လောကဓံရေ...
ဒီနှစ်မှာတော့လေ
ဒီကောင်းကင်ကြီးလို
အမြဲ အုံ့မှိုင်းမနေပါနဲ့။

အုံ့မှိုင်းနေရင်တောင်
လှပတဲ့ မျှော်လင့်ချက်လေးတွေ
ဆောင်ကျဉ်းပေးပါ။

အဲဒီကတဆင့်
ကြည်လင်တဲ့ ကောင်ကင်ပြာလေးနဲ့အတူ
သာယာတဲ့ နေ့တွေအဖြစ်
ဖန်တီးပေးဖို့
ဆုတောင်းလိုက်ပါတယ်။

ရုံးရဲ့နောက်က မလှပပေမယ့် ပြောင်းလဲနေတဲ့ ရာသီဥတုရှုခင်းကို ဖုန်းနဲ့ရိုက်ထားမိပါတယ်။ ပုံတွေကိုပြန်ကြည့်ရင်း ဖြစ်လာတဲ့စိတ်ကို ရေးဖြစ်လိုက်တာပါ။
5 comments:
အမျိုးမျိုးပြောင်းတဲ့ လောကဓံကောင်းကင်ကြီးပါလား...
နေသာတဲ့နေ့လေး အမြဲမကြုံရနိုင်တာ သိပေမဲ့ ဒီဆုတောင်းလေး ပြည့်စေချင်တယ်။
အတွေးလေးက ကောင်းလိုက်တာ ကိုပီတိရေ…
ညကပဲ အိပ်မက်ထဲမှာ အရမ်းကြီးတဲ့ သက်တန့် ကြီးတခုမက်လို့  ဘာနိမိတ်လဲဆိုစဉ်းစားနေတာ… ခုတော့ ကိုပီတိနိမိတ်အတိုင်းပဲယူလိုက်တော့မယ်…
ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာသောနှစ်သစ်ဖြစ်ပါစေလို့ … အဲကျန်သေးတယ်… ထိုးထားသောထီပေါက်ပါစေလို့ (ပေါက်ပြီင်္းပြီလားတောင်မသိ)
Cbox ကို အလုပ်မှာ သုံးမရတော့ ဒီမှာပဲ ရေးလိုက်တယ်..
အမှားပြင်ပေးသွားတာ ကျေးဇူးတင်ပါတယ်...
အမတို့ရေ.. ကျေးဇူးတင်ပါတယ်...
ရပါတယ် နေနေနိုင်...း)
wow .. i like rainbow pic
thanks !
Post a Comment