Friday, January 23, 2009

အဝေးကအပြန်

အဝေးကြီးကိုထွက်သွားခဲ့တယ်
တိတ်တိတ်ကလေးပေါ့
တစ်ယောက်ထဲ
ဘယ်သူမှမရှိတဲ့နေရာ...

ကိုရဲမွန်ရဲ့ကိုယ်ပိုင်စာရွက်တွေမရှိတဲ့နေရာ...
ပန်ဒိုရာရဲ့ ဖြန့်ခင်းထားတာတွေတက်မနင်းရတဲ့နေရာ...
ပုံရိပ်ရဲ့ စိတ်ကူးနဲ့ တွေးမရတဲ့နေရာ...
ရွှေဂျမ်းရဲ့ အိမ်အလွမ်းတွေ မကြားရတဲ့နေရာ...
လင်းရဲ့ အပျင်းအလွဲတွေနဲ့ မကြုံရတဲ့နေရာ...
မကေရဲ့ ဝေမျှတာတွေမရတဲ့နေရာ...
အမချိုသင်းရဲ့မှတ်တမ်းတွေမဖတ်ရတဲ့နေရာ...
မတန်ခူးရဲ့ လေနုအေးတွေမရတဲ့နေရာ...
ယောနသံစင်ရော် ရဲ့ စိုးသင့်ဆွေ မရှိတဲ့နေရာ...
ခရီးသည်ရဲ့လွင့်မျောခြင်းတွေပျောက်တဲ့နေရာ...
... အဲဒီနေရာ...

ပြောရင်းနဲ့ရှည် အတိုချုပ်ရရင်
သူများတွေရေးတာမဖတ်
ကိုယ်ဖတ်တာတွေမရေးနိုင်ပဲ
အကြည်ဓာတ်မရ
ဒီကို ဓာတ်မကျ ဖြစ်နေတာပါ။

ကိုယ့်ဘလောဂ်ကိုရောက်
စာရေးဖော်တွေလာပြောထားတာတွေ့တော့
မပြောမဆို ထွက်သွားတာကို ခွင့်လွှတ်ပါတောင်းပန်ရင်း
ပြောပြောဆိုဆိုနဲ့ ပြန်ရောက်လာပါကြောင်း….

10 comments:

Moe Cho Thinn said...

အမြင်မှန်ရပြီး ပြန်လာတဲ့ အလင်းဝင် ပီတိကို ကြိုဆိုလိုက်ပါကြောင်း။ ။

pandora said...

ဘာ...ဖြန့်ခင်းထားတာကို တက်နင်းမလို့ ဟုတ်လား။
ဓာတ်မကျတာ မဟုတ်ပါဘူး။ သူများတွေရေးသလို မရေးဖြစ်လို့ စိတ်ဓာတ်ကျပြီး ထွက်သွားတာ မဟုတ်လား။
တုတ်ပါကောက်လာခဲ့.. လူမိုက်..ဟင်းဟင်း

လူလ said...

မင်္ဂလာပါ ကိုပီတိ၊

ပီတိစားပြီး ဘလောဂ်ရေးနေတယ်လေ။ ပိတီတွေ ခမ်းသွားတော့ မလွင့်နိုင် မမျောနိုင်၊

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့... အပြင်ရော အတွင်းရော ဥပါဒ်ဝင် ဟဲဟဲ ဒါလေးလဲ ပါနိုင်ပါရဲ့...ထို့ကြောင့် လွင့်မျောခြင်းတွေ ပျောက်နေတာ ...( ဖေါ်ညှိတာ အဟိ )
ကဲ.. ဘယ်လိုလုပ်ကြမလဲ အရင်တိုင်းပဲလား?
နေကောင်းသွားပြီပေါ့လေ။ မကြာခဏ လာဖြစ်တယ်။ ပိတီဘာလုပ်ခေါင်းစဉ်အောက်က ရေးထားတာတွေကို ဖတ်ပြီး ပြန်၊
ေ၇းဖြစ်မယ်ထင်တယ် ဘလောဂ်သေနင်္ဂဗျူဟာ ပြောင်းလဲမှု ( WE CHANGE ) လုပ်နေတယ်ဆိုတော့ လာမည် ကြာမည်။

ရွှင်လန်းချမ်းမြေ့ပါစေ...

ပုံရိပ် / Pon Yate said...

မပန် ဖြန့်ခင်းထားတာတွေ တက်နင်းတယ် ဆိုပါလား။ :D အကြည်ဓာတ်က ဘယ်ကို ကျသွားလို့လဲ။

ယောနသံစင်ရော် said...

ကိုပီတိရေ.. မမယောလည်း အကြည်ဓာတ်တော့ရပါရဲ့.. ကျေးဇူးရှင်မလေးက အလွတ်မပေးလို့ ကွန်ပျုတာနားတောင် ..မကပ်နိုင်ဖြစ်နေတယ်..
ကိုပီတိတို့လို .. လူပျို(ကြီး)မလုပ်မိတာ မှားပြီ.. မှားပြီ။

အောင်သာငယ် said...

ငါ့ နံမည်လည်း မပါဘူး...
ကပီတိ ပြန်မလာနဲ့တော့ ညောင်း.........း)

sin dan lar said...

တူပြန်လာဘီ....။

Kay said...

အော်- ဂလိုလား။ ဘယ်ရမလည်း လက်ဖက်တထုပ်တော့ ချန်ထား။ လာမှ စားမယ်။
အမေကို အညာက ကောင်မလေး ငယ်ငယ်လေး ရှာခိုင်းတာ သွားကြည့်တာ မဟုတ်လား။ သိတယ်။း)

P.Ti said...

ဟားဟား အလင်းဝင်ဆို အမှောင်မှာ အိပ်ပျော်နေလို့အမ

အဟဲ ပန်ဒိုရာကလည်း ဖြန့်ခင်းထားတယ်ဆိုတော့ တက်နင်းရမှာလားလို့ပါ.. :P

ဟုတ်ပါ့ ကိုလူလ အလုပ်တွေရှုပ် အရှုပ်တွေလုပ်နဲပ မအားဘူး ဟုတ်...

အကြည်ဓာတ်က ဘယ်မှာမှကိုမကျတာပါပုံရိပ်ရယ်... ရှုး ပုံရိပ် တက်နင်းတာ သိသွားတော့ စိတ်ဆိုးနေတယ်..

ဟုတ်ပါ့.. မမယော အရင်ကဆို စာတော်တော်ရေးဖြစ်မှာနော်... အခုတော့ သမီးလေးနဲ့ဆိုတော့ မလွတ်လပ်တော့ဘူးပေါ့..

အဟဲ ကိုအောင်သာငယ်... ဒီမှာ နာမည်ပါတယ်နော်...

ဒေါ်လေး sin dan lar... တူပြန်လာပါပြီ

မကေက ဘယ်လိုလုပ်သိလဲ.. ရှုးတိုးတိုး.. ရှက်စရာ :P

လင်း said...

ဟဲဟဲ ပျင်းလွဲလေးလွဲနေတာနဲ့  မရောက်ဖြစ်ဘူး။ ခုမှ ရောက်တယ်။ သူကဖြင့်အကြည်ဓါတ်ရလို့  အသစ်တောင် တင်ပြီးပေါ့

Ratings