အမှောင်ကိုခွင်းတဲ့အလင်း
လမ်းမှန်ကိုမြင်စေခြင်းနဲ့
ကြောက်ရွံ့ခြင်းကိုကင်းစေခဲ့တယ်။
အခုတော့ အဲဒီအလင်းကို
ခပ်ရှုပ်ရှုပ် ကောင်တွေက
ဇွတ်အတင်းပဲ အမှောင်ချတော့မှာတဲ့...
အခုအချိန်
လိုရာဆုတောင်းရမယ်ဆို
ဘုရားသခင်ကိုယ်တိုင်ကြွလို့
ရှိသမျှတန်ခိုး အကုန်သုံးကာ
အားလုံးတတဲ့ လမင်းကို
ခပ်ရှင်းရှင်းပဲ လင်းခွင့်ပေးလိုက်စမ်းပါဗျာ...
လမ်းမှန်ကိုမြင်စေခြင်းနဲ့
ကြောက်ရွံ့ခြင်းကိုကင်းစေခဲ့တယ်။
အခုတော့ အဲဒီအလင်းကို
ခပ်ရှုပ်ရှုပ် ကောင်တွေက
ဇွတ်အတင်းပဲ အမှောင်ချတော့မှာတဲ့...
အခုအချိန်
လိုရာဆုတောင်းရမယ်ဆို
ဘုရားသခင်ကိုယ်တိုင်ကြွလို့
ရှိသမျှတန်ခိုး အကုန်သုံးကာ
အားလုံးတတဲ့ လမင်းကို
ခပ်ရှင်းရှင်းပဲ လင်းခွင့်ပေးလိုက်စမ်းပါဗျာ...
7 comments:
လငပုပ်ဖမ်းတုန်းမို့ ခဏတဖြုတ် မှောင်တာပါဗျာ။ လမင်းကတော့ မကြာခင် သာမြဲ သာဦးမှာပါ။
I wish all the best and TRUTH IN JUSTICE.
ကြောက်ရွံ့ခြင်းက ကင်းပါမှ
လွတ်လွတ်လပ်လပ် လင်းလိမ့်မယ်။
@Ko Paw: ဟုတ်ကဲ့ကိုပေါ အဲဒီလိုပဲ ဆုတောင်းနေမိပါတယ်။
@Khin: ဟုတ်တယ် အမ. အမှန်တရားဆိုတာ နောက်ဆုံးတော့ အနိုင်ရမယ်ဆိုတာကို ယုံကြည်နေဖို့ပဲလိုတယ်။
@အမချိုသင်း: ကျွန်တော်အပါအ၀င် လူအများ ကြောက်ရွံ့နေသေးလို့သာ အခုလိုဖြစ်နေတယ်လို့ ခံစားရပါတယ်။ အပြစ်ရှိတယ်လို့ ခံစားမိပြီး စိတ်မကောင်းပါဘူး...
ကိုပီတိရေ… တခါတခါ စဉ်းစားမိတယ်… ကိုယ်ကိုယ်တိုင်က လမင်းကို ဖုံးတဲ့တိမ်တိုက်တွေများလားလို့ …
ဟုတ်တယ် အမတန်ခူးရေ.. ကျွန်တော်တို့လို ပုဂံသားစိတ်ဓာတ် ပိုင်ရှင်တွေများလာလို့ဖြစ်မယ်...
နောက်မှ အဲဒီအကြောင်းကို ခပ်တိုတိုလေးရေးပါဦးမယ်။
ဒီကဗျာလေးတအားကြိုက်တယ်...
ရည်ရွယ်ချက်ရော...
ခံစားချက်ရော...
အဖွဲ့အနွဲ့ရော...
းဝ)
Post a Comment