ့ စကားကိုယူသုံးရမယ်ဆို

"အရက်ကိုသောက်ပြီး မကောင်းမှုကိုတွေးတောကြံစည် လုပ်ဆောင်နေမှ ငါးပါးသီလကျိုးပေါက်တာ .... အရက်ကိုသောက်ပြီး ပြုခဲ့တဲ့ကုသိုလ်ကိုတွေး၊ ကောင်းမှုတွေကိုပဲစဉ်းစားနေရင် မကျိုးပေါက်ဖူး...”

တဲ့... အရက်သောက်ပြီး ကောင်မှုတွေလုပ်မှမို့လို့... ဆက်ပြီးရေးလိုက်ပါတယ်... :P

ကိုယ့်ရဲ့နာမည် ။ ။ ပီတိ (နာမည်တွေကို အကုန်ပြောလို့မဖြစ်ပါဘူး၊ ကော်ပီကူးမှာကြောက်လို့ပါ။ :D)

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်။ ။ ပီတိ၊ ကိုပီတိ၊ ငတိ (တချို့က ကဗျာထဲကလူဆိုးနေရာမှာ ခွင့်မတောင်းပဲ ယူသုံးထားပါတယ်)၊ ဘပီ၊ အန်ကယ်ပီ၊

ကိုယ်ဒီမှာနေတယ် ။ ။ အင်မတန်ကြိုးစားပြီး ငှားထားရတဲ့အိမ်

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ။ ။ 8 နဲ့စ 8 နဲ့ဆုံးတဲ့ 4D လက်မှတ် နှစ်စောင်ဝယ်လိုက်ပါ ပြီးတော့ နှစ်စောင်မှာပါနဲ့ ဂဏန်းရှစ်လုံးကိုသာနှိပ်လိုက်ပါ။ ဟဲလိုဆိုတဲ့ အသံကြားရရင် ဖုန်းနံပါတ်မှန်ပါတယ်။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက...

အရောင်ဆိုရင် ။ ။ အခြေခံအရောင်တွေကိုကြိုက်ပါတယ်။ အဖြူနဲ့ အနက် ကိုအကြိုက်ဆုံးပါ။

အ၀တ်အစားဆိုရင် ။ ။ လွတ်လွတ် လပ်လပ် လှလှ

အစားအစာဆိုရင် ။ ။ စားမရတာဆိုလို့ အသည်းပဲရှိပါတယ်။

ပစ္စည်းဆိုရင် ။ ။ ကောင်းရင် အကုန်ကြိုက်တတ်တယ်။ လူတိုင်းကြိုက်နေပြီးဆိုရင်တော့ မကြိုက်တော့ဘူး။

သီချင်းဆိုရင် ။ ။ အရမ်းကြီးမဆူညံတဲ့ rock အမျိုးအစားတွေအကုန်ကြိုက်ပါတယ်။

စာရေးဆရာ ။ ။ စာဖတ်ကောင်းအောင်ရေးတဲ့လူတွေအကုန်ကြိုက်တယ်။ လူထုဦးလှ ရဲ့စာအုပ်တွေနဲ့ကြီးခဲ့တော့ သူ့ကိုပိုပြီးကြိုက်တယ်။

စာအုပ် ။ ။ ကျောင်းသုံးပြဋ္ဌာန်းချက်စာအုပ်ကလွဲလို့ အကုန်ဖတ်ပါတယ်။

Life style ။ ။ အပူအပင် နည်းပြီး စိတ်ချမ်းချမ်းသာသာ၊ အေးအေးဆေးဆေးပဲ နေချင်တယ်။

ကိုယ့်ရဲ့ဝါသနာ ။ ။ စာဖတ်၊ စာရေးခြင်းပါပဲ။ စာဖတ်တာကိုပိုလုပ်ဖြစ်တယ်။

အလိုချင်ဆုံးလက်ဆောင် ။ ။ လုပ်ငန်းလုပ်ဖို့ ငွေအရင်းအနှီး ဒေါ်လာသန်းဂဏန်းလောက်...

ကိုယ့်ရဲ့ အချစ်ဆုံးသူက ။ ။ ကိုယ်ကိုယ်တိုင်ပါပဲ။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ။ ။ မိဘနှစ်ပါး

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ။ ။ နေရာ နဲ့ အချိန်လိုက်ပြီး မတူပါဘူး။ (ကိုယ်ရေးကိုယ်တာအတွက် အခင်ဆုံးသူငယ်ချင်းက၊ လုပ်ငန်းလုပ်ဖို့ အခင်ဆုံးမဟုတ်တာမျိုး)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ။ ။ မိဘနှစ်ပါး

ကိုယ့်ရဲ့ အမုန်းဆုံးသူက ။ ။ မုန်းတဲ့လူမရှိဘူး။ မကြိုက်တော့ဘူးဆိုကတည်းက အဲဒီလူ အတွေးထဲမှာမရှိတော့ဘူး။

ရင်အခုန်ဆုံးအချိန် ။ ။ လူအများကြီးရှေ့မှာစကားထွက်ပြောရခါနီး။ ပြောနေတုန်းမှ ရင်မခုန်ပေမယ့် မပြောခင်မှာတော့ ရင်အရမ်းခုန်တယ်။

အကြောက်ဆုံးအချိန် ။ ။ ဘယ်သူမှအနားမှာမရှိ နေမကောင်းဖြစ်တဲ့အချိန် (အဲဒါကြောင့် နေမကောင်းလည်း ရုံးသွားပါတယ်။)

အပျော်ဆုံးအချိန် ။ ။ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ရတဲ့အချိန်တွေ...

အမှတ်တရနေ့ ။ ။ ၁၉၉၆ ခုနှစ် ၀ိတိုရိယတောင်တက်တုန်းက ရေခဲမိုးရွာတဲ့နေ့

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ။ ။ တောင်တဲ့ဆုတွေကို ပြည့်ဝအောင်ဆောင်ရွက်နိုင်တဲ့ သူ ဖြစ်ချင်ပါတယ်။

အချစ်ဆိုတာ ။ ။ ပြောပြဖို့တော့ တော်တော်ခက်တယ်။ သူစိတ်ချမ်းသာအောင် ကိုယ်ကစဉ်းစားပြီး၊ ကိုယ်စိတ်ချမ်းသာအောင် သူကစဉ်းစားပေးနေမယ်ဆိုရင် နှစ်ယောက်လုံး စိတ်ချမ်းသာတဲ့ အချစ်ဖြစ်မှာပေါ့...

အမုန်းဆိုတာ ။ ။ ကိုယ်ပဲစိတ်ဆင်းရဲရတဲ့ စိတ်... နည်းလေကောင်းလေ

အလွမ်းဆိုတာ ။ ။ လွမ်းတတ်ရင်ကောင်းပါတယ်။ အလွမ်းတွေကနေ စာတွေအများကြီးဖြစ်တယ်လေ... :P

သံယောဇဉ်ဆိုတာ ။ ။ ထားသင့်တာကိုပဲထားတာ အကောင်းဆုံးပါ။

ဘ၀ဆိုတာ ။ ။ နေတတ်ရင် ပျော်စရာပါ။

သူငယ်ချင်းဆိုတာ ။ ။ အရေးကြီးပါတယ်... အထူးသဖြင့် သူငယ်ချင်းကောင်းတွေရှိဖို့လိုပါတယ်။

ချစ်သူဆိုတာ ။ ။ ကိုယ့်ဘေးမှာ အမြဲတန်းရှိနေစေချင်တဲ့ တစ်ယောက်။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ။ ။ သံယောဇဉ် သိပ်မရှိတတ်ဘူး

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ။ ။ never say die

အပြောချင်ဆုံးစကားတစ်ခွန်း ။ ။ ကိုယ်ချင်းစာပါ။

The great SuN လည်း ကျေနပ်မယ်ထင်ပါတယ်။ :)

နောက်အကြွေးတစ်ခုကတော့ လင်း တက်ဂ်ထားတာပါ… အချိန်နည်းနည်းတော့ ပေးပါနော်...

9 comments:

လင်း said...

ဘပီ ဟိဟိ အလှကတော့ကြိုက်တယ်နော်။ အ၀တ်အစားဆိုလဲ လွတ်လွတ်လပ်လပ်လှလှ မှဆိုပါလား၊ ဟင်း အလှသိပ်ကြိုက်နေ မိန်းမရရင် အလှ ဆိုတဲ့ နာမည်ပါတဲ့ သူတစ်ယောက်နဲ့ ရနေအုန်းမယ်။ ဟီးဟီး လှတာကြိုက်နေကြဆိုတော့ အလှဆိုတာနဲ့ သေချာပြီ ဒါငါ့မိန်းမဖြစ်မဲ့သူဆိုပြီး ယောင်ပြီး ယူလိုက်မှာ မြင်ယောင်သေး။ ဟီးဟီး

Moe Cho Thinn said...

မစားတာဆိုလို့ အသည်းပဲ ရှိတယ် ဆိုပါလား။ လိမ်မာလိုက်တဲ့ ကလေး။ အသည်းစား ဘုရင်ကြီး မဟုတ်ဘူးပေါ့။

တန်ခူး said...

အလိုချင်ဆုံးလက်ဆောင်ရနည်းလေးများရှိရင် လက်တို့ လိုက်နော်… အဲဒီလက်ဆောင် တို့ လဲကြိုက်တယ်… အကြောက်ဆုံးချိန်မှာ ဘလော့ဂ်ပေါ်သာလာခဲ့… ဒီမှာ လူတွေ အများကြီး… အားမငယ်ရတော့ဘူး…

Kay said...

တခုတူတာ တွေ့ပါတယ်။း)

SuN said...

အင်း.. ဘီယာ တိုက်မယ် .. ခွိခွိ

လူလ said...

မင်္ဂလာပါ အဘတိ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ။ ။ “တောင်”တဲ့ဆုတွေကို ပြည့်ဝအောင်ဆောင်ရွက်နိုင်တဲ့ သူ ဖြစ်ချင်ပါတယ်။.......

တောင်းတဲ့ဆိုတွေ ပြည်နိုင်အောင် ဆောင်ရွက်နိုင်တယ် သူဆိုတော့ .. သခင်ယေရှု လိုပေါ့နော်

တောင်း လား တောင်လား ဟင်
လူကို ဦးနှောက်စားအောင် လုပ်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

pandora said...

သံယောဇဉ် သိပ်မရှိတတ်ဘူးလား
အသည်းမာလှချည့်

သဉ္ဇာ - Thinzar said...

၈နဲ့စပြီး ၈နဲ့ ဆုံးတဲ့ 4D လက်မှတ်နှစ်စောင်ဝယ်ပြီး နံပါတ်နှိပ်လိုက်တာဘဲ။ ဒါပေမယ့် ဟဲလိုလို့မပြောဘဲ "ဝေ...ဝေ.." လို့ဘဲ ကြားတော့ ဖုန်းနံပါတ် မှားသွားပြီနဲ့ တူပါတယ်။ :D

PTi said...

လင်းကိုနာမည်ပြောမိတာတော့မှားပြီထင်တယ်... ဟားဟား လင်းပြောမှ အရင်တုန်းက အလုပ်အတူလုပ်ခဲ့ဖူးတဲ့ အသိတစ်ယောက်ကိုသတိရတယ်...သူ့နာမည်က လှမြင့်စိုးဆိုတဲ့ ကောင်လေးကို စရင်းပြောင်ရင်းနဲ့ အလှ အလှ နဲ့ နောက်ခေါ်တာလေ.... အဲလို နာမည်ပါတိုင်းဘယ်ကောက်ယူပါ့မလာနော်...

အဟဲ.. ဟုတ်တယ် အမမိုးချိုသင်း... အသည်းဆိုတာ နည်းနည်းခါးလို့ ကြေးအိုးထဲပါရင်တောင် စားတာမဟုတ်ဘူး

ဟုတ်ကဲ့ မတန်ခူး လက်ဆောင်ရနည်းရရင်လက်တို့လိုက်မယ်နော်.. အမ... အဲ ကော်မရှင်ဘယ်လောက်ပေးမှာလဲ ပြောဦးနော်... :P
ဟုတ်ပါ့ ... ဘလော့မှ အသိတွေ အများကြီးရတယ်..အနည်းဆုံးတော့ ကြက်စွပ်ပြုတ်ပုံလေးပြပြီး တိုက်မှာပေါ့နော်... ဟုတ်ဘူးလား :D

မကေ ရေ.. ဘာများတူပါလိမ့်.. စိတ်ဝင်စားစရာပဲ...

SuN ... တိုက်ချင်ရင် ဂျာမန်ဘီယာတိုက်... :P

ဟားဟား ကိုလူလကတော့လုပ်ပြီ... စာလုံးပေါင်းမှားတာပါ... ဆုတောင်းတယ်ဆိုတာ ကိုယ်အားထုတ်မှုနည်းတယ် ဆုလည်းတောင်း ဖြစ်အောင်လည်းလုပ် တဲ့လူမျိုး ကိုဆိုလိုတာပါဗျာ...

ဟုတ်ပါ့ ပန်ဒိုရာရေ.. အသည်းကတော့ ခပ်မာမာပဲ... ထူပေဒဏ်ပေ ခံရတာများလို့လေ...

သဉ္ဇာရေ.. ဖုန်းမှားတာမဟုတ်လောက်ပါဘူး... ကျွန်တော့် ပီအေ တရုတ်မလေးများ ထူးလိုက်တာများလားမသိဘူး... :P

စာဖတ်တဲ့ မိတ်ဆွေတွေ နဲ့ မှတ်ချက်ရေးပေးသွားတဲ့ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်....

Ratings