လက်ရှိ တကမ္ဘာလုံးမှာဖြစ်နေတဲ့ credit crisis ဘယ်လိုစပြီး ဖြစ်တယ်ဆိုတာကို စိတ်ဝင်တစားနဲ့ သတင်းတွေဖတ်၊ အကြောင်းအရင်းမြစ်တွေကို ရှာဖွေဖတ်ပေမယ့် ငွေကြေးလုပ်ငန်းအကြောင်း အခြေခံနားလည်မှုကနည်းတော့ သိပ်ပြီးတော့ သဘောမပေါက်လှဘူး ဖြစ်နေတယ်။
ဒီနေ့ အလုပ်မှာ ပျင်းပျင်းရှိ ဘလော့တွေလိုက် ဖတ်နေမိတယ်။ စင်ကာပူက နာမည်ကြီး ဘလော့ဂါ Mr. Brown ဆီကိုသွားဖတ်တာ credit crisis ဘယ်လိုဖြစ်တယ်ဆိုတာ မြင်သာအောင် ရှင်းပြတဲ့ သရုပ်ပြ ရှင်းလင်းတဲ့ ဗွီဒီယိုကို တွေ့လိုက်တယ်။ ကြည့်ပြီးတော့ တကမ္ဘာလုံးမှာတက်တဲ့ ပြဿနာ တော်တော်လေးရှင်းလင်း သဘောပေါက်သွားတော့ပါပဲ။
တကယ့်မူရင်းကိုတော့ http://crisisofcredit.com/ ကယူထားတာ ဖြစ်ပါတယ်။ Jonathan Jarvis ဆိုတဲ့ ကျောင်းသားက သူ့ရဲ့ ဒီဇိုင်းပရောဂျက်အတွက် လုပ်ခဲ့တာပါတဲ့။ ရည်ရွယ်ချက်ကတော့ ကျွန်တော့်လို ဒီပြဿနာရဲ့ အရင်းအမြစ်ကို သိပ်ပြီးတော့ မရင်းနှီး နားမလည်တဲ့လူတွေ နားလည်သဘောပေါက်လွယ်အောင် လို့လည်း ပြောထားပါတယ်။
သူ့ရည်ရွယ်ချက် အောင်မြင်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်ပါ။
Thursday, March 19, 2009
How the credit crisis happened?
Posted by
P.Ti
at
Thursday, March 19, 2009
Labels: မျှဝေခံစားခြင်း
Subscribe to:
Post Comments (Atom)
7 comments:
အတော်လေးကောင်းတဲ့ လေးပါ။ ဝေမျှတာ ကျေးဇူးပါဘဲ ပီတိ ရေ။
တကယ်မှာတော့ စံနစ်မှား တာထက် မထင်မှတ်တဲ့ ဂုဏ်သရေရှိ လူကြီးများရဲ့ သမာဇီဝနည်းမကျ တဲ့ တစ်ကိုယ်ကောင်း မသမာမှု များက ပိုပြင်းထန်တဲ့ စနက်တံ တွေပါဘဲ။
အစတုန်းကဖြစ်နေတာပဲသိတယ် ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားသလဲမသိဘူး အခုတော့ ရှင်းရှင်းလင်းလင်းသိသွားပါတယ်၊ ဝေမျှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ နောက်လဲဝေမျှနိုင်ပါစေ။
အဲလို အကောင်ပြမှပဲ အရိပ်ကလေး ထင်လာတော့တယ်။ ကျေးဇူးပါ ကပီတိ။
အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ဒါပေမဲ့ ဖြစ်လာတာက ဆိုးကျိုး။ အားလုံး မျှခံကြရတော့တာပဲနော်။
ခုလို ဝေမျှပေးတာ ကျေးဇူးပါပဲ ကိုပီတိနဲ့ Mr. Brown ရေ။
အစ်ကို အဲဒီဗွီဒီယိုတွေကြည့်ဖူးတယ်။ ကျောင်းက ဆရာတစ်ယောက်ကြည့်ခိုင်းလို့လေ။ အဲဒါတွေကြည့်မှ ပိုရှင်းရှင်းကိုမြင်သွားတာ။ :D
ကိုပီတိရေ… အရမ်းကောင်းတဲ့ ဗွီဒီယိုလေးပါ… သူရှင်းပြတာ အတော်ရှင်းပါတယ်… မျှဝေပေးတာကျေးဇူးပါ…
သိသလိုလိုတော့ ဖြစ်သွားပြီထင်တယ်။ :) ကျေးဇူး
Post a Comment