Monday, February 9, 2009

ဘန်နာ ပုံပြင်

တစ်နေ့က စိတ်ကူးရလို့ ဘလော့ Template က ကျဉ်းနေတာနဲ့ နည်းနည်းချဲ့လိုက်ပြီးတော့ ဘန်နာကပုံကို ပြောင်းလိုက်ပါတယ်။ ပြောင်းပြီးတော့ ပေးကြတဲ့ မှတ်ချက်တွေအရ တစ်ယောက်နဲ့တစ်မျိုး အကြိုက်မတူတာကြပါဘူး။

တချို့ကကြိုက်ပေမယ့် တချို့ကတော့ မနာလိုသလိုလိုနဲ့ ထမီဆင်ကိုရိုက်တယ်လို့တောင် ပြောသေးတယ်။

တကယ်က အဲဒီဓာတ်ပုံတွေကို Singapore Biennale လို့ခေါ်တဲ့ Visual Arts Exhibition ကိုသွားတုန်းကတွေ့ခဲ့တဲ့ ပြပွဲတစ်ခုမှာ ရိုက်ထားတာပါ။ဲဒီပြပွဲကို လုပ်တဲ့ အနုပညာရှင်၊ ခေါင်းစဉ် နဲ့ ရှင်းပြထားတဲ့ အကြောင်းအရာကိုတော့ ဓာတ်ပုံရိုက်ခဲ့အထဲမှာ ပြန်ရှာတာမတွေ့တော့လို့ ပြန်ရှင်းမပြနိုင်တော့ပါဘူး။


ပြပွဲကတော့ အလျား ပေ ၃၀ ဆယ်လောက်နဲ့ အနံ ၁၅ပေလောက်ရှိ သဲဖြူခင်းထားတဲ့ ကြမ်းပြင်ပေါ်မှာ စက္ကူနဲ့လုပ်ထားတဲ့ ပန်းပင်အငယ်လေးတွေကို စိုက်ထားပါတယ်။ မီးအလင်းရောင်အောက်မှာ ရောင်စုံပန်းပင်ကလေးတွေ စိုက်ထားတာ အရာင်စုံတဲ့ တောအုပ်ကလေးအဖြစ် တော်တော်ကြည့်လို့ကောင်းပါတယ်။ အနုပညာခံစားချက်အရတော့ သိပ်နားမလည်ပါဘူး၊ မျက်စိပသာဒတော့ ရှိလှပါတယ်။


အနီးကပ်ကြည့်မယ်ဆိုလည်းလှပါတယ်…


တစ်ဖက်ကနေကြည့်ပြီး ဘေ်းကိုလျှောက်ပြီး ကြည့်လိုက်တော့… တချို့တ၀က်ကို ရောင်စုံမြင်နေရပြီး တချို့တစ်ဝက်ကိုတော့ မီးလောင်ထားသလို မည်းနက်နေတာမြင်လိုက်ရပါတယ်။


ဆက်လျှောက်ပြီး အ၀င်ဖက်ရဲ့ အခြားမျက်နှာချင်းဆိုင်ဖက်လည်းရောက်ရော မီးလောင်ထားတဲ့ သစ်တော့အုပ်ကလေးလိုဖြစ်နေတာ့ ခုနကနဲ့ မတူတဲ့ ခံစားမှုကိုရလိုက်ပါတယ်…


အဲဒီပြပွဲလေးကို တော်တော်ကြာကြာအထိကြည့်ရှုခဲ့ပြီး ဓာတ်ပုံတွေလည်းရိုက်ခဲ့တယ်။

ဘန်နာလုပ်မယ်ဆိုပြီး ဓာတ်ပုံတွေရှာတော့ အဲဒီပုံလေးတွေကိုသဘောကျတာနဲ့ ပုံတစ်ပုံကို အနီးကပ်ယူပြီး ဘန်နာထဲထည့်လိုက်တာ… ဒီလိုဖြစ်သွားတာပါပဲ…


ပုံပြင်လေးကတော့ ဒါပါပဲကွယ်... :P

9 comments:

khin oo may said...

history မသီလို့ပါ။တောင်းပန်ပါတယ်နော်။ :P

pandora said...

ဖြစ်ရလေကွယ် ဒီလောက် artistic ဖြစ်တဲ့ performance ကို ဒီိလိုပုံထွက်အောင် ရိုက်ရတယ်လို့။ အနုပညာရှင်တော့ ရင်နာရှာမယ်။ :P

ရွှေဂျမ်း said...

ပြပွဲက ဖန်တီးတဲ့သူရဲ့ အိုင်ဒီယာအကြောင်းလေး ရှင်းပြတော့မှ ပိုကောင်းသွားတယ်။ ပုံလေးက wallpaper လုပ်ရရင် လှမှာပဲ။

sin dan lar said...

ဟိဟိ.. ထမီဆင်ပြောလို့ တင်းတွားတာကိုး.. :P
တကယ်က တူပါဘူးအေ..
(ကြောက်လို့ လေပြေသွေးသည်။)

Moe Cho Thinn said...

တို့ကတော့ ငါ့မောင် ကိုယ့်ဖာသာကိုယ် ဖန်တီးပြီး ရိုက်ထားတယ်ထင်တာ..
(အထင်တွေ ကြီးတာ၊ အထင်တွေ ကြီးတာ။ စိတ်ချိုးနေတယ်ထင်လို့ ချော့တာလဲ ပါပါတယ် အဟိ)

အောင်သာငယ် said...

လက်စသပ်တော့ ဂလိုကိုး...

ဟုတ်သားပဲ ထမီဆင်နဲ့ တူတယ်ပြောတာတော့ လွန်လွန်းသကွယ်...း)

ခုလည်း ပြောပြန်ပြီ ဓါတ်ပုံ မရိုက်တတ်ဘူးတဲ့...
အပြောမခံနဲ့ ကပီတိ...

ပုံ ပုံ တွေ အများကြီး ရိုက်ပြီး
ဘလော့မှာ တင်ပြလိုက်စမ်း... ဘာ...

ပုံရိပ် / Pon Yate said...

သြော် ဂလိုကိုး။ ဘာပဲဖြစ်ဖြစ် ပုံပြင်လေး တစ်ပုဒ်တော့ ရသွားပြီ။ ပုံလေးက အားလုံးကို မြင်ရရင် ပိုကောင်းမှာ။ ဘန်နာ အနေနဲ့လည်း ကောင်းပါတယ်။ ဂွတ်တယ် ထင်ရင် ဒူးသာဒူး။

တန်ခူး said...

လှပါတယ် ကိုပီတိရဲ့… ရာဇ၀င်လေးသိတော့ ပိုကြည့်ကောင်းသွားသလိုပဲ…

လင်း said...

မီးမီး ဘာမှမပြောဘူးနော်။ စိတ်ဆိုးခံရတဲ့ ထဲမှာ မီးမီး မပါဘူး။ ဟိဟိ

Ratings