Thursday, October 9, 2008

အတွေး ချာချာလည်

ညငယ်ချိန်တုန်း လမ်းလျှောက်ဆင်းတော့
မြောင်းငယ်ရေ ငြိမ်သက်သက်ပေါ်
အဝေးက မီးရောင်က တဖြတ်ဖြတ်နဲ့…

အတွေးများက ရောင်ပြန်ဟပ်နေမိတယ်။

အသက် ဂဏန်းတစ်လုံးရှိစဉ်တုန်းက
စားသောက်၊ ဆော့ကစား၊ ကျောင်းသွားခဲ့တာ
ဆုတံဆိပ်တွေထက် မက်မောတဲ့
ပျော်ရွှင်မှုနဲ့ ဖြတ်သန်းခဲ့တယ်။

ကျောင်းနေကြာလာ သက်ဆယ်ကျော်တော့
ကစားမက်ပြီး ဆုတွေကိုလည်း လိုချင်တတ်လာ
အပျင်းများနဲ့ ကြိုးစားခဲ့တော့
ဖြစ်သင့်တာထက် လျော့နည်းခဲ့တာ
စိတ်မပျက်မိ ခပ်ပေါ့ပေါ့ပဲနေခဲ့တယ်။

အသက်နှစ်ဆယ်ကျော် စဉ်းစားတတ်လာ
စိတ်ဝင်စားရာ အလုပ်ဝင်လုပ်
ပညာတိုးပေမယ့် ၀င်ငွေကဆိုးတော့
ဘာမှမဟုတ်တဲ့ငါ အဖြစ်ရှိအောင်လုပ်မယ်ကြံကာ
အဝေးကိုထွက် ပညာရှာလာခဲ့တယ်လေ…

အခု ရှေ့ဂဏန်းပြောင်းတာ နှစ်နှစ်ကျော်ကြာ
အိပ်မက်နောက်လိုက်ကာ လုပ်ချင်တာလုပ်ခဲ့တာ
ဘာမှတော့ ဖြစ်မလာသေး
အဝေးကအိမ်မှာ တစ်ခုခုလိုတယ်လို့ ခံစားမိရင်း
အခုရော ဘာဖြစ်ချင်နေတာလဲ ထပ်ခါတွေးတော့….

အဲဒီ ဘာဖြစ်ချင်နေတာလဲကပဲ ရောင်ပြန်ဟပ်နေတယ်လေ…

3 comments:

ဂျစ်တူး - gyit_tu said...

ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ
ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲ

:D

PTi said...

ချာချာလည်နေပါတယ်ဆို ဂျစ်တူးလုပ်တော့ ပိုတောင် လည်ပြီ မူးသွားပြီ... :D

ပုံရိပ် / Pon Yate said...

အဝေးကအိမ်မှာ ချစ်သောသူတစ်ယောက် ရှိနေရင် ပြည့်စုံသွားမှာ.... ;)မယုံ မရှိနဲ့

Ratings