Saturday, October 11, 2008

ဖြစ်သလို - ဓာတ်ပုံ

ဖြစ်သလို ပို့စ် မှာရေးခဲ့တဲ့ အစားအသောက်တွေကို စားဖြစ်တဲ့အတဲ့အခါ ဓာတ်ပုံရိုက်ပြီး တင်မယ်လို့ စိတ်ကူးထားပါတယ်။ အခုအောက်ကပုံတွေကတော့ သိပ်မစုံသေးပါဘူး။ ဒါပေမယ့် ရိုက်ထားတာ ရှိတဲ့ပုံတွေကိုပဲတင်လိုက်ပါတယ်။

အသစ် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထပ်တင်ထားပါတယ် (19 Oct 2008)

စားဖြစ်တာများတဲ့ မနက်စာ

ဗလာကြာဇံကြော်၊ ကြက်ဥကြော် နဲ့ ကော်ဖီ




Golden Mile Food Court က နေ့လည်စာများ

နာမည်ကြီးပြီး တန်းအကြာကြီးစီရတတ်တဲ့ ချီလီမီး (ငရုတ်ချဉ်ရည်ခေါက်ဆွဲ)


စာရေးတုန်းကမပါခဲ့တဲ့ လျောင်ဝမ်မြန့် လို့ခေါ်တဲ့ mini-pot noodle


အစာပလာစုံလင်လှတဲ့ ကော်ရည်ခေါက်ဆွဲ (lor mee)


ဒီလို တန်းအကြာကြီးစီရတဲ့

ယောင်းမတောင်တိုအောင် အသံစုံထွက်ပြီးကြော်တဲ့ ချာကွေ့တယောင်း (ဆန်ခေါက်ဆွဲကြော်)


တရုတ်ကြီး ဒီလို ခုန်ခုန်ပြီး ကြော်တဲ့


မလေးခေါက်ဆွဲကြော်


ဂျပန်လိုခေါင်းပေါင်းတွေဆောင်းပြီး (အဲဒီနေ့ကတော့ တစ်ယောက်ပဲဆောင်းပါတယ်) ရောင်းတဲ့


ဂျပန်စာ - Chicken Teriyaki


ဒါကတော့ Peninsula Plaza မှာ စားဖြစ်တဲ့ စမူဆာ နဲ့ လက်ဖက်ရည်


တနေ့က အိမ်မှာ ကိုယ်တိုင်ချက်စားဖြစ်တဲ့ ကြက်သား ပဲငပိချက်


အောက်ကပုံတွေကတော့ 742 North Bridge Road မှာရှိတဲ့ House of Briyani ဆိုင်က ဒန်ပေါက်ထမင်းတွေဖြစ်ပါတယ်။ အဲဒီဆိုင်က အင်္ဂါနေ့ မှ စနေနေ့ မနက် ၁၁နာရီမှ ည ၇ နာရီအထိ ဖွင့်ပါတယ်။ တနင်္ဂနွေနေ့ နဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ပါတယ်။


အာဖကန်နစ္စတန် ထမင်းနဲ့ ဆိတ်သား ဒန်ပေါက်



တူရကီ ထမင်းနဲ့ ကြက်သားဒန်ပေါက်

10 comments:

khin oo may said...

စားချင်တယ်။ စားချင်တယ်။ စားချင်ပါတယ်ကွယ်။

ပုံရိပ် / Pon Yate said...

ကိုပီတိရေ ဓာတ်ပုံတွေ ထပ်တင်ပါ။ ထမင်းစားတဲ့ အခါ တနေ့ တမျိုးကြည့်ပြီး စားရအောင်လို့။

Moe Cho Thinn said...

တရုတ်ကြီး ခုန်ခုန်ပြီး ကြော်တဲ့ ခေါက်ဆွဲပုံမှာ တရုတ်ကြီး လေထဲမြောက်နေပုံဆို ပို သဘာဝ ကျမယ်။ အဟဲ..:P

ဂျစ်တူး - gyit_tu said...

နာလိုဘူးကွ ။ သူတို့ကျ အဲလို အမျိုးမျိုး နေ့စဉ်စားရတယ် ။ ဒီကတော့ ဟို ဂျောင်နယ်မြေလေးမှာ အနီးနားက ကန်တင်းလေးနဲ့ အာသာဖြေ ။ မိုက်ပါဘူး ။

တန်ခူး said...

ဖြစ်သလိုလေးတွေကလဲ တယ်မိုက်… ကြက်သားပဲငါးပိလေးက စားကောင်းမယ့်ပုံ…

PTi said...

မခင်ဦးမေရေ... စားချင်ရင် ကျွန်တော်တို့ ရုံးနားလာပါလား.. စားစရာတွေ အများကြီးရှိတယ်။

ဓာတ်ပုံတွေ ထပ်တင်ထားတယ်နော် ပုံရိပ်..

ဟားဟား ဟုတ်ပါ့ အမချိုသင်းရယ်... တရုတ်ကြီး မြောက်နေတဲ့ပုံကို ရိုက်လို့မရလိုက်ဘူး... ဟိ

ဂျစ်တူးတို့က တောထဲရောက်နေတာကိုး... ဟဲဟဲ မနာလိုအောင် ထပ်ပြောလိုက်တာ...

တခါတလေပဲစားလို့ကောင်းတယ် မတန်ခူးရယ်... အိမ်မှာချက်စားဖြစ်တဲ့ ဟင်းကတော့ စားလို့ကောင်းတယ်.. ကိုယ့်စိတ်ကြိုက်ချက်ထားတာလေ...

ပုံရိပ် / Pon Yate said...

ဟဲဟဲ ဂလိုမှပေါ့။ ဒီနေ့တော့ ဒန်ပေါက် စားသွားတယ်။ ရှလွတ်။ ဒါနဲ့ မဂျစ်နဲ့ ကိုပီတိ ငြင်းနေကြတဲ့ လော်မီး ဆိုလား၊ အဲဒီ ခေါက်ဆွဲ ကြည့်ရတာ ကောင်းမယ့်ပုံပဲ။

လူလ said...

မင်္ဂလာပါ ကိုပီတိ

ဒီအစာတွေနဲ့ပဲ တနှစ်ပတ်လုံး လည်ပတ်နေတာပေါ့။
ကိုယ်ချင်းစားပါတယ်။ ဗမာဟင်းကိုတော့ တမ်းတမှာပေါ့။
ကောင်းပါတယ်။
စကားမစပ်.. ခေါက်ဆွဲ တော်တော် စားနိုင်တာပဲ ဟ ဟ

ရွှင်လန်းချမ်းမြေ့ပါစေ...

ယောနသံစင်ရော် said...

ကိုပိတီ... အဲ မှားလို့ ကိုပီတိ...ယောယောတို့စင်ကြာပူနိုင်ငံကို လာလည်ရင်...ဒါတွေအားလုံးလိုက်ကျွေးရမှာနော်။ ခုနုတ်ဘွတ်ထဲမှာ သေချာမှတ်ထားလိုက်ပြီ။

ရွှေဂျမ်း said...

ဗိုက်ဆာလို့ ဖြစ်သလိုတွေလာကြည့်ပြီး သွားရေကျပါသည်။ :P

Ratings