Tuesday, May 5, 2009

ကြွားပါရစေ

လွန်ခဲ့တဲ့ ခြောက်လလောက်ကတုန်းက ဓာတ်ပုံရိုက်ချင်တဲ့ ရောဂါတက်ပြီးတော့ DSLR တစ်လုံး လက်ဆော့ပြီးဝယ်ခဲ့တယ်။ ပထမတော့ Nikon D90 ၀ယ်မယ်လို့ စိတ်ကူးထားပေမယ့် ကိုယ့်အကြောင်းကိုယ်သာသိတော့ ဈေးပိုချိုတဲ့ D60 ကိုပဲဝယ်လိုက်တယ်။ ကိုယ်အကြောင်းဆိုတာလည်း တစ်ခုခုလုပ်မယ်ဆို စိတ်ကအင်မတန် ထက်သန်နေပြီး သိပ်မကြာခင်မှာပဲ ထက်သန်နေတဲ့စိတ်က ပျောက်ပျောက်သွားတတ်လွန်းလို့ပါ။

ဒီဘလော့ရေးတာလည်း သူများတွေရေးတော့ ရေးချင်လာပြီး ဘလော့လုပ်လိုက်မိတာ။ ဒီလောက်ကြာအောင်တောင် ရေးဖြစ်မယ်ထင်ခဲ့မိဘူး။ ပျင်းတတ်တော့ ခဏရေးပြီး ရပ်သွားမယ်ထင်နေတာ။ ဘာလို့လဲဆိုတော့ အမေကတောင် စာတတန် ပေတတန် ရေးရလောက်အောင် စာစီစာကုံးဆို ရေးဖို့ရာ အင်မတန်ပျင်းတာလေ။ စာစီစာကုံးမှတင် မဟုတ်ဘူး ကိုယ့်အတွက်ပြဌာန်းထားတဲ့ ကျောင်းစာဆို ဖတ်ရမှာ အင်မတန်ပျင်းတယ်။ အကိုတွေ၊ အမတွေရဲ့ ကျောင်းစာအုပ်တွေဆိုရင်တော့ အကုန်လိုက်ဖတ်တော့တာပဲ။

အခုလည်းကြည့် ဒီဘလော့ကိုစရေးတော့ စိတ်ပါပြီးရေးခဲ့ပေမယ့် နောက်ပိုင်းတော့ သွေးအေးလာတယ်လေ။ ကင်မရာလည်း အဲလိုပဲ တော်ကြာ ဈေးကြီးတာဝယ်ပြီးတော့မှ စိတ်မ၀င်စားတော့ဘူးဆို မလိုအပ်ပဲ ပိုကုန်မှာစိုးလို့။ Lens ဆိုလည်း 18-200mm ကိုပဲ သေချာဝယ်ထားတယ်။ နောက်တစ်ခုကတော့ portrait lens တစ်ခု။ သိပ်တောင် မသုံးဖြစ်ပါဘူး။

နောက်တစ်ချက်က ဓာတ်ပုံပညာကိုလည်း သိပ်ပြီးတော့ နားမလည်ဘူးဆိုတော့ သင်ရင်းရိုက်မှာဆိုတော့ entry level တစ်လုံးဆိုရပြီဆိုပြီးတော့လည်း စိတ်ကူးတာပါ။ ဓာတ်ပုံတွေ လှမလှပဲ ခံစားတတ်ခဲ့တာကိုး။ အခုလည်း ဓာတ်ပုံပညာကို နားလည်အောင် သင်နေတုန်းပါပဲ။ အတွေ့အကြုံရှိတာတော့ လက်ရှိကင်မရာကိုတော့ သိပ်မကြိုက်တော့ဘူး၊ အဓိကကတော့ focal point နည်းတာ နဲ့ lens အဟောင်းတွေ သုံးမရတာပဲ။ လဲတော့လဲမယ် အခုတော့ ခဏနေလိုက်ပါဦးမယ်...

တခြားအကြောင်းတွေ ပြောနေတာနဲ့ လေရှည်နေပြီ... ကဲ တကယ်ကြွားချင်တာကဒီမှာ...

ဖေဖော်ဝါရီလတုန်းက အမျိုးသားစာကြည့်တိုက်အဖွဲ့ရဲ့ http://www.pl.sg/ မှာ Share & Learn through photos ဆိုတဲ့ ကဏ္ဍမှာ ဓာတ်ပုံသုံးပုံကို စိတ်လိုလက်ရနဲ့ တင်လိုက်ပါတယ်။ ကိုယ်ဓာတ်ပုံလှလှလေးတွေ သူများတွေလည်း ကြည့်ပါစေဆိုတဲ့ စိတ်နဲ့ပေါ့။ ကိုယ့်ရိုက်တဲ့ ဓာတ်ပုံကို သူများတွေက မလှဘူးထင်လည်း ကိုယ်ကတော့ လှတယ်နေတာပဲလေ။

ပြီးခဲ့လကပဲ မထင်မှတ်ပဲ library က email ရပါတယ်။ Email ရရချင်းမှာ စာအုပ်အပ်ဖို့ သတိပေးတာထင်နေတာ။ သေချာဖတ်ကြည့်တော့မှ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံက နှစ်ပတ်တစ်ခါ ပေးတဲ့ဆု တစ်ဆု ရပါတယ်တဲ့။ Border Book Store ရဲ့ $15 တန် Gift Card တစ်ခုပါ။ တန်ဖိုးအားဖြင့်နည်းပေမယ့် မထင်မှတ်ထားတာရော၊ ကိုယ့်ဓာတ်ပုံကို သဘောကျတယ်ဆိုတာနဲ့တင် ပျော်ပြီး ကြည်နှုးနေမိတယ်။

အပျော်တွေကို မျှဝေရင်း ဒီမှာလည်း ကြွားလိုက်တယ်နော်.. :D


ဒီပုံတွေကို တင်ခဲ့တာလေ...

အလှချင်းပြိုင် လို့ ဒီပို့စ် မှာတင်ခဲ့ဖူးတဲ့...


အနီးကပ်အလှ ဆိုတဲ့ပုံ...


Edges လို့ ကိုယ့်ဘာသာကို အမည်ပေးထားတဲ့ဒီပုံ...


အကြွားခံပြီး စာဖတ်သွားတာ ကျေးဇူး...

19 comments:

sin dan lar said...

အကြွားခံသွားပါသည်။
Congratulations....

pandora said...

ကင်မရာ ကောင်းလို့ပါကွာ ဟင်းဟင်း..

nanwarwarmg said...

congratulations!!!

JulyDream said...

ဒူးရင်းသီးကြီး လှတယ်ဗျာ။ အဆူးတွေ ထောင်နေတာပဲ။

လူလ said...

တစ်ခုခုလုပ်မယ်ဆို စိတ်ကအင်မတန် ထက်သန်နေပြီး သိပ်မကြာခင်မှာပဲ ထက်သန်နေတဲ့စိတ်က ပျောက်ပျောက်သွားတတ်လွန်းလို့ပါ။

အင်း ဖြစ်နိုင်လောက်တယ်။ ဒါကြောင့် လူပြိုကြီး ဖြစ်နေတာ

ကြွားတာလေးလဲ ရှု့သွား၏
ရွှင်လန်းချမ်းမြေ့ပါစေ...

Moe Cho Thinn said...

ကြွားပါ ကြွားပါ ဒီလို ပျော်ပျော်ရွှင်ရွှင်လေး မရေးတာ ကြာပြီ။ ကြည်နူးပါတယ်။
ထီပေါက်အောင်လဲ ကောင်မလေး လှလှတွေ လျှောက်ရိုက်လိုက်ပါအုံး။

ပုံရိပ် / Pon Yate said...

ကောင်းတာပေါ့။ ကိုယ်လုပ်ထားတဲ့ ဖန်တီးမှုတစ်ခု အရာထင်သွားတာ...။

Thant said...

နောင်လဲ အများကြီးကြွားနိုင်ပါစေ ... အလှချင်းပြိုင်ဆိုတဲ့ပုံကို အကြိုက်ဆုံးပဲ ။ ပုံနဲ့ ပေးထားတဲ့ခေါင်းစဉ်နဲ့လိုက်တယ် ။

Ko Paw said...

Great!!

သက်ဝေ said...

ကြွားနိုင်ပါတယ်... ကြွားနိုင်ပါတယ်...
ပုံလေးတွေကလဲ တကယ်လှပါတယ်...

P.Ti said...

@sin dan lar
အကြွားခံသွားတာ ကျေးဇူးတင်ပါတယ်။ အဟဲ

@Pandora
မနာလိုတာကလည်း များနေပြီး... အဟဲ.. ကင်မရာတင်မက လူပါတော်လို့ပေါ့... :P

@NanWarWarMg
အားပေးတဲ့ အတွက် ကျေးဇူးပါ။

@JulyDream
ဟုတ်တယ်ဗျ။ မထင်မှတ်ပဲ ကောင်းသွားတာ။ တံတားပေါ်ကနေပြီး သုံချောင်းထောက်နဲ့ ရိုက်ခဲ့တာ။ ကျေးဇူးပါပဲ။

@ကလူလ
လူပျိုကြီးလုပ်ပါဗျာ။ မပြိုသေးပါဘူး။ ဒီလူကြီးလည်း လူပျိုကြီးက ဘယ်တော့ ကျွတ်မှာလဲ။ ဗျောက်သောက် နဲ့တောင် ညနေက တွေ့လိုက်သေးတယ်။ လာရှုသွားတာလည်း ကျေးဇူးတင်ပါတယ်။

@အမချိုသင်း...
ကြွားဦးမှာ... အဟဲ... အမပြောလို့ လိုက်ရိုက်လိုက်ဦးမယ်... ပြီးတော့ ပြမယ်နော်... :D

@ပုံရိပ်
ဟုတ်တယ်.. ကိုယ်လုပ်တာလေး အသိအမှတ်ပြုတာကို ၀မ်းသာတာပါ...

@Thant
ဟုတ်တယ် ကျွန်တော်လည်း အဲဒီပုံလေးကို ကြိုက်တယ်။ ပုံအကြီးမှာဆို သေချာကြည့်ရင် ပျားကလေး သေးသေးပါပါတော့ ပိုလှတယ်။ ဒီမှာတော့ လေးမှာစိုးလို့ အသေးချုံ့ပြီးမှ ပြတာလေ။

@Ko Paw
အားပေးတာ ကျေးဇူးတင်ပါတယ်။ ဘာမှတော့ မဖြစ်လောက်ပေမယ် စိတ်ထဲမှာတော့ ကျေနပ်သွားတာပေါ့...

@မသက်ဝေ
ကြွားခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ အဟဲ အတင်းလည်း ကြွားတာကိုး... :D

အားလုံးကို ကျေးဇူးတင်ပါတယ်...

ညလေး said...

ပီတိရေ read more ဖွင့်တာ မရလို့ reader နဲ့ ပြန်ပြေးဖွင့်ရတယ်၊ အဲ့လို။
ဓါတ်ပုံလေးတွေက လှတယ် အဝေးနဲ့ အနီးပုံကို တအားသဘောကျပေါ့။
မပန်ပြောသလိုပဲ ကင်မရာကောင်းလို့ပါကွာ....
ကိုဂျူလိုင်ပြောတဲ့ ဒူးရင်းသီးကြီးလဲ လှတယ် ဒါပေမယ့် တစ်ခြမ်းက ပုပ်နေပြီထင်တယ် မဲလို့...

ရွှေဂျမ်း said...

အနီးကပ်အလှဆိုတဲ့ပုံလေးကို ကြိုက်တယ်။ ခုတင်ထားတဲ့ ဘန်နာလေးလည်း လှတယ်။ အပင်ပန်းခံပြီး ရိုက်ထားလို့ ရတဲ့ ဆုမို့ ကြွားသင့်ပါတယ်။ နောက်လည်း ကြွားစရာဆုတွေ များများ ရပါစေ။း)

ZT said...

D-60 ကြီး ကိုင်ပြီး လူပျိုကြီး ဖြစ်နေတယ် ဆိုရင်တော့။ အင်း။ တစ်ခုခုတော့ လွဲနေပြီ။ မော်ဒယ်လ် ရှာလေဗျာ။

ကိုလူထွေး said...

ကင်မရာအကြောင်းတော့ သိပ်နားမလည်။ ပုံကလေးတွေကတော့ ကြည့်ကောင်းသည်။
နားလည်သူက အသိအမှတ်ပြုပေးသည်ဆိုတော့လဲ ပီတိဖြစ်ရသည်ပေါ့...

P.Ti said...

@ညလေး
ကြိုးစားဖွင့်ပြီးဖတ်တာ ကျေးဇူးပါ။ ဒူရင်းသီးက မြည့်လို့ ညိုနေတာ ပုပ်တာမဟုတ်ပါ။

@ရွှေဂျမ်း
ကြွားဦးမှာပါ... အဟဲ... ဟုတ်တယ် အနီးကပ်အလှက မထင်မှတ်ပဲ ကောင်းသွားတာ။ ကျေးဇူး

@ZT
မော်ဒယ်ရှာပြီးတော့ ရိုက်တာပဲ.. ဒါပေမယ့်လည်း မစွံ့ပါဘူးဗျာ :P

@ကိုလူထွေး
မှတ်ချက်ပေးတာ ကျေးဇူး။ ကျွန်တော်လည်း ပီတိဖြစ်ရလို့ ရိုက်မိနေတာ... အဲ အရမ်းဖျစ်လို့ မဖြစ်.. တော်ကြာ ပီတိ ပုပ်နေပါ့မယ်... :P
@

ကလူသစ် said...

ကြွားနိုင်သူတွေ ကြွားကြပါစေလေ :(

တန်ခူး said...

ကိုပီတိရေ… ရသင့်ပါတယ်… ပုံလေးတွေက ကြည်လင်ပြီး လှနေတာနော်…
ကိုယ်က သိပ်တော့ နားမလည်ဘူး… လှမလှတော့ ကြည့်တတ်တယ်…
ကိုပီတိအကိုလဲ အဲဒီလိုပဲ… ပစ္စည်းကို ရောဂါတက်တုန်းပဲ… နောက်ဆိုဂျောင်ထိုးထားရော…
ဘန်နာအတွက် ဓာတ်ပုံလေးရိုက်ပေးပါဆိုတာတောင် မရဘူး…
ကိုပီတိရေ… ဒီပို့ စ်လေးဖတ်ပြီး ဒဏာရီဇာတ်ကားလေး သွားသတိရတယ်…

P.Ti said...

@ကလူသစ်
ကြွားဦးမှာ...

@အမတန်ခူး
ကျေးဇူး...
ယောင်္ကျားလေးတွေက အဲလိုပဲထင်ပါတယ်... ခဏကြာတော့ ပျင်းသွားရော... ကင်မရာတို့ ဘာတို့ ပစ္စည်းတွေကို ပြောတာနော်.. :P

Ratings