Wednesday, December 31, 2008

နှစ်သစ် အတွေး

အသုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလျော့ရမည်။

အပြုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုပေးရမည်။

အမုန်း
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုခံရမည်။

အသစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလိုချင်သည်။

အပြစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုထိန်းရမည်။

အချစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ...... ။

6 comments:

sin dan lar said...

အချစ်..
မနှစ်ကနဲ့မတူ
ဒီနှစ်..ပိုစစ်ရမည် (သို့) ပိုသစ်ရမည် :P:P

pandora said...

အမုန်းက ဘာလို့ ပိုခံရမှာလဲ။ ပိုလျော့ပါစေ။

အချစ် သစ်သစ် စစ်စစ် များနဲ့ ဂစ်ဂစ် မဖြစ်ပါစေနဲ့။

ံ့Happy New Year 2009!

Moe Cho Thinn said...

ကဗျာလေးက ကောင်းလိုက်တာ မောင်လေးရေ..
ဒါပေမဲ့ အမုန်းတွေ သူများမှာရော ကိုယ့်မှာရော နည်းစေ..၊ နော်..
အချစ်မှာတော့ ပန်ပန် ပြောသလို ဂစ်ဂစ် ဂစ်ဂစ်နဲ့ မဖြစ်ရင် ပြီးတာပါပဲ။ ဟောင်းဟောင်းသစ်သစ် ကိုယ့်မောင်လေးရဲ့ ချစ်ချစ်ဆိုတော့ ချစ်ရမှာပါပဲလေ..

ပုံရိပ် / Pon Yate said...

အချစ်က ဘာဖြစ်သလဲ ဆက်မပြောတော့ဘူးပေါ့...

P.Ti said...

sin dan lar ကွက်လပ်ဖြည့်ခိုင်းထားတော့ ထင်ရာသာပြောလို့ရပါတယ်..

အဟဲ... ပန်ဒိုရာရေ... ဂစ်ဂစ် မဖြစ်ရလေအောင် ... ကြိုးစားပါမည်

အမချိုသင်း အမပြောလိုက်တာ အားရှိသွားတာပဲ...

အမုန်းခံရမည်လို့ပြောချင်တာကတော့ ကိုယ်လုပ်ချင်တာတွေကို ပိုလုပ်ဖို့ရှိတော့ သူများတွေ နည်းနည်းတော့ ပိုမုန်းနိုင်တာပေါ့နော်... အလုပ်မှာပြောတာပါ...အဲဒီအတွေးကြောင့်ပါ...

ပုံရိပ်.. အချစ်ကဘာဖြစ် သိချင်ရင် အဖြူရောင် ဘလော့ပေါ်မှာ ဆက်လက်ရှုစားပါ.. အဟဲ

Pinkgold said...

အချစ်
မနှစ်ကနဲ့ မတူ..
ဒီနှစ် ပိုများစေရမယ်

တန် တန့် တန်

Ratings