လက်ဆောင်ပေးတယ် ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြမှုပင်ဖြစ်ပါတယ်။
ဆိုပြီး ကျွန်တော် လက်ဆောင် ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။
ချစ်ခင်ရင်းနှီးမှုတွေ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းပျောက်ဆုံးသွားတဲ့ အချိန်မှာကျတော့ ပေးထားတဲ့လက်ဆောင် ပစ္စည်းတွေကို ပြန်ပေးလေ့ရှိကြတယ်။
ကျွန်တော်ရဲ့ ခံယူချက်ကတော့လေ လက်ဆောင်ကိုပေးလိုက်ပြီးပြီဆိုရင် လက်ခံလိုက်တဲ့သူက ပိုင်ရှင်ဖြစ်သွားပါပြီ။ ပေးတဲ့လူနဲ့ လက်ဆောင်ပစ္စည်းတွေဟာ ပိုင်ဆိုင်မှုအရ ဆက်နွယ်မှုမရှိတော့ပါဘူး။
အဲဒါကြောင့် ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဘယ်တော့မှ ပြန်မတောင်းတတ်သလို၊ ကိုယ်လက်ခံထားတဲ့ လက်ဆောင်တွေကိုလည်း ဘယ်တော့မှလည်း ပြန်ပေးလေ့မရှိပါဘူး။ အဲတော့ အဆင်မပြေရင် ပြန်ရမှာပဲဆိုပြီးတော့ တွက်ကိန်းနဲ့တော့ ကျွန်တော့်ကိုလက်ဆောင် မပေးလေနဲ့.. ဘယ်တော့မှ ပြန်မရဘူးမှတ် :P
ပေးထားတဲ့လက်ဆောင် ပြန်အပေးခံရပြီဆိုရင်လည်း စိတ်မကောင်းသလို… စိတ်လည်းဆိုးပါတယ်…. အဲလိုလုပ်တာက မရင့်ကျက်တဲ့ ကလေးအတွေးတွေပါ…
ပေးထားတဲ့ ပစ္စည်းကို သုံးလို့ရင်သုံးလိုက်ပေါ့… အဲလိုမှ မသုံးချင်ရင်လည်း သူများပေးပစ်လိုက်လို့လည်းရပါတယ်။ ယုတ်စွအဆုံး အမှိုက်ပုံးထဲ လွင့်ပစ်လိုက်ပါ။
အဲ… ဘယ်လိုမှ မနေနိုင်တော့ဘူး ပြန်ပေးလိုက်ရမှ စိတ်ကျေနပ်မယ်ဆိုရင်လည်း ပို့ခလေးတော့ အပြည့်အ၀ပေးပြီး ပို့ပါဗျာ...
အခုတော့ အထုပ်ပို့လိုက်တယ် လာယူပါဆိုလို့ ဖုန်းဆက်တာနဲ့ သွားယူတာ ၉ဒေါ်လာလည်း ပေးလိုက်ရသေးတယ်။ ပြီးတော့ ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတာကတော့…
ပြန်ပို့လိုက်တဲ့သူရဲ့ မွေးနေ့အမှတ်တရ ကို ဖြစ်လို့… ပေးလိုက်ရတာ ၉ ဒေါ်လာ… ၉ ဒေါ်လာ :D
11 comments:
အဟဲ..
အကြံပေးလိုက်မယ်။
နောက်ကို ပြန်အပေးမခံချင်ရင် စိန်လက်စွပ်တို့.. စိန်လော့ကတ်သီးတို့.. ဒါမှမဟုတ်.. ဒစ်ဂျစ်တယ်ကင်မရာတို့.. အိုင်ပေါ့တို့.. ဟန်းဖုန်းတို့... အို.. ဖြစ်နိုင်ရင် လက်ပ်တော့ပ်တို့ လက်ဆောင်ပေးပါ။ ဒါဆို အကယ်၍ ပြန်ပေးခဲ့သည်ထား ၉ ဒေါ်လာနဲ့ ရွေးရကျိုး နပ်တာပေါ့။
ပီတိကြည့်ရတာ သူငယ်ချင်းတွေကို လက်ဆောင်ပေးရတာ ၀ါသနာပါပုံရတယ်.. ဒါနဲ့ ခရစ်စမတ် နီးလာပြီနော်.. :D
သူငယ်ချင်း ပန်ပန်
အေးနော်... ပို့ခပေးရတာက ဈေးကြီးလိုက်တာ..့ ပစ္စည်းကအလေးချိန်ရှိလို့ပေါ့... ဘယ်သူကပြန်ပေးလိုက်တယ်ဆိုတာတော့ မပါဘူးနော်:D
အဲဒါ သူ့ဘက် သိတ်မပြတ်တဲ့သဘော ဆောင်ပါတယ်။ သူတကယ်ပြတ်ရင် လွှတ်ပစ်လိုက်ပါတယ်။ ပြန်ပို့ပေးတယ် ဆိုကတည်းက သူ့ရင်ထဲမှ ကိုယ့် အတွက်ခံစားချက်ရှိနေလိဲု့ပါယ်
စုံထောက်ကြီး အမြင်အရ ပြောရ၇င် ရန်ကုန်က လာတဲ့ပစ္စည်းဖြစ်ပုံရတယ်။
အရုပ်လေးမှာပါတဲ့ စာသားက ရိုးရိုးသားသား ဥစ္စာ..
အဲဒီတော့ ဘာလဲ၊ သူငယ်ချင်း အဖြစ် မနေတော့ဘူး၊ တဆင့်တက်ကြရအောင်ဆိုတဲ့ သဘောလား။ :D
ငါ့မောင်ကတော့ ခံဖက်ကချည်းပါပဲကွာ..
မင်္ဂလာပါ မောင်ပီတိ
နှစ်ကိုယ်မကြည်ဖြူ မယူသူအပြစ်မရှိတဲ့
ပီတိနှစ်ခါနာသလို ဖြစ်သွားတာပေါ့
တော်ကြာ ပြန်ပေးတဲ့သူက “ အမှတ်တရ ၉ ဒေါ်လာ” ကို ဖတ်လိုက်ရရင်၊ ဒီလူကြီး ဘလောဂ်မှာတောင် အတင်းချတယ်ဆိုပြီး တင်းနေဦးမယ်..
သြော် ဘ၀ ဘ၀...
ဟိတ် အဲဒါ ဘယ်သူလဲ? ဟီးဟီး ဒီလို တကွက်ချန်လို့ တော့ ဘယ်ရမလဲ
အချက်အလက်တွေ အများကြီးကျန်နေပါတယ်..
ဘယ်သူ့ကို၊ ဘယ်အကြောင်းကြောင့်၊ ဘယ်နေရာသို့
ပို့တာလဲ ဆိုတာ။ ၁၀ တန်းတုံးက ရေသည်ပြဇာတ်မကျေဘူးထင်တယ်...:P:P
ကိုပီတိရေ… မမခင်ဦးမေပြောသလို တုန့် ပြန်ခြင်း တမျိုးပေါ့…
နင့်ကို ငါမုန်းလိုက်တာ ဆိုတာနဲ့  နင့်ကိုငါတကယ်စိတ်မ၀င်စားလို့ ဆိုတာ ၂ ခု မတူဘူးနော်…
ပထမတခုက မျှော်လင့်ချက်ရှိနေတယ်…
ဒီတော့ အဲဒီပစ္စည်းလေး ခဏသိမ်းထားလိုက်ဦး… ပြန်တောင်းချင်တောင်းနေဦးမှာ…
ဓါတ်ပုံတွေ တင်ပြီးကြွားလိုက်မှတော့ လက်ဆောင် ပြန်ပို့ ခံရပြီပေါ့။ နည်းတောင် နည်းသေး။
ပို့စ်အသစ်လာရှာတုန်း ကိုရဲမွန်ရဲ့ ကွန်မန့်ဖတ်ပြီး ထပ်ရီသွားတယ်။ :D
ကိုရဲမွန်ကဆော်လိုက် ရွှေဂျမ်းကရယ်လိုက် နဲ့... :(
Post a Comment