ဘာလို့ စာဆက်မရေးဖြစ်ပဲ ဖြစ်နေရသလိုဆိုရင်လား… အကြောင်းတစ်ခုကတော့ အလုပ်မှာ ရာထားချက်ပြည့်မှီအောင်လုပ်နေရလို့ အလုပ်များနေတာရော၊ စိတ်မအားပါ ဖြစ်နေလို့ပါ။ ကိုယ့်တိုင်းပြည်က သတင်းစာတွေထဲမှာလို ရာထားချက်ပြည့်မှီကျော်လွန်အောင် အပြောလေးနဲ့ အလုပ်လုပ်လို့ရရင်လည်း ကောင်းသားလို့တောင် တွေးမိလာတယ်။
နောက်တစ်ကြောင်းကတော့ ခရီးသွားမှတ်တမ်းအကြောင်းမပြီးသေးပဲ ကြားဖြတ်မတင်ရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ထားလိုက်မိတော့ ကိုယ်အကြောင်းနဲ့ကိုယ် ဒုက္ခနဲ့လှလှတွေ့နေလေရော။ ခရီးသွားမှတ်တမ်းလည်း မရေးဖြစ် စာတိုပေတိုလည်းမရေးဖြစ်ဖြစ်နေတော့တာပါပဲ။ တနေ့က တွေ့တဲ့ အသိတစ်ယောက်က စာဆက်မရေးသေးဘူးလား ဖတ်ဖို့စောင့်နေရတာ ကြာနေပြီဆိုတော့မှ ကိုယ်စာရေးတာ ကိုယ့်ခံစားချက်နဲ့ရေးနေပေမယ့် တကူးတကလာဖတ်ရတဲ့ သူတွေကို မလေးမစားလုပ်နေသလို ဖြစ်နေပြီးဆိုပြီး အားနာမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။
ဒီကြားထဲ သူငယ်ချင်းတစ်ယောက် ရန်ကုန်ကနေ ဒီကို အလည်လာတာကို အကြောင်းပြုပြီး သူငယ်ချင်းတွေနဲ့ ခဏစုံမိတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောတော့ ဘာကိုမှ စိတ်ထဲမှာထားစရာမရှိ စလိုက်နောက်လိုက်နဲ့ စိတ်ပင်ပန်းတာတွေလည်း သက်သာသွားတယ်။ ပြီးတော့ သူတို့ဆီကနေပြီး ကြားရတဲ့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နဲ့ ကိုယ်တိုင် ကြုံဖူး ကြားဖူးတဲ့ အဖြစ်အပျက်တွေအကြောင်းကို သတိရနေတုန်း ရေးထားမှ ဆိုပြီး တွေးလိုက်မိတယ်။ သတိထားမိတာက ဘာသာစကားကြောင့်ဖြစ်တဲ့ ဟာသတွေက ရီစရာအကောင်းဆုံးဖြစ်နေတာပါပဲ။ ဟိုအရင်တုန်းကလည်း ယမ်ဝမ်း ၊ ဝေါပုဝှေ့ကျန်ဝှါရီ ၊ တက်…တက်…တက် ဆိုပြီးတော့လည်း ဘာသာစကားနဲ့ ပတ်သက်တဲ့အကြောင်းတွေ ရေးဖူးပါသေးတယ်။
ရေးပြီးရင် သိပ်ပြီး သိမ်းထားလေ့မရှိပဲ ချက်ချင်းတင်လေ့ရှိတဲ့ အကျင့်ကြောင့် ခရီးသွားမှတ်တမ်းရေးနေတုန်း တခြားရေးမိတာလေးတွေ တင်မယ်ဆိုတာ ပြောရင်း…
အားလုံး……… မင်္ဂလာပါ…………
Thursday, December 3, 2009
မင်္ဂလာပါ...
Posted by
P.Ti
at
Thursday, December 03, 2009
Labels: Blog
Subscribe to:
Post Comments (Atom)
1 comment:
မင်္ဂလာဆောင်ပါ..အဲလေ.. မင်္ဂလာပါ။
Post a Comment