ဒီမှာ ဒီမှာ…
တခါတရံမှာ
အတွေ့အကြုံကို မှတ်တမ်းလုပ်
ဗဟုသုတ အဖြစ်
ရေးတယ် ဗျာ…
တခါတရံမှာ
စိတ်ကူးတွေကို အဟုတ်လုပ်
ဇာတ်လမ်းပမာ အဖြစ်
ရေးတယ် ဗျာ…
တခါတရံမှာ
ဓာတ်ပုံတွေကို ထုတ်
စိတ်ဝင်စားတဲ့လူတွေ အတွက်
ရေးတယ် ဗျာ…
တခါတရံမှာ
ပေါက်ကွဲချင်တဲ့ အတွေးစုတ်နဲ့
ကဗျာအဖြစ် ခေါင်းစဉ်လုပ်ပြီး
ရေးတယ် ဗျာ…
ကဲ မိတ်ဆွေ..
ခင်ဗျားကရော ဘာဖတ်ချင်တာလဲ…
နေနေနိုင့်ဘလော့က မောင်ကြည်မွန်ရေးတဲ့ ဘာရောင်းပါသလဲ... ကဗျာကိုဖတ်ပြီး ရေးပါသည်။
Wednesday, November 5, 2008
ဘာဖတ်မှာလဲ
Posted by
P.Ti
at
Wednesday, November 05, 2008
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
7 comments:
ဒီမှာ ဒီမှာ
တခါတရံမှာ
ရင်ခုန်သံတွေကို စကားလုံးလုပ်
ခံစားချက်တွေ တေးသီကုံးတဲ့
အချစ်ဆိုသည်မှာ ၃ ကို
ဖတ်ချင်တယ်။
Same as Linn. :)) (If u have,......)
ရှိသေးရင်..နည်းနည်းရေးပါ....
ရေးသမျှ ဖတ်ချင်တာပါဘဲ။
ရေးဖြစ်ဖို့သာ အဓိကပါလေ။
သူများဖက် မြားဦးမလှည့်ပါနဲ့။ :)
ဘာပဲဖြစ်ဖြစ် ဖတ်တယ်။
ဒီမှာ ဒီမှာ
တခါတရံမှာ
ဟိုးအဝေးက တောင်တန်းတွေကို
မျှော်ငေးဖို့
တောင်တက်အသင်းပုံရိပ်တွေကို
ပြန်လည် တူးဖော်ပါကွယ် ။
ဒီမှာ ဒီမှာ
တခါတရံမှာ
တခွိခွိ ရယ်မောနိုင်ဖို့
ပီတိရဲ့ ဖြစ်ရပ်မှန် ကမောက်ကမတွေကို
ပြန်လည် ဖောက်သည်ချပါကွယ် ။
အဟဲ.. မလင်း.. အခုလို ဇာတ်လမ်းတွေရဖို့ ၁၂နှစ်လောက်ကြာတယ်ဆိုတော့ နောက်ထပ် ၃-၄နှစ်တော့ စောင့်ရမယ်ထင်တယ်နော်...
sin dan lar ရေ...ရှိတော့ဘူး ကုန်သွားပြီ... :P
မခင်ဦးမေ... အားပေးတာကျေးဇူး.. နောက်တစ်ခါ ဆပ်ပြာတိုက်ရင် သေချာကိုင်ထားနော်... $၁၃၀တောင်..
ဟားဟား အမချိုသင်းပြောမှ... ဟီး.. တခါတလေ မရေးဖြစ်ပဲ ပျင်းနေတတ်တယ်လေ...
ကျေးဇူး ပုံရိပ်... ပုံရိပ်လည်း ဘာပဲဖြစ်ဖြစ် ရေးပါဦး
အဟဲ ဂျစ်တူး သတိပေးမှပဲ.. ဟုတ်ပနော်..ဆက် ရေးမယ်...
Post a Comment