Sunday, November 2, 2008

The New Paper Big Walk 2008 - Photos


ဒီနေ့မနက်က စင်ကာပူထုတ် သတင်းစာ the new paper  ကဦးဆောင်ကျင်းပတဲ့ BIG WALK on water လို့ခေါ်တဲ့ လမ်းလျှောက်ပွဲကို ၀င်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မှတ်တမ်းအဖြစ်တင်လိုက်တာပါ... 


မနက်စောစောထ အစောဆုံးရထားကိုစီး စုရပ်ဖြစ်တဲ့ SunTec City ကိုချီတက်ခဲ့ပါတယ်...


ရောက်တော့ လူတွေတော်တော်များများတောင် ရောက်နေပါပြီ...


တချို့က လမ်းလျှောက်ပွဲတံဆိပ်ကပ်နေတုန်း...


တချို့ကတော့ အချင်းချင်းမိတ်ဖွဲ့...


သားသားကတော့ အဲဒါကြီးကိုပဲလိုချင်တာ...


လမ်းလျှောက်ထွက်ဖို့အသင့်ပြင် အားလုံးလက်တွေ လေထဲမြှောက်ထားလိုက်...


အချက်ပေးလို့ညာသံအော် ထွက်လာပါပြီ လမ်းလျှောက် လမ်းလျှောက်...


ဆန်းတက်ကထွက် နီကိုးအဝေးပြေးလမ်းပေါ်ရောက်လာပြီ...


ဆန်းတက်ကိုနောက်မှာချန် ရှေ့သို့ဆက်လျှောက်ကာ...


Golden Mile ကိုမြင်ပြီလေ...


လေဆိပ်ဟောင်းကိုရောက်တော့ ညာဘက်ကွေ့...


ဖျက်မယ်တကဲကဲနဲ့ အားကစားကွင်း ကိုရောက်...


မိုးလုံလေလုံ အားကစားရုံကိုကျော် ဒီတံတားကိုဖြတ်ပြီနော်...


အိပ်ယာထရမှာပျင်းတဲ့ကျွန်တော် Tanjong Rhu နားကနေ Kallang River ဘေးက မတွေ့ဖူးသေးတဲ့ ရှုခင်းတွေကို ဒီလိုဒီလို အားရပါးရကြည့်...






ရဲတွေကလည်း ကူညီကာ လမ်းရှင်း...


လမ်းလျှောက်တဲ့လူတွေကလည်း တောနင်း...


ခဏလျှောက်တော့ Marina Bay Golf Course ဘေးကတောလမ်းလေးကိုရောက်...


တောပန်းလေးကို လှလှ ရိုက်...


ဂေါက်ကွင်းဘေးကနေလျှောက်ပြီး မကြာခင်မှာတော့ ကောင်ကင်ပြာပြာအောက်က Singapore Skyline ကိုတွေ့လိုက်ရပါတယ်...


လူတွေက ဟိုမှာဟိုမှာ ပြောသံကြာရာ ကြည့်လိုက်တော့ ပန်းတိုင်ဖြစ်တဲ့ Marina Barrage ကို အဝေးကနေ တွေ့လိုက်ရပါပြီ


အဝေးကနေ အနီး...


Marina Bay ကိုလည်း ပြန်မြင်နေရပြီ...


ဆက်လျှောက်လာရင်း... ရေပေါ်မှာလမ်းလျှောက်နေပါပြီ...


တစ်ဖက်ကိုကြည့်တော့ သင်္ဘောတွေအများကြီးရှိတဲ့ ပင်လယ်ပြင်ကြီး (မြင်ကတဲ့ သံတန်းကြီးကတော့ barrage ကို သင်္ဘောတွေတိုက်မိမယ့် အန္တရယ်ကနေ ကာကွယ်ထားတာပါတဲ့...)


တစ်ဖက်ကတော့...


ပန်းတိုင်နား ကြယ်ပွင့်တွေမှုတ်ထုတ်နေတဲ့နေရာမှာ ကြိုးစားပြီး ခူးဆွတ်နေကြပါတယ်... မမီတဲ့ကြယ် လက်နဲ့ရွယ်နေတာပေါ့...


လက်နဲ့ရွယ်နေတာ တစ်ယောက်မကများလာပါတယ်..


ပန်းတိုင်ကို အပြေး ရောက်လို့လာ...


ဘင်တွေတီးလို့ ကြိုလို့ကြိုလို့...


သူတို့လေးတွေလည်း ပါတယ်ဗျာ...


နံနက်စာတွေရောင်းတဲ့ဆိုင်တွေ


ဟောဒီမှာတော့ အလကားပေးနေ... (ကူပွန်တော့ပါရတယ်နော်...)


အဲလိုခြောက်နဲ့ သားသားကြောက်...


နေပူပူအောက် အပေါ်ရောက်တော့...


ပူတာပေါ့...



ပူတာပေါ့...


ပန်းတိုင်ကိုတော့ ၀င်လာမစဲ တသဲသဲနဲ့...


ပြခန်းထဲမှာတော့ ခြောက်ကပ်ကပ်...




အတွင်းနဲ့အပြင် အလင်းနဲ့အမှောင်


ပြန်ရဖိုအရေး တန်းစီပေ... အရမ်းကြာသလေ...


ပြန်ရောက်တော့ သူကမေး... ငါ့အတွက် ဘာပါသလဲတဲ့...


Marina Barrage အကြောင်းကိုတော့ ဒီကိုလာ က ဒီမှာ အသေးစိတ် ရေးထားပါတယ်။

4 comments:

ဂျစ်တူး - gyit_tu said...

ပျော်စရာကြီး ။ စင်္ကာပူ မနက်ခင်းက လှလိုက်တာ ။ နောက်နှစ် အဲဒီ လမ်းလျှောက်တာ ပါဦးမှပဲ ။

လင်း said...

သြော် ခေသူမဟုတ်ပါဘူးဆိုမှ လက်စွမ်းပြနေပြန်ပြီနော်။လူအုပ်ကြားထဲမှာ သူတို့ လေးတွေကိုလည်း မျက်စိရှင်ရှင်မြင်တယ်ပေါ့၊

TZA said...

ပုံကြည့်သွားတယ်ကိုပီတိ၊ ပျော်စရာကြီးဗျ၊ ကျနော်တော့ မရောက်ဖြစ်သေးဘူး၊ သွားဦးမှပါပဲ။

P.Ti said...

ဟုတ်တယ် ဂျစ်တူး ပျော်ဖို့တော့ကောင်းတယ်.. ပြိုင်ပွဲလည်းမဟုတ်တော့ အေးအေးဆေးဆေးပဲ...

အဟဲ လင်းကလည်း... ဒါကတော့ ဒါပေါ့နော်..

ဟုတ်တယ် TZA ရောက်ဖူးသင့်တယ်.. TZA ဆိုပုံတွေ အများကြီးကောင်းအောင် ရိုက်နိုင်မှာ...

Ratings