လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့… အိမ်မှာနေတော့လည်း ပျင်း၊ စာရေးဖို့ဆိုလည်း ပျင်း၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ချင် တစ်ယောက်ထဲ ဓာတ်ပုံလေးရိုက်မယ်စိတ်ကူးပြီး စင်ကာပူရဲ့ အမျိုးသား သစ်ခွဥယျာဉ်ရှိရာ Botanic Garden ကို မာစီးဒီးစ် စီးပြီး ထွက်လာပါသည်။ အဲ… အထင်တော့ စွတ်ကြီးမသွားပါနဲ့ SMRT Bus လိုင်းက မာစီးဒီးစ်ဘတ်စ်တွေသုံးလို့ပါ… မဟုတ်ရင်တော့ Volvo နဲ့သွားတယ်နော်… :P
ရောက်သွားတော့ နေ့လည် ၁နာရီကျော်.. နေကပြင်းပြင်း လူက ပျင်းပျင်းနဲ့ ကင်မရာကိုထုတ် ဟိုချိန်ဒီချိန်လုပ်တော့ သစ်ပင်ရိပ်အောက်မှာ ပျော်ပွဲစားထွက်လာသော ပျိုမေတို့က ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့… သူတို့ကိုတော့ Shutter အနာခံပြီး မရိုက်သေးဘူး ဆိုတဲ့ အတွေးနဲ့ ပြုံး… ဘာအရင် လက်စမ်းရင်ကောင်းမလဲဆိုပြီး တွေ့ရာ ပန်းကိုချိန် စပြီးရိုက်တော့… ဒီပုံလေးတွေ ထွက်လာတာပေါ့… တကယ်တော့ အပျော်တမ်းရိုက်လို့သာ စီးပွားဖြစ်သာရိုက်ရင် တော့လား….
(ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး… :D)
ပန်းနုရောင် အဖွဲ့ကတစ်မျိုး
နေရောင်ခြည်အောက်မှာ သီချင်းဆိုနေတဲ့အဖွဲ့က တစ်ဖုံ
တစ်ပွင့်ထဲလှနေတဲ့ စိန်ပန်းလေးက တစ်သွယ်
အစိမ်းရောင်တံတိုင်းကြီး အခြားခံနေရတဲ့ သူတို့နှစ်ယောက်ကျော်ဖြတ်ပြီးတော့...
သားငယ်ကိုချော့မြူနေတဲ့ မိခင်ကို တွေ့လိုက်ရပါတယ်...
ဆက်ငေးနေရင် ပူပြင်းတဲ့နေရောင်အောက်မှာ မခံနိုင်တော့တာနဲ့ သွားလိုရာ အရပ်ကိုသာ အမြန်ရောက်အောင်သွားခဲ့တော့... ဟောဒီ အပေါက်ဝကိုရောက်ခဲ့ပြီ...
အထဲကိုမ၀င်ဖြစ်သေးပဲ ကနေတဲ့ ချစ်စရာ အမျိုးသမီးလေးကို ဟောဒီလို ကြည့်...
အထဲကိုရောက်ပြီး ပန်းကလေးတွေကလှလွန်းလို့ ပြောစရာ စကားလုံးတောင် ရှာမရလို့ .. ပုံလေးတွေကိုသာကြည့်ပါတော့နော်...
ဟော... ပန်းကလေးတွေကို ကြည့်လို့ မောလာတော့ ဟောဒီအဆောက်အဦးထဲဝင်ပြီး နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့နာမည်တွေပေးထားတဲ့ ပန်ပွင့်လေးတွေကြည့် ရင်း အပန်းဖြေပါတယ်...
အဲသည်လိုနဲ့... နေစောင်းလို့ ညနေရောက်... အိမ်ပြန်ချိန်သို့ရောက်လာပြီ...
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီ စာအုပ်ဖတ်နေတာ...
သူတို့နှစ်ယောက်ကလည်း ကြည်နှုးနေလိုက်တာ...
ဟောဒီလိုမိသားစုလိုက်လည်း တွေ့လိုက်ရဲ့
ငါ့မှာတော့ တစ်ယောက်ထဲ....
ဘာလို့ ဒီလို တံခါးတွေပိတ်နေရတာလဲ...
အပြန်ပြေးလာပြီး နမ်းပါတော့ကွယ်...
(တက်ဂ် ခံထားရတဲ့ အချစ် အကြောင်း ဘယ်လိုမှ ရေးလို့ မပြီးလို့ ဓာတ်ပုံတွေနဲ့ ဆားထပ်ချက်လိုက်ပါတယ်... )
Thursday, October 30, 2008
ဓာတ်ပန်းချီ - သစ်ခွ
Posted by
P.Ti
at
Thursday, October 30, 2008
Labels: ဓာတ်ပုံများ
Subscribe to:
Post Comments (Atom)
5 comments:
မင်္ဂလာပါ ကိုပီတိ
ပန်းခြံတွေထဲ အားအားတိုင်း စိတ်ညစ်ပျောက်မလားလို့..
ချစ်သူတွေ စုံတွဲများစွာ အားကျသလို ရှိ ခိုက်..
...
....
သီချင်းလေး ငြီးဆိုရင်းပေါ့...
ရွှင်လန်းချမ်းမြေ့ပါစေ...
အဟမ်း အဟမ်း ပန်းခြံထဲက အတွဲတွေကို သွားသွား ကြည့်ပြီး ရိုက်လာတဲ့ ဓါတ်ပုံတွေရဲ့  အောက်က စာညွှန်းလေးတွေကတောင် အတော်တာသွားနေပြီဆိုတော့ အချစ်ဆိုသည်မှာကို ရေးရင် ပျံလန်ထွက်နေမှာသေချာပြီ။ ခုတောင် ဘာတဲ့ အမြန်ပြန်လာပြီး နမ်းလှည့်ပါကွယ် တဲ့ ဟီးဟီးးးး။ ပီတိ တို့ တော့ လေသံပစ်နေပြီ ။
အော် ဒီလိုပို့စ်တွေနဲ့ ကိုပီတိတို့က hint တွေ ပေးနေတာကိုး ။ ကိုပီတိရဲ့ hint ကိုယူပြီး ရောက်လာမယ့် ကောင်မလေး တွေ့ပါစေသတည်း အဟား ။
ဒါနဲ့ တချို့ပန်းပုံလေးတွေ ကြိုက်တယ် .. တချို့ကတော့ ကြိုးစားရန်လိုပါသေးသည် ဟု မြင်မိပါကြောင်း ... ။
ပီတိက အနုစားပါလား။
တယ်ဆိုတဲ့ နောက်ဆုံး ဓာတ်ပုံပဲ။ အဟက် ဟက်..
သူ့ဖာသာသူ တံခါးပိတ်နေတာကို ပြသနာက သွားရှာသေးသကိုး။
အတွဲတွေ ဓာတ်ပုံရိုက်လိုရိုက်၊ အ၀တ်မပါတဲ့ သားအမိပုံ ရိုက်လိုရိုက်..။ သူ့မှာ အချစ်အကြောင်း ပို့စ် မရေးချင်လို့ လှည့်ပတ်ကွေ့နေရရှာတယ်။
ချစ်တာကို ကျော်ပြီး နမ်းပါတော့ကွယ် သွားလုပ်ရင်တော့ မှားမယ်မောင်။
ဟုတ်ပ ကိုလူလရေ... အဲလို သီချင်းတောင် မဆိုနိုင်ပါဘူးဗျာ
အဟဲ.. လင်းရေ... ပျံလန်တော့ မထွက်လောက်ပါဘူး...
ဟားဟား ဟင့်.. မပေးပါဘူး ဂျစ်တူးရယ်...
ဟုတ်တယ်.. ကျွန်တော်လည်း ကြိုးစားနေတုန်းပဲ... နောက်ပိုင်းတော့ ပိုကောင်းလာမယ်ထင်ပါတယ်...ဝေဖန်ပေးတာ ကျေးဇူး...
ဟီး... အမချိုသင်းရေ.. မမှားအောင် လုပ်တဲ့နည်းရှိတယ်.. :P
Post a Comment