အဝေးက ငှက်ငယ်ပျံသန်းရင်း
လွတ်လပ်ခြင်းသီချင်း သီဆိုသွားတယ်
ငါတို့လည်း ကိုယ်ပိုင်သံစဉ်တွေနဲ့
သီချင်းတွေဆိုချင်လှပြီ။
စန္ဒားယားသံ သဲ့သဲ့
ကြားနေရတယ်
ပန်းလို နူးညံ့လှပတဲ့တေးသွားနဲ့
ဒါပေမယ့် သန်မာတဲ့ အားအင် အပြည့်ပါတယ်။
မျက်စိတဆုံး ကွင်းပြင်ကျယ်ကျယ်မှာ
ရင်ထဲကဖြစ်တဲ့ ငါတို့ရဲ့ သီချင်းကို
အတူတူဆိုကြဖို့
စာသားတွေပြင်ဆင် သံစဉ်တွေထည့်
အချိန်မလင့်ခင် ပြီးအောင်စပ်လိုက်ကြရအောင်...
ဘာလို့လဲဆိုတော့
အမေကပြောဖူးတယ်...
လွတ်လပ်ခြင်းရဲ့သီချင်းကောင်းတစ်ပုဒ်ဟာ
ရှည်လျားတဲ့ စကားလုံးတွေထက်
ပိုပြီးထက်မြက် တာသွားတယ်တဲ့ ကွ...
Monday, May 25, 2009
ငါတို့ရဲ့ သီချင်း
Posted by
P.Ti
at
Monday, May 25, 2009
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
6 comments:
ကဗျာလေးက အင်အားတွေပေးတယ်… မျှော်လင့်ချက်တွေ အသစ်ပြန်ဖြစ်တယ်… လွတ်လပ်ခြင်းသီချင်း အတူဆိုညည်းချင်လှတယ်…
(btw… ကေ့ပို့ စ်မှာ ကိုပီတိပုံရေးပြထားတော့ ဒီမနက် ခေါင်းတွေပူအောင် စဉ်းစားကြည့်နေတာ… ကိုယ့်အသိထဲကများလားလို့ )
အမတန်ခုး... ကျေးဇူးတင်ပါတယ်...
အသိထဲက ဖြစ်နိုင်တာပဲ.. စင်ကာပူကကျဉ်း မြန်မာတွေကများတော့လေ... ဘာပဲဖြစ်ဖြစ် ဒီမှာလည်း ခင်မိနေတာပဲ .. နော်
တွစ်တာက စတေးတပ်စ်တွေနဲ့ ဒီကဗျာလေးကို ဖတ်လိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တန်းမြင်ယောင်မိတာပဲ။ လွတ်လပ်ခြင်းသီချင်းတွေကို ဘယ်တော့များ အတူဆိုခွင့်ရကြမလဲလို့လည်း တွေးမိတယ်။ အားလုံး မျှော်လင့်နေတဲ့ အဲဒီအချိန်တွေ အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းပါတယ် ကိုပီတိရေ။
စန္ဒယားသံ သဲ့သဲ့
ကြားနေရတယ်
ပန်းလို နူးညံ့လှပတဲ့တေးသွားနဲ့
ဒါပေမယ့် သန်မာတဲ့ အားအင် အပြည့်ပါတယ်..
ဒီအပိုဒ်လေး ကြိုက်တယ်။ ပန်းလို နူးညံ့ပေမဲ့ သန်မာတဲ့ အင်အားရှိတဲ့ လွတ်လပ်ရေးသီချင်းကို အတူတူ ဆိုချင်လှပါပြီ။
ဒါနဲ့ ကေ့ကို ဘာတွေများ ကျွေး လွှတ်လိုက်သလဲ။ ပုဂံသားကြီး ချောကြောင်း ချီးမွမ်းနေလို့။ :)
ဆုတောင်းရင် တတ်နိုင်တာလေးတွေလုပ်ကြတာပါ့ ရွှေဂျမ်းရေ..
ဟုတ်တယ် အမချိုသင်း တေးသွားတွေချိုသာပေမယ့် အားအင်တွေပေးနိုင်တယ်လေ...
တကယ်တော့ မကေကို သေချာတောင် မကျွေးလိုက်နိုင်ဘူး သူ့ဘာသာ အမှန်တွေပြောနေတာပါ.. ဟားဟား... :P
ပေါကြည့်တာ
I hope it is not too long.
Just wait & see.
Please be ready to sing together.
I wish all the best and to do it justice.
Post a Comment