ကဗျာဆိုလို့ ရေးလိုက်ပြီလေ။
စကားအေးအေးပဲ ပြောနေသလိုလို…
တရားလေးလေးပဲ ဟောနေသလိုလို…
… ဒီလို ကာရန်မမိ လျှာမထိတဲ့
ငါ၏ ကဗျာ ရောက်လို့လာပြီ။
ရင်ဘတ်ကြီးကိုဖွင့် ခံစားချက်တွေခူးစား၊
ပန်းသီးအင်္ကျီစွပ်၊ ဂေါ်ဖီဘောင်းဘီဝတ်၊
ဒုက္ခဖိနပ်ကိုစီးကာ လမ်းထွက်လျှောက်တော့
ရှုံ့ချခြင်းဆူးခလုတ်တွေကြောင့် ဘောင်းဘီပြဲလို့
အရှက်တွေ စိမ်းဖန့်ဖန့်ဖြစ်သွားခဲ့တယ်။
အချစ်နဲ့ ထိတွေ့လိုက်ချိန်မှာ
စိတ်ညစ်ခြင်း တိမ်တွေ
မီးပြောင်းနဲ့မှုတ်လိုက်သလို ကင်းစင်သွားပေမယ့်
မင်းရဲ့ခံစားချက်တွေ ခရမ်းရောင်ရင့်ရင့်ဖြစ်နေခဲ့တာ ငါမသိခဲ့မိဘူး…
အခုတော့ ငါ့ရဲ့ဂစ်တာလေး ငိုနေပြီလေ။
ဒီလိုဒီလို ခပ်မိုက်မိုက်တွေး
ခပ်မိုက်မိုက်လေး ရေးလိုက်တော့
ငါရေးတာ ငါဖတ်ပြီး
တော်တော်လေး ခိုက်သွားမိတယ်။
အမေကဖတ်တော့
မင်းတို့ ခေတ်ကဗျာတွေ ကာရံမမိတာထားဦး
နားတောင်မလည်ပါဘူးကွယ်တဲ့…
ဆရာတင်မိုးကိုများ ပြလို့ရသေးရင်
ဆေးလိပ်မတို နေမညိုခင် မင်းကိုအရင် ရိုက်မိလိမ့်မယ် တဲ့။
ဒီကဗျာမျိုးစပ်မိတဲ့ ငါ
ခေတ်သစ်ဆရာအပေါင်းမှ ခဲမိုးများလောင်းတာ ခံနိုင်ဖို့
(သူများတွေတူးထားတဲ့) လိုဏ်ခေါင်းထဲမှာပဲနေတော့မယ်။
Sunday, January 10, 2010
ကဗျာ ဟဲ့ ကဗျာ
Posted by
P.Ti
at
Sunday, January 10, 2010
Labels: Blog, ဟိုရောက် ဒီရောက်
Subscribe to:
Post Comments (Atom)
14 comments:
"စကားအေးအေးပဲ ပြောနေသလိုလို…
တရားလေးလေးပဲ ဟောနေသလိုလို…
… ဒီလို ကာရန်မမိ လျှာမထိတဲ့
ငါ၏ ကဗျာ ရောက်လို့လာပြီ..."
မရေးတတ် ရေးတတ်နဲ့ တခါ တခါ ရေးမိပါတယ်...ကိုယ့်ကိုများ စောင်းပြောနေရော့သလားကွယ်...
အဟိ...
ကပီတိတဲ့... ဟေ့... ... ...း)
အင်းးးးးးး
ပီတိ တောင် ကဗျာတွေ ထွက်ကုန်ပြီ....
ပန်းသီးအင်္ကျီစွပ်၊ ဂေါ်ဖီဘောင်းဘီဝတ်၊
ဘယ်လိုလေးပါလိမ့်..
ဘယ်က လိုဏ်ခေါင်း ထဲ သွားနေမှာလဲ.. ဟင်းနော်..ဟင်း....
ကပီတိတဲ့... ဟေ့... ... ...း)
ကိုအောင်သာငယ်နောက်က ဝေလေလေ လိုက်တာ
ဟယ်....ပန်းသီးအင်္ကျီ...
ဂေါ်ဖီ ဘောင်းဘီ.....
စားချင်ထာ......:D
မောင်ပီတိလေး...ခင်လို့ စတာနော်....စိတ်ဆိုးရဘူး...:D
ကိုပီတိရေ… ဘာပဲဖြစ်ဖြစ် (မခင်မင်းဇော်စကားနဲ့ ပြောရရင်) ရင်ဘတ်တူသူတွေမို့  ကိုပီတိကဗျာလေးကို နှစ်ခြိုက်မိပါတယ်…
အမသက်ဝေ.. စောင်းမပြောပါဘူး .. ဟိဟိ.. အတည့်ကြီးလေ.. :P စတာ
ကအောင်သာငယ်... အဲလိုအော်လိုက်တာနဲ့ ပြေးပြီးသားပဲ...
ဟုတ်ပါ့ အမကေ... ဘယ်လိုလေးလဲဆို တစ်မျိုးလေးပေါ့...
ဆင်ဆင်... ပျဉ်မှနားရတဲ့နေရာနားလို့ထင်တာပဲ
မသီတာကပါ နောက်ကလိုက်ခြောက်တော့ ထွက်ပြေးရပြီပေါ့... :D
ဟင်.. အမချစ်ကြည်အေးက စားမယ်ဆိုတော့ အင်္ကျီတွေ ဘောင်းဘီတွေ မရှိတော့ပဲနေမှာပေါ့...
ဟားဟား စပါအမ ရပါတယ်.. စိတ်ဆိုးရင်လည်း မုန့်သာကျွေး.. ချက်ချင်းစိတ်ဆိုးပြေတယ်...
အမတန်ခူး ကြိုက်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။
ကဗျာဖတ်သွားပါတယ်ဗျာ
အရမ်းမော်ဒန်ဆန်ပြီး ဘာသာပြန်လို့ မရရင် ခေါင်းရှုပ်တာပဲ ။
ဒီကဗျာလေးကတော့ ရှင်းရှင်းဘွင်းဘွင်း ပါပဲဗျာ
ငှက်ပျောတုံးလေးပါယူထားနော်..... xxxxxx
ဆက်မပြောရဲပေါင် ကြောက်တယ်။
း)
ကိုပီတိရေ
ကပီတိ ဟဲ့ ကပီတိ
:) ဆိုတဲ့ ကဗျာလေး ဖတ်သွားပြီ
:P
ပီတိကဗျာက အမရေးတဲ့ ကဗျာထက်တော့ အများကြီးသာပါတယ်။
အမ ရေးတုန်းက လေးချိုးလို စပ်လိုက်တာ အဖေက မော်ဒန် လား သမီး တဲ့။ ခက်ကုန်ပါပေါ့.. ;D
မတတ်တတ်သယောင် လုပ်နေတဲ့ ကိုယ့်များပြောသလားမှတ်တယ်။:P ကောင်းတယ်ဗျို့ ကဗျာဟဲ့ ကဗျာ...
Post a Comment