Tuesday, April 21, 2009

Fail blog



ကိုအန်ဒီ ရေးထားသလို blog categorization အကြောင်း မဟုတ်ပါဘူး။ ရုံးမှာ စိတ်အပန်းဖြေချင်တဲ့အခါ ဗီဒီယိုတွေကို သွားကြည့်လေ့ရှိတဲ့ YouTube က failblog ဆိုတဲ့ channelက ဗီဒီယိုတွေအကြောင်း ပြောချင်လို့ပါ။ အဲဒီ channel မှာ မတော်တဆဖြစ်တဲ့ အဖြစ်တွေ နဲ့ တလွဲလုပ်မိတဲ့အဖြစ်တွေကို ရိုက်ထားလိုက်မိတဲ့ ဗီဒီယိုတွေကို စုထားပါတယ်။ တချို့အဖြစ်တွေက တော်တော်လေးကိုရယ်ရတယ်။ တခါတလေ ကြည့်နေရင်းနဲ့ မထိန်းနိုင်ပဲ အသံထွက်ပြီး ရယ်မိတယ်။ ဘေးကလူတွေကဘာလို့ရီတာလဲမေးတော့ သူတို့ကိုထပ်ပြပြီး ထပ်ရယ်မိပြန်ရော။

ကြည့်ပြီးတဲ့ထဲက အကြိုက်ဆုံးတွေကတော့...

ကားကို ဓာတ်ဆီဆိုင်မှာရပ်ထားတာ hand break ဆွဲထားခဲ့ဖို့ မေ့သွားတယ်ထင်ပါရဲ့၊ ကားပျောက်သွားမှ ဘယ်မှာလဲ လိုက်ရှာရတဲ့ အဖြစ်လေ။ အမြဲတန်းကားမောင်းလေ့ရှိတဲ့ အမချိုသင်းရွှေဂျမ်းနဲ့ ပုံရိပ်တို့ အဲလိုမဖြစ်စေဖို့ သတိထားသင့်ပါတယ်။
အဲလို ကားပျောက်သွားခဲ့ရင် ရဲမတိုင်ခင် ဘေးက မြောင်းထဲကို အရင်ရှာပါနော်။ :P


မင်္ဂလာဆောင်တော့မယ့်သူတွေ Romantic အောင် ရေကန်ဘေးမှာ လုပ်ချင်တယ်ဆိုရင်လည်း နမော်နမဲ့ မဖြစ်တဲ့တတ်တဲ့သူကို သတို့သားအရံလုပ်ခိုင်ဖို့လိုပါလိမ့်မယ်။ မဟုတ်ရင် ဒီ ဗီဒီယိုထဲကလို သတို့သမီး နဲ့ သင်းအုပ်ဆရာ ရေကန်ထဲကို တွန်းအချခံရကိန်းရှိပါတယ်။



တချို့လူတွေက ချစ်သူကို လက်ထပ်ခွင့်တောင်းတာ အထူးခြားဆုံးဖြစ်အောင် ကြိုးစားလေ့ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီထဲကတစ်ယောက်လိုတော့ မလုပ်ဖြစ်ဖို့ သင်ခန်းစာယူရလိမ့်မယ်။ မဟုတ်ရင်တော့၊ နောက်ထပ် လက်စွပ်တစ်ကွင်းထပ်ဝယ်ဖို့ လိုပါလိမ့်မယ်။
လူပျိုကြီးတွေဖြစ်တဲ့ ကိုလူလကိုဂျူလိုင် နဲ့ တီဇက်အေတို့ လက်ထပ်ခွင့်တောင်းတဲ့အခါ ထူးထူးခြားခြားလုပ်ချင်တယ်ဆိုတောင် လုပ်မယ့်နည်းအရင်စမ်းသပ်ကြည့်ဖို့လိုမယ်နော်။


သားတို့ကတော့ ရေကန်ထဲ ဒီလိုပဲခုန်ချလိုက်မှာပဲဆိုရင်လည်း ဆင်ဆင်ခြင်ခြင်လေးလုပ်ပါနော်။


လူကူးမျဉ်းကျားတွေမှာ ရပ်စောင့်ရလို့ မကြည်တဲ့ကားတွေကို ပညာပေးချင်ရင်တော့ အဘွားကြီးလိုသာလုပ်လိုက်ပေတော့။ ပြီးရင် ကားမောင်းတဲ့လူ လေအိပ်နဲ့ညှပ်နေတုန်း မြန်မြန်သာ ပြေး…


ဗီဒီယိုတွေသာက ဓာတ်ပုံတွေကိုလည်း ကြည့်ချင်ရင်တော့ သူတို့ရဲ့ website http://failblog.org ကိုသွားကြည့်လို့ရပါသေးတယ်။ ရုံးမှာတော့ မကြည့်သင့်ပါဘူး။ မတော်လို့ မထိန်းနိုင်ပဲရီလိုက်မိရင် ကိုယ်ဘာလုပ်နေတယ်ဆိုတာ ဘေးကလူတွေသိသွားလိမ့်မယ်။ မနေနိုင်လို့ကြည့်မယ်ဆိုရင်တော့ ပါးစပ်ကို ကြိုပိတ်ထားဖို့ သတိပေးလိုက်ပါတယ်။

Photo credit to http://failblog.org/

6 comments:

Moe Cho Thinn said...

ပါးစပ်ပိတ်ပြီး ရီနေတာ။ တို့ဆို မြောင်းထဲမကြည့်ဘဲ ရဲစခန်းရောက်နေလောက်ပြီ။ ကားပျောက်လို့ သွားတိုင်တာလေ။

ဒါနဲ့ ပီတိတယောက် လက်စွပ် လေထဲ ဖလိုင်း သွားဖူးလား။ :D

ရွှေဂျမ်း said...

တင်ထားပေးတဲ့ ဗီဒီယိုတွေအကုန်လုံး တော်တော်ရီရတာပဲ။ ဒါပေမယ့် ကားကို မြောင်းထဲ ရှာရအောင်လောက်တော့ မဆိုးသေးပါဘူးနော်။ :P ရုံးသွားတဲ့အခါ လမ်းကူးရင် ဟွန်းတီးလို့ကတော့ တီးတဲ့ကားကို ပိုက်ဆံအိတ်နဲ့ ဆော်လိုက်တဲ့ အဖွားကြီးလို လုပ်ရလိမ့်မယ်။

ပုံရိပ် / Pon Yate said...

ဟေး စောင်းပြောတာပေါ့။ မဟုတ်ဘူး တည့်တည့်ပြောတာပေါ့။ မဂျမ်းပြောသလိုပဲ အဲလောက်တော့ မဆိုးသေးပါဘူး...။

တန်ခူး said...

ကိုပီတိရေ… ဘန်နာလေးက လှလိုက်တာ… စင်္ကာပူပိတောက်လား…
ဒီပို့ စ်လေးကို ဟိုတနေ့ ကတည်းက လာဖတ်ပြီး ရယ်မောသွားတာ… ကော်မန့် ပေးမလို့ လုပ်တော့ ကွန်ပြူတာဘက်ထရီက ဒေါင်းသွားလို့ … အကြိုက်ဆုံးက proposeလုပ်တာလေးပဲ…

မေ့သမီး said...

စာမလုပ်ဘဲ ဘလော့လည်ပြီး စာတွေဖတ်တာ ဒီရောက်တော့ ရယ်နေရတယ်။

P.Ti said...

အမချိုသင်း ပါးစပ်ဖွင့်ရီ... ဟီး တော်ကြာ မထိန်းနိုင်ရင် ဖွီး ဆိုပြီးဖြစ်မှာစိုးလို့...
အဟဲ.. အမကလည်း သိရဲ့သားနဲ့ လက်စွပ်တောင် မ ဘိုင် ရသေးဘူး...

အဟား ရွှေဂျမ်း လုပ်သာလုပ်လိုက် နောက်ဆို မှတ်သွားအောင်လို့

ဟုတ်ပါ့ ပုံရိပ်.. တည့်တည့်ပြောတာ.. အဲ.. စတာပါ။

အမတန်ခူးရေ... ပိတောက်ကတော့ botanic garden ထဲမှာ ရိုက်ခဲ့တာ။ လှတယ်ပြောလို့ ကျေးဇူး။
ဟုတ်ပါ့. ကြည့်လို့တော့ ကောင်းပါရဲ့ ကိုယ်တိုင်မဖြစ်အောင်တော့ ကြိုတင်ပြင်ဆင်ထားမှာ... :D

မေ့သမီးရေ.. ရယ်ရတယ်ဆိုတော့ ၀မ်းသာပါတယ်ဗျာ...

Ratings