Friday, August 14, 2009

တိရိစ္ဆာန်များကို အသေရေဖျက်ခြင်း

သားရေပေါ်အိပ် သားရေနားစားကာ...

ခွေးလိုကျင့်
မြေခွေးလို ကောက်ကျစ်
ဝံပုလွေလို စဉ်းလဲ
ဖြုတ်ဦးနှောက်နဲ့
မုန်ယိုဆင်လို တစောက်ကန်း...

ကုလားအုပ်လိုနေရာယူ
မိကျောင်းလို မာယာများ
ကြက်တူရွေးလို နှုတ်တိုက်ပြော
မြွေလို လျှာနှစ်ခွနဲ့
လင်းတမှိုင်မှိုင်ကာနေတဲ့...

ဘာသတ္တ၀ါလဲဆိုတာ
ပြောပြဖို့တောင် တော်တော်ခက်တယ်။

7 comments:

ရွှေဂျမ်း said...

ဘယ်လိုအကောင်လဲတော့ မပြောပြတတ်ဘူး ဒါပေမယ့် အစိမ်းရောင်မှန်းတောင် သိတယ် :P

sin dan lar said...

ကြိုက်သွားပြီ... ခေါင်းစဉ်ကအထိဆုံးပဲ :P

တန်ခူး said...

ဟုတ်ပ ကိုပီတိရေ… စင်စင်ပြောသလိုပဲ ခေါင်းစဉ်လေးက ထိလွန်းလို့  အရမ်းစိတ်ဝင်စားသွားတာ… အရမ်းကောင်းတဲ့ စိတ်ကူးလေးပါ…

သက်ဝေ said...

ထိထိမိမိ...
ရိုက်ချက် ပြင်းသည်...
(ဒါမျိုး များများရေးပါ...) :-P

ခင်မင်းဇော် said...

စိမ်းစိမ်းကောင်တွေကို .......
ဟုတ်လား.......
ဟိဟိ

Ma said...

ကဗျာလေးလဲဖတ်လို့ဆုံးရော.. ကိုယ့်မျက်စိထဲ ကွက်ကွက် ကွင်းကွင်းမြင်လာတာက...................

စကားမစပ်... တောင်လေးတော့ ဆုံးအောင်တက်ပါနော် :)

မေ့သမီး said...

အဲဒါဘာကောင်လဲဟင်။ ညီမကဝေးတယ်။ နည်းနည်း။ :D

Ratings