အရင်တပတ်က သူမ ကို အပြင်သွားဖို့ခေါ်လိုက်ပါတယ်။ ပြီးတော့ အင်္ကျီအပိုတစ်စုံလည်း ယူခဲ့ပါလို့ ခိုင်းလိုက်တယ်လေ…
သူမက တွေ့တော့… ဘယ်သွားမှာလဲတဲ့… ကျွန်တော်ကတော့ ဒီနားလေးတင်ပဲလို့ပြောပြီး သူ့ကို ဂရုမစိုက်အားပဲ နေရာလိုက်ရှာနေမိတယ်… သြော်… နေရာဆိုတာ နောက်ခံကောင်းတဲ့နေရာ.. ပြောရင်းရှုပ်ကုန်ပြီ… ဓာတ်ပုံရိုက်ဖို့ နောက်ခံကောင်းတဲ့နေရာ… ဟုတ်ပြီနော်… တစ်မျိုးတွေးမိကုန်မှာစိုးလို့ပါ။
ဒီနေရာလေးမှာထိုင်ဆိုတော့ သူမက အတူတူထိုင်မှာလားတဲ့… ကျွန်တော်က မဟုတ်ဘူးလေ… ဓာတ်ပုံရိုက်မလို့ ဆိုလိုက်ရော… စိတ်ကောက်သွားပါလေရော…
စိတ်ကောက်တာ ဒီဘက်ကိုတောင်မကြည့်ဘူး…
နောက်တစ်ဖက်ကိုတောင် ဒီလို လှည့်သွားတယ်…
ချော့လိုက်တော့ နည်းနည်းတော့ စိတ်ဆိုးပြေသွားတယ်... ဒီဘက်ကို နည်းနည်းလေး ခိုးကြည့်လိုက်တယ်…
စိတ်ကောက်ပြေသွားတော့ သူမရဲ့ အပြုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်…
သူမကို လှတယ်လို့ပြောတော့ မြှောက်တာကလည်း လွန်းရောပဲဆိုပြီး ရီလိုက်တာ…
ဒီဖက်လှည့်ပါဦးဆိုတော့… သူမက ခပ်ပြုံးပြုံးလေးနဲ့ လှည့်ကြည့်လိုက်တယ်…
ကဲ… အ၀တ်သွားလဲတော့ လည်းဆိုရော… ရေသွားကူးမယ်မှတ်တာ လက်စသတ်တော့ ဓာတ်ပုံရိုက်ဖို့ကိုး ဆိုပြီးတော့ မကြည်မလင်ဖြစ်နေပါတယ်။
သူမရဲ့ ဆံပင်လေးတွေကကောင်းတော့ ဆံပင်အသားပေးရိုက်ဖို့ ဆံပင်ကိုလှည့်ခိုင်းပြီးရိုက်လိုက်တာလေ…
ပြီးတော့ တရုတ် ၇ လပိုင်းကို ရောက်နေသလိုပဲလဲဆိုတော့ …. ဘယ်လုပ်ပြတယ်မှတ်လဲ…
Saturday, November 8, 2008
ဓာတ်ပန်းချီ - သူမ
Posted by
P.Ti
at
Saturday, November 08, 2008
Labels: ဓာတ်ပုံများ
Subscribe to:
Post Comments (Atom)
18 comments:
ဟင်း ဟုတ်သလိုလိုနဲ့နော် မသိရင်ခက်မယ်
မင်္ဂလာပါ မောင်ပီတိ
ရိုက်ချက်တွေကို ငေးမောသွားတယ်။ ကင်မရာကပဲ ကောင်းလို့လားမသိဘူး၊ လန်းနေတာပဲ
ရွှင်လန်းချမ်းမြေ့ပါစေ...
kom: ကောင်မလေးလှလို့ ဒါတ်ပုံကောင်းတာပါအေ။
အဟွတ်..အဟွတ်ဟွတ်ဟွတ်.....
သြော်..ဒီချောင်းက ဆိုးမိရင်...:)))
ဟုတ်ပ မပန်ပြောသလို .. မသိရင်ခက်မယ်နော် အဟဲ ။
သိတဲ့သူတွေ များနေပြီနော် ကပီတိ...
ကျနော်လည်း သိတယ်....
သိတယ် မှတ်လား ....း)
ဟင်. တို့ မသိပါလား။ ပြောပြကြပါဦး။ သိချင်လွန်းလို့...
အလဲ့ တယ်ဟုတ်ပါလား ။ ဒါပေမဲ့ မပန်တို့  ဂျစ်တူးတော့ စကားအရ ဟင်း မသိရင်ခက်မယ်နော် အဟမ်အဟမ်း။ ဟိ သူများလို လိုက်ပြောကြည့်တာပါ။
စကားမစပ် အဲဒါဘယ်သူတုန်း။
ပီတိတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
သူများပစ္စည်း မဟုတ်လား။ :D
ချစ်စရာကောင်းလိုက်တာဟယ်.. တကယ်ပြောတာ။
ပန်ဒိုရာကလည်း အဟုတ်ပဲ ဟာကို…
ကိုလူလ… ကင်မရာလည်းကောင်း.. ကောင်မလေးကလည်း လှလို့နေမှပေါ့နော်.. အဟဲ
ဟုတ်ပါ့ မခင်ဦးမေရယ်…
သြော် sin dan lar အအေးမိနေတယ်ထင်ပါရဲ့… ကျန်းမာရေး ဂရုစိုက်နော်… :P
ဂျစ်တူးကလည်း ဟုတ်ပါတယ်ဆို…
ကိုအောင်သာငယ်လည်း သိသွားပြန်ပြီ… အဟဲ…
မခင်ဦးမေရေ… ဘာမှမဟုတ်ဘူး.. ကောင်မလေးလှတာကို သိနေကြတာ…
ဟားဟား… မလင်း… စကားမစပ်… စာကိုဖတ်ကြည့်ပေါ့… ဟီး
ဟာ… အမချိုသင်း လုပ်လိုက်မှ သွားပြီ… အကုန်ပေါ်တော့မယ်… :P
ဟုတ်တယ်.. ဆရာမ… ချစ်စရာကောင်းတယ်…
အဟဲ… ချစ်စရာကောင်းဆို ချစ်စရာကောင်းတဲ့ကောင်မလေးကို ရွေးထားတာကိုး…. သြော်.. ဓာတ်ပုံရိုက်ချင်လွန်းလို့ ရွေးထားတဲ့ မော်ဒယ်မလေးလို့ ပြောတာနော်… တော်ကြာ တမျိုးထင်ကုန်မှာစိုးလို့… ပြောလိုက်ပြီနော်… :D
အဟမ်း အဟမ်း...
ဘာရယ်တော့ မဟုတ်ပါဘူး။ ချောင်းဆိုးတာပါ။
ကိုပီတိရေ… စုံတွဲပုံလေးမဟုတ်တော့ ယုံရအခက် မယုံရအခက်ပေါ့…
မခံနဲ့ … စုံတွဲပုံလေးသာတင်လိုက်…
ကောင်မလေးက ချစ်စရာလေးနော်…
ကိုပီတိလက်ရာလေးက မိုက်မှမိုက်…
ဘာရယ်တော့မဟုတ်။ အူတတ်အောင်တော့ ရီရတယ်ဗျို့။ ကောင်းမလေးကြည့်ပြီးတော့ လန်းသဗျို့။
(ကျေးဂျူးပါ ကင်မရာမင်န်း)
ကိုဂျူလိုင်... ချောင်းဆိုးနေရင် ကျန်းမာရေး ဂရုစိုက်နော်... :P
ဟုတ်ပါ့ မတန်ခူးရယ်.. စုံတွဲပုံတင်လိုက်မှ ဟိုထင်ဒီထင်တွေ ရပ်သွားမယ်နော်...
တက်လူငယ်... အားပေးတာ ကျေးဇူးတင်ပါတယ်...
;)
ဖလစ်ကာက ပုံတွေလား ဟေ့။
ဖလစ်ကာကတော့ဟုတ်ပါတယ်... ဒါပေမယ့်ကိုယ်ပိုင် ဖလစ်ကာကနော်... :P
အော်...
သူက ဒီလိုလား...
Post a Comment