တစ်နေ့က ကာဗာနာ တံတား (Cavenagh Bridge - အသံထွက်မှားရင် ပြင်ပေးသွားပါ) နားရောက်တုန်းက ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။
ကာဗာနာတံတားက စင်ကာပူမှာ တစ်ခုတည်းသော ကြိုးဆိုင်းတံတားဖြစ်ပြီး သက်တမ်းအရင့်ဆုံးတံတားတစ်စင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၁၈၇၀ ခုနှစ်မှာဖွင့်လှစ်ခဲ့တာပါ။ အပြည့်အစုံကို ၀ီကီပီဒီယား မှာ ဖတ်ကြည့်နိုင်ပါတယ်
တံတားမှာအလှဆင်ထားတဲ့ မီးရောင်သုံးမျိုးနဲ့ သုံးပုံပါ။ စင်ကာပူမြစ်ထဲသွားတဲ့ အပျော်စီး စက်လှေဖြတ်ချိန်ကို စောင့်ပြီးရိုက်ထားတာပါ။
From Cavenagh Bridge |
From Cavenagh Bridge |
From Cavenagh Bridge |
Exposure: 30 sec (မိနစ်ဝက် အသက်မအောင့်နိုင်ပါက သုံးချောင်းထောက်နဲ့ရိုက်ပါ :P)
Aperture: f/22
ISO Speed: 100
White Balance: Auto (edited)
Camera: Nikon D60
Lens: Tamron 18-200
(ကင်မရာ အယူအဆကို TZA - ဒီကိုလာ ရဲ့ပုံစံကို အတုယူပြီး ရေးထားပါတယ်)
မှတ်ချက်။ ။ ကိုယ်ပိုင်ရိုက်ထားသော ဓာတ်ပုံတွေဖြစ်ပါသည်။ ဖလစ်ကာမှာ ရှာဖွေတွေ့ရှိပါကလည်း မူလပိုင်ရှင်သည် ပီတိသာလျှင်ဖြစ်ပါသည်။ အလကားယူသုံးခြင်းသည်းခံပါ။ အသုံးပြုလိုပါက ပိုက်ဆံပေးပြီး သုံးနိုင်ပါသည်။ :P :D
10 comments:
ပိုက်ဆံတော့ မပေးနိုင်ပေါင် ။ ဖလစ်ကာမှာတွေ့ လဲ တွေ့ တွေ့ ပေါ့ ။ ကိုယ်တိုင်ရိုက်ထားတာ တချိန်တည်း တနေ့ တည်း အယူအဆတူစွာ ရိုက်မိတာပါလို့  ပြောမှာပေါ့။ ဒါလေးများးး :D
ဒါပေမဲ့ လင်းကတော့ လေနဲ့ တိုက်ရင် လဲမှာပါလေ ( ၀ါးခြမ်းပြားလို ပိန်တာဆိုတော့ လေတိုက်ရင် လဲမှာသေချာပါတယ်) ဆိုင်လားမဆိုင်လားတော့မသိ ခောတ်စားနေတာတွေ ပြောကြည့်တာ
kom: ဘော်ဒါ အချင်းချင်းဘဲဟာ. ငွေရေးကြေးရေး အကြောင်း မပြောပါနဲ့ အလကားဘဲ ယူသွားမယ်။ မယူစေချင်ရင် ဆိုင်းထိုါ်ထားပါလား. :D
လှတယ်
လိုက်ရိုက်ဦးမှပဲ
(လူကို.. တုတ်နဲ့)
အံမယ် ကင်မရာတလုံးနဲ့ တယ်အလုပ်ဖြစ်နေပါလား။ ကောင်မလေးပုံ ရိုက်လိုက်၊ တံတားပုံ ရိုက်လိုက် နဲ့။ ဒါမျိုးတွေ ခေတ်စားနေပုံရတယ်။ :)
ဓါတ်ပုံတွေ လှတယ်။ ပို့စကဒ်လေးတွေကျနေတာပဲ။ နာမည် စာတန်းထိုးထားတာတွေ့တော့ ကိုယ့်ဓါတ်ပုံတွေ တင်ရင်လည်း နာမည်ထိုးဖို့ သတိပေးလိုက်သလိုပဲ။
ကိုပီတိ wide angle lens တစ်လုံး လိုနေပါပြီ၊ ပိုက်ဆံကုန်ရန်ပြင်ထားပါ။ ဟားဟား။
I don't want photos, but, the camera. I think there is SLR-infection among bloggers.
ဟား....ဆားလှလှလေးတွေ ချက်နေပါလား။
so beautiful foto's...i mean it..great
ပုံတွေက လှလွန်းတယ်ဗျာ။ ရှယ်ပဲ.... အတုယူသွားပါတယ် ခင်ဗျာ။
Post a Comment