Thursday, January 21, 2010

အိမ်

တနေ့က အိမ်အကြောင်းပြောမိတယ်။
ကောင်းတာတွေရော မကောင်းတာတွေရောပေါ့။

ဒါနဲ့ အိမ်ပြန်ဖို့ အချိန်မေးလိုက်မိတယ်။
ဝေးနေသေးပေမယ့် မဝေးတော့တဲ့အချိန်မှာ
ပေးဝေငှရမှာ ငါတို့တာဝန်ပဲလေ တဲ့။

ဆက်ပြီး အိမ်ပြောင်းဖို့ စိတ်ကူးမိလားမေးလိုက်မိတယ်။
အိမ်ဟောင်းကိုပစ် အိမ်သစ်ပြောင်းဖို့ စိတ်ကူးမရှိ
ဒါပေမယ့် အိမ်ဟောင်းကို ပြင်ခွင့်ရှိချင်တယ် တဲ့။

ဒါဖြင့် အိမ်ပြင်ရင် ဘယ်လောက်ကြာမလဲ မေးလိုက်မိတယ်။
သက်ပြင်း လေးလေးချ…
ဖြည်းဖြည်းနဲ့ မှန်မှန် ပြင်မယ်ဆိုရင်တောင် အနှစ်နှစ်ဆယ် တဲ့။

ဒီလိုဆို အိမ်ပြင်ဖို့ ဘယ်လို တွေးထားလဲ မေးလိုက်မိတယ်။
ခေါင်ပေါက်၊ အကာပြို၊ ခြစားနေတဲ့ အိမ်ယိုင်ကိုမတ်ဖို့
အရင်လုပ်ဖို့ရာက အိမ်သားတွေ လက်ညီစေဖို့ပဲ တဲ့။

ခင်ဗျားဗျာ နေဖို့မကောင်းတဲ့ အိမ်အိုအိမ်ဟောင်းကို ဘာဖြစ်လို့ မပစ်နိုင်တာလဲ မေးတော့။
ကောင်းတိုင်းပြောင်းရမယ်ဆို အဟောင်းတွေပုံနေမှာပေါ့…
ကောင်းကောင်း မကောင်းကောင်း
တကယ်တော့ အိမ်ကတော့အိမ်ပါပဲ တဲ့။

ရင်ကိုထိမှန် အတွေးထဲရောက်လာတဲ့ စာတကြောင်း
ကောင်းကောင်းမကောင်းကောင်း
အိမ်ကတော့ အိမ်ပါပဲ။


စိတ်ကူးပေါ်တဲ့အတိုင်းရေးလိုက်မိတာ ကဗျာဆိုတော့လည်း ကဗျာပေါ့။
စိတ်ဝင်စားရင် အရင်က အိမ်ကိုလွမ်းတဲ့အကြောင်း အင်္ဂလိပ်လို ရေးမိခဲ့ဖူးသေးတယ်။
http://english.pti31.com/2008/06/homesick.html

9 comments:

winpauk said...
This comment has been removed by the author.
ချစ်ကြည်အေး said...

Hmm...I felt something and missed somewhere after reading....
to where the home is....

ရွှေရတုမှတ်တမ်း said...

အိမ် မပြောနဲ့ အိမ်သာပြင်ဖို့တောင် ခွင့်ပြုချက်လိုသဗျ

Moe Cho Thinn said...

မောပန်းလို့ တမ်းတမိခဲ့.. အမေ့ရဲ့ အိမ် ကို..

Sint said...

"အိမ် မပြောနဲ့ အိမ်သာပြင်ဖို့တောင် ခွင့်ပြုချက်လိုသဗျ" Really?

မေ့သမီး said...

အကို အဲဒီအိမ်ရဲ့နေရာမှာမြန်မာပြည်လို့ မြင်ပြီးခံစားမိသွားတယ်။

khin oo may said...

ရင်ထဲရောက်လာတဲ့စာသားက ဟိုဘက်ခြံနဲ့ဒီဘက်ခြံယှဉ်ပြထားတဲ့ကဗျာဘဲ။

တန်ခူး said...

ကိုပီတိရေ… အမှန်ပါပဲ… ဘယ်လောက်ဟောင်းဟောင်း ကောင်းကောင်း မကောင်းကောင်း အိမ်ဆိုတာ အိမ်ပါပဲ… ထူးဆန်းတာက ဆယ်နှစ်ကျော်အနေကြာလာတဲ့ ဒီနေရာကို အိမ်လို့  ယနေ့ ထက်ထိ ခံစားလို့  မရသေးတာပဲ… အိမ်ပြန်ဖို့  အားတွေမွေးနေမိတာ နေ့ တိုင်းပါပဲ…

ပုံရိပ် / Pon Yate said...

အိမ်က အိမ်ပါပဲ။

Ratings