Saturday, January 3, 2009

ရှေ့သို့...

တောလမ်းကိုကြည့်
ညှောင့်ခလုတ်တွေများလှတယ်…

တောင်အမြင့်ကိုမြင်
လမ်းအတက်က မတ်စောက်တယ်...

မြစ်ပြင်ကိုတွေ့
လှိုင်းလေတွေက ထန်လွန်းလှတယ်...

ပန်းတိုင်ရောက်ဖို့
စွန့်စားဖို့ရန် တွန့်ဆုတ်နေရင်
နောက်မှာချန်ကာ ကျန်ရစ်ခဲ့တော့...

ကောင်ကင်ပေါ်ပျံ တောင်ပံကိုဖြန့်
အလင်းနှုန်းနဲ့ တိမ်လွှာဖောက်ကာ
အမြင့်ထက်က အာကာယံကို
ရဲရင့်သူ ငါ... သွားနှင့်ပြီ...

3 comments:

လင်း said...

တောင်တက်အသင်းဝင်မဟုတ်လို့ 
နည်းနည်းတော့ တွန့် ဆုတ်နေတာ ဖြစ်မှာပါ။
လက်တွဲပြီး ရအောင်ခေါ်လေ။
ဘယ်နှယ့် ။
ဒီလိုစိတ်ကြီးပုံနဲ့ တော့ ငပိတယောက် မိန်းမရကိန်းမမြင်

P.Ti said...

အဟဲ.. အဲလို ပြောတာမဟုတ်ပါဘူး လင်းရယ်... ကိုယ့်အတွက် ကိုယ်ရေးတာပါ... :P

မိန်းမရကိန်းမမြင်တော့ဘူးလား... :(

Moe Cho Thinn said...

လင်းကလဲ နှစ်သစ်မှာ မဦးမချွတ်..:D

Ratings