Friday, July 3, 2009

ပီတိမျှဝေပါတယ်

ပညာရေးမို့ လက်မနှေးစေလို ဆိုပြီးတော့ ကုသိုလ်အဖွဲ့ရဲ့ ကျောင်းစရိတ်ထောက်ပံ့ရေး အစီအစဉ်ကို မျှဝေဖို့ ရေးခဲ့ပါတယ်။

အခု ကုသိုလ်အဖွဲ့ကိုလုပ်နေကြတဲ့ လုပ်အားအလှူရှင်တွေရဲ့ ကိုယ်စား ၀မ်းသာစကား ဖြန့်ဝေချင်လို့ပါ။

ဒီနေ့ပဲ အဲဒီအဖွဲ့မှာစာရင်းရှိတဲ့ ကျောင်းသားအားလုံးအတွက် ၂၀၀၉/၂၀၁၀ စာသင်နှစ် ကျောင်းစရိတ်ထောက်ပံ့ကြေးကို အလှူရှင်များ လက်မနှေးပဲ ၀ိုင်းဝန်းထည့်ဝင်ကြလို့ ရရှိသွားပါပြီ။

တစ်ယောက်တစ်ဆင့် လက်ဆင့်ကမ်းပြီး ပြောကြားပေးကြလို့ အလှူငွေမြန်မြန်ဆန်ဆန် ကောက်လို့ရပြီ့း ကျောင်းသားလေးတွေကို အချိန်မှီပို့ပေးနိုင်တာပါ။ နောက်ဆက်တွဲသတင်းကတော့ ကုသိုလ်အဖွဲ့က ကျောင်းစရိတ်ထောက်ပံ့တဲ့အလှူ အပြင် ကျူရှင်ခမတတ်နိုင်တဲ့ အထူးသဖြင့် အထက်တန်း ကျောင်းသူကျောင်းသားအများအတွက် အခမဲ့ကျူရှင်များကိုလည်း လုပ်ပေးနေပါတယ်။ တကယ်လို့ ကျောင်းသားတစ်ယောက်ချင်းစီအတွက် သီသန့်မဟုတ်ပဲ အဲလိုနေရာတွေမှာ လှူဒါန်းမယ်ဆိုလည်း ပါဝင်လှူနိုင်ပါသေးတယ်။

ကျွန်တော်တို့တတွေ ၀ါသနာပါရာ စာရေးစာဖတ်လုပ်နေရုံသာမက လိုအပ်တဲ့နေရာတွေမှာ ၀ိုင်းဝန်းပြီး ဖြည့်ဆည်းနေကြတာတွေ့ရတာလည်း ၀မ်းသာကြည်နူးစရာပါ။ အမတန်ခူးတို့၊ အမသက်ဝေတို့ဆို မနှစ်ကတည်းက လှူဒါန်းခဲ့တာ ကြားရတော့ ဘလော့ဂါတွေ စာရေးတာမှာ လက်သွက်တာမဟုတ် လှူတဲ့နေရာမှာပါ လက်သွက်နေတာပေါ့။ နောက်ပြီး မ၀ါဝါခိုင်မင်းတို့လို အဖွဲ့တွေကလည်း လိုအပ်တဲ့နေရာမှာ စုပေါင်းလှူဒါန်းနေတာ တွေ့ရတာလည်း ကြည်နှုးစရာပါပဲ။

အလှူရှင်တွေထဲမှာ ကျွန်တော်ရေးတဲ့ ပို့စ်ကိုဖတ်ပြီး ဆက်သွယ်လှူဒါန်းကြတာတွေရှိတယ်လို့ ကြားရတော့ ပိုပြီးတော့ ၀မ်းသာကြည်နူးမိတယ်။ တတ်နိုင်သလောက်ကလေး ကူညီခွင့်ရတာကို ပီတိဖြစ်မိနေပါတယ်။

အဲဒီပီတိကို မျှဝေချင်လို့ အခုလို ရေးလိုက်တာပါ...

[ ကျွန်တော်=ပီတိ ကိုတော့ မျှဝေလို့မရ ဒီအတိုင်းယူသွားပါ.. အဲ... ထားခဲ့ပါပြောတာ... :P ]

7 comments:

ရွာသားလေးဝိုင်တီယူ said...

ပီတီလာယူသွားပါတယ်။

မျှဝေပြီးမှ ပြန်ချခဲ့လုပ်လို့ရဘူး။ အိတ်ထဲထည့်သွားပြီ :P

ကိုလူထွေး said...

ပီတိကို ခွဲယူလို့ ရတာလား...

ငှားရတာလား...

းဝ)

ကောင်းကင်ပြာ said...

လာမျှဝေယူသွားပါတယ်

Moe Cho Thinn said...

သာဓု သာဓု သာဓု
ကြည်ကြည်နူးနူး ခေါ်သွားပါတယ်။

P.Ti said...

ကရွာသားလေး... အိတ်ဆို... အိင်္ကျီအိတ်ပဲလုပ်ပါနော်... ကျေးဇူး :D

ခွဲလို့မရပါ တွဲလျက်ဖြစ်နေလို့... ကျွန်တော် အငှားမလိုက်ဘူး ကလူထွေးရ.. :P

ကျေးဇူးပါ ကောင်းကင်ပြာ

အမချိုသင်း... ၀မ်းသာပါတယ်...

ရွှင်လန်းချမ်းမြေ့ကြပါစေ.. :)

သီဟသစ် said...

ကပီတိရေ

ပီတိတွေလာယူသွားပါတယ်ဗျာ
များများမျှဝေနိုင်ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

ပီတိ မျှဝေတဲ့ ပီတိတွေ လာယူသွားပါတယ်...
ကျေးဇူး အကြီးကြီးတင်ပါကြောင်း...

Ratings